ဘယ်သူ့ကိုမှ မချစ်ဘူး
ငါက ဟန်ဆောင်ခဲ့တာ
ငါဟာ ငါကိုယ်တိုင်ဟန်ဆောင်ကောင်းလွန်းလို့
အကယ်ဒမီပေးခဲ့ရ
ဘယ်သူ့ကိုမှ မချစ်ဘူး
ငါဟာ သူမကိုချစ်ယောင်ဆောင်ခဲ့တာ
ငါကိုယ်တိုင်တောင် ချစ်ခြင်းတရားကို မသိဘူး
ဘယ်သူ့ကိုမှ မချစ်ခဲ့ဘူး
ဟုတ်တယ်
သူမလဲ ငါ့ကိုမချစ်ခဲ့ဘူး
သူမလဲ သူမကိုယ်တိုင်ဟန်ဆောင်ခဲ့တာ
အရေပြားတွေ ထူပိန်းနေအောင်ကို ဟန်ဆောင်ခဲ့တာ
အပီးသက်မှာ ဟန်ဆောင်ခြင်းသာ မောလျှလို့
ငါတို့တွေ လက်ပန်းကျအောင် ဟန်ဆောင်ပီး
မုန်းခဲ့ကြပြန်တယ်
ငါနင့်ကိုမုန်းတယ် မေနို ။ ။
မိုးဇက်