မျှော်လင့်ခြင်းအနံ့အသက်တွေ
စွန်းထင်းနေတဲ့ ဒီလမ်းလေးမှာ
ချိန်းဆိုထားတဲ့ /၁၂/နာရီ
သူမအလာကို သူစောင့်မျှော်ခဲ့တယ်။
ဟုတ်တယ် သူ့အပေါ်ယုံကြည်ကိုးစား
ကြင်နာလွန်းလှတဲ့ သူမ လာကို လာမှာပါ ။
ဘယ်အချိန်ဆုံမယ်မှန်းမသိတဲ့ ဆုံမှတ်ကို
ယုံကြည်ချက်ဆိုတဲ့ ကျောထောက်နောက်ခံနဲ့
အတ္တဆန်စွာ သူကလည်းစောင့်မျှော်ခဲ့တယ်။
အလယ်
ဒီလိုနှင့်ပဲ ဒီလမ်းလေးမှာ
အရင်သုံးနှစ်လောက်ကပုံရိပ်တွေကို တူးဖော်နေတယ်။
သူရဲ့အတွေးထဲမှာ သူမရဲ့ပုံရိပ်တွေ
အပီအပြင်ကြီးကို ဖြတ်လျှောက်နေတာများ
ဖုန်းတထောင်းထောင်းထလို့ ။
အမှန်ဆို အရင်ကနွေးထွေးမှုကို တမ်းတတာမဟုတ်ဘူး
သံသရာခရီးတလျှောက် အမြှီးအမောက်တည့်စွာ
အမြဲတမ်း မခွဲတမ်းသွားချင်တာ ။
ဒီလိုနှင့်ပဲ
အချိန်ရဲ့လက်တံတွေ စီးမျောသွားတာများ ခြေသံလုံလှပါဘိ.........
သူတို့နှစ်ယောက်ကို စီးခံကာထား ကမ္ဘာခြားစေတဲ့
အတ္တလွှာ ပါးပါးအားခုတ်ထွင်ဖယ်ရှား
သူ့ရင်ခွင်ကြားသို့သူမလာမှာပါ ။
ဒီလိုပါပဲ သူကတော့မျှော်လင့်ချက်ကို
ယုံကြည်မှုခပ်များများနှင့် ရောသောက်နေရတယ် ။
ယုံကြည်ချက်နှင့် ရှင်သန်နေရတဲ့
အဲဒီကောင်လေးရဲ့ စိတ်အစဉ်ဟာ
ကြာလာတော့လည်း ယုံကြည်မှုကို ခိုင်မာလာအောင်
ယုံကြည်စွာတည်ဆောက်ရတာ ပင်ပန်းလွန်းလှချည့် ။
အဆုံး
ဒါပေမဲ့လည်း.............အင်း
ဒီလိုနှင့်ပဲ............................
သူရဲ့ဘူတာလေးကို သူမမောင်းနှင်လာတဲ့
ရထားအမှတ် /၁၅၀၀/
မဆိုက်ရောက်ခဲ့ဘူး ။
မိုးဇက်
Post a Comment