ဒီတဂ်ပို့ကို
ကိုသက်တန့်ကနေစပီး ၅၀၀၀ တန်ဖုန်းပေါ် ကျွန်တော်တို့ဘလော့ဂါများရဲ့ ရင်ခုန်သံကို မေးခွန်းလေးတွေနှင့်
ချပီးဖော်ထုတ်ဖို့ လမ်းစချပေးခဲ့ပါတယ် ။
ကျွန်တော်တို့ကလဲဒီအကြောင်းကိုအာရုံညွတ်နေတဲ့
အချိန်ဆိုတော့ ဖိုးကျိုင်းတုတ် ဖြစ်သွားတာပေါ့ဗျာ ။ ကိုသက်တန့်ကနေမှတဆင့် အိမ်ဂျယ်လှိုင်ကနေ
ကျွန်တော့ကို လက်ဆင့်ကမ်း လိုက်တဲ့တဂ်ပေါ့ဗျာ ။ ကျွန်တော်က စာရေးမတတ်တာလဲပါတယ် ။ ပျင်းတာလဲပါတယ်
။ ဒါကြောင့် အရင်ဘော်ဒါတွေတဂ်ထားတဲ့ တဂ်ပို့တွေမရေးဖြစ်ခဲ့တာ ၊ ခုတော့ကျွန်တော်ကိုယ်တိုင်၌က
ဒီကိစ္စနှင့်ပတ်သက်ပီး ပြောချင်လွန်းလို့ တီကောင်စားနှင့်ပတ်သက်ခံရသလိုကို စပ်တတ်စပ်တတ်
ဖြစ်နေတာ ။
ဆက်သွယ်ရေး
၊ စီးပွားရေး ၊ ပညာရေးဟာ နိုင်ငံတစ်နိုင်ငံမှာ တိုးတတ်ဖို့အတွက် အခြေခံကြတဲ့ အချက်တွေမို့လားဗျာ
။ ခုကျွန်တော်တို့နိုင်ငံမှာ ခုချိန်ထိ ဈေးကွက်စီးပွားရေး မဖြစ်တည်နိုင်သေးဘူး ၊ ခုချိန်ထိ
ဘွဲ့လက်မှတ်တွေက ဧည့်ခန်းအလှချိတ်မှန်ဘောင်ကွတ်ထဲက မထွက်နိုင်သေးဘူး ၊ ခုချိန်ထိ
Proxy တွေအထပ်ထပ်နှင့် လုံးထွေးနေဆဲရှိတဲ့ ဆက်သွယ်ရေး ။ ကဲသိပ်ကို တိုးတတ်နေတဲ့ ၊ ကမ္ဘာကိုရင်ဘောင်တန်းနေတဲ့
ဗမာပြည်ရဲ့တိုးတက်နေမှုက ခင်ဗျားတို့ “တောက်” မခေါက်နှင့် လျှာခေါက်သွားတာပဲအဖက်တင်မယ်
……..
ဟော လွန်လေပီးသော
အခါက ၅၀၀၀၀၀ (ငါးသိန်းတန် ) ဆင်းကဒ်တွေ ထွက်လာတော့ …. မိုးဇက်တို့ ပြည်သူတွေ ဆက်သွယ်ရေးတော့
အခြေအနေဦးမော့လာပီဟ လို့ ဝမ်းသာအဲလဲဖြစ်ခဲ့ကြတယ် ၊ ဖြစ်တယ် ။ လူဦးရေသုံးပုံပုံ တစ်ပုံဖုန်းကိုင်နိုင်လာတယ်
။ ဟုတ်ပီ ……. ရောင်နီတော့သန်းပဟ ။ အဲနောက်မှာ ပြသနာက သိတဲ့အတိုင်းကပ်ပါလာတယ် ။ မစ်ကော(Missed Call)
ကိစ္စ ၊ ခေါ်ဖုန်း ကိုင်တဲ့ကိစ္စ ၊ ခေါ်ဖုန်းမကိုင်ရင် ဘလာချီပေးလိုက်ရတဲ့ ကိစ္စ ။ ဒါတော့ ပြုပြင်ဆဲ ၊ ပြုလုပ်ဆဲ အနေအထားမှာ ဖြစ်တတ်ပါတယ်ပေါ့
ထားတော့ ။
လာပီဗျာ ဟောဒီက
၅၀၀၀ တန်ဆင်းကဒ်တွေ ၊ ရွေပြည်တံခွန် ကုမ္မဏီကနေ ချပေးမယ်ဆိုပီး စီစဉ်လိုက်တယ် ။ ဟောလာပီဗျာ
ဒီမိုကရေစီရပေမယ့် မပေးသေးတဲ့ ဒီမိုCrazy သမားများရဲ့ အမှောင့်ပယောဂ ဝင်ရောက်မှုကြောင့်
အစီအစဉ်ပျက်သွားပါတယ် ။ ကဲလာပီဗျာ …….. အသင်းသဲ့သဲ့ကြားကတဲက ဝမ်းသာခဲ့တဲ့ပြည်သူတွေရဲ့လစ်လျှူရှုခံရတဲ့မျှော်လင့်ချက်ကြောင့်
ထွက်လာတဲ့စကားသံတွေ ……. ဟိုတစ်စ ဒီတစ်စ ။ အံမယ် …… ဒီလိုလေး ကိုယ့်လိုအပ်မှုကို ကိုယ်ဖော်ထုတ်ပြသတာတောင်
မြို့နယ်အုပ်ချုပ်ရေးမှုးထိ ခေါ်တွေ့ခံရတယ် ( အမှန်က ဖမ်းဆီးဖို့ ခေါ်တွေ့တာပါ ) ။ ဒီမှာ
“ အခြေခံဥပဒေထဲမှာ အခန်း (၈) ပုဒ်မ ၃၅၄က နိုင်ငံသားပိုင်ခွင့်အရ ကျွန်တော်တို့ လုပ်တာ ။ လွတ်လပ်စွာ စည်းရုံးခွင့်တို့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်တို့ ရေးပေးထားတာ အခု ဘာကြောင့် အခြေခံ ဥပဒေကို ခင်ဗျားတို့ ဖောက်ဖျက်နေသလဲ ” လို့ ပြန်မေးတော့မှ သူတို့တောင်မသိတဲ့ ပုဒ်မတွေကိုသိနေတော့ ကျွတ်ပီး ပြန်လွတ်လိုက်တယ်း) ။ဒီတော့ ဒီ ၅၀၀၀တန် ဆင်းကဒ်အပေါ် ပြည်သူတွေတင် အသံထွက်နေတာမဟုတ်ပါဘူး ။ ပြည်သူတွေထဲက ပြည်သူတွေဖြစ်တဲ့ ကျွန်တော်တို့ဘလော့ဂါတွေလဲ အသံတွေထွက်ကြည့်မယ်..........
ကျွန်တော် မိုးဇက်ရဲ့ အသံကတော့
၁ ။ ယခု ဆက်သွယ်ရေးက
ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။
ဒါကတော့ဗျာ ……. ခပ်လွယ်လွယ်ပဲတွေးကြည့် ၊ နွားခြေရာခွက်ထဲမှာတင် ခြေထောက်ဆန့်ကြည့် ၊ ဘေးဘောင်တွေနှင့် မလွတ်သေးဘူး ၊ ကျဉ်းသေးတယ် ။
ဒါကတော့ဗျာ ……. ခပ်လွယ်လွယ်ပဲတွေးကြည့် ၊ နွားခြေရာခွက်ထဲမှာတင် ခြေထောက်ဆန့်ကြည့် ၊ ဘေးဘောင်တွေနှင့် မလွတ်သေးဘူး ၊ ကျဉ်းသေးတယ် ။
၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့
စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။
ကိုယ့်လိုအပ်မှု အကောင်အထည်ပေါ်ဖို့ ကိုယ့်ဆန္ဒကိုဖော်ထုတ်တာ ဥပဒေဘောင်ထဲကပဲ မတရားတာမရှိ
ကိုယ့်လိုအပ်မှု အကောင်အထည်ပေါ်ဖို့ ကိုယ့်ဆန္ဒကိုဖော်ထုတ်တာ ဥပဒေဘောင်ထဲကပဲ မတရားတာမရှိ
(အခြေခံဥပဒေ
- အခန်း (၈) ပုဒ်မ ၃၅၄ ၊ နိုင်ငံသားတိုင်း လွတ်လပ်စွာ စည်းရုံးခွင့် ၊ လွတ်လပ်စွာ
ဆန္ဒဖော်ထုတ်ခွင့်ရှိသည် )
၃ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့
စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ ။
ဒါဟာ နိုင်ငံမှာ တာဝန်အရှိဆုံးပုဂ္ဂိုလ်သို့တိုက်ရိုက်တင်ပြတောင်းခံတာ ……… နည်းလမ်းအမှန်
ဒါဟာ နိုင်ငံမှာ တာဝန်အရှိဆုံးပုဂ္ဂိုလ်သို့တိုက်ရိုက်တင်ပြတောင်းခံတာ ……… နည်းလမ်းအမှန်
၎ ။ ငါးထောင်တန်
ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။
လောလောဆယ် ကျွန်တော်တို့ ဗမာနိုင်ငံအနေအထားနှင့် ဆက်သွယ်ရေးကောင်းမွန်လာစေဖို့ ပထမဆုံးခြေလှမ်းတွေအဖြစ် ကြိုဆိုပါတယ် ။
လောလောဆယ် ကျွန်တော်တို့ ဗမာနိုင်ငံအနေအထားနှင့် ဆက်သွယ်ရေးကောင်းမွန်လာစေဖို့ ပထမဆုံးခြေလှမ်းတွေအဖြစ် ကြိုဆိုပါတယ် ။
၅ ။ ငါးထောင်တန်
ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။
အင်း…… ကျွန်တော်က လေးဘက်လေးတန် အလုံပိတ်အခန်းကျင်းထဲမှာ ရှင်သန်ခဲ့ရတော့ ၊ အမှားအမှန်ကို ခုချိန်ထိ မခွဲခြားနိုင်ဘူး ။ ဒီလိုခွဲခြားဖို့ကလဲ သတင်းအချက်အလက်တွေ ကျွန်တော့်ဆီ မစီးခဲ့လို့ပဲ ။ ဒီတော့ အမှန်တရားကို သိမြင်ဖို့ သတင်းအချက်အလက်တွေကောင်းကောင်းစီးဆင်းနေတဲ့ ဆက်သွယ်ရေးတစ်ခုကို ကျွန်တော် ငတ်မွတ်နေတယ် ။ ကျွန်တော် ကြိုဆိုတယ် …….. ၊ ဟုတ်တယ် ကောင်းမွန်တဲ့ဆက်သွယ်ရေး ၊ အမှန်တရားကို အမှန်တရားအတိုင်း ချက်ခြင်းသိနိုင်ဖို့အရေး ရဲ့ ပထမဆုံးခြေလှမ်းတွေအဖြစ် ကျွန်တော် ၊ ကျွန်တော်တို့ အရမ်းလိုအပ်နေပါတယ် ၊
အင်း…… ကျွန်တော်က လေးဘက်လေးတန် အလုံပိတ်အခန်းကျင်းထဲမှာ ရှင်သန်ခဲ့ရတော့ ၊ အမှားအမှန်ကို ခုချိန်ထိ မခွဲခြားနိုင်ဘူး ။ ဒီလိုခွဲခြားဖို့ကလဲ သတင်းအချက်အလက်တွေ ကျွန်တော့်ဆီ မစီးခဲ့လို့ပဲ ။ ဒီတော့ အမှန်တရားကို သိမြင်ဖို့ သတင်းအချက်အလက်တွေကောင်းကောင်းစီးဆင်းနေတဲ့ ဆက်သွယ်ရေးတစ်ခုကို ကျွန်တော် ငတ်မွတ်နေတယ် ။ ကျွန်တော် ကြိုဆိုတယ် …….. ၊ ဟုတ်တယ် ကောင်းမွန်တဲ့ဆက်သွယ်ရေး ၊ အမှန်တရားကို အမှန်တရားအတိုင်း ချက်ခြင်းသိနိုင်ဖို့အရေး ရဲ့ ပထမဆုံးခြေလှမ်းတွေအဖြစ် ကျွန်တော် ၊ ကျွန်တော်တို့ အရမ်းလိုအပ်နေပါတယ် ၊
နောက်ဆုံးအနေနှင့် ကျွန်တော်မိုးဇက် ဒီပို့ကို ပြန်တဂ်ပါတယ် ။
အပျိုကြီး မိစံ ၊ မမ ကန်ဒီ ၊ မောင်တလုံး(စွယ်စုံကျမ်း ) ၊ လိုင်းပေါ်တွေ့တိုင်း ကျွန်တော် အမြဲစတာ ခံရတဲ့ ငလွမ်း (လွမ်းပိုင်ရှင် ) ၊ ကိုရင် ၊ မမ လမင်းငယ် ( ဝါ ) ချစ်စံအိမ် ၊ ညီလေးငယ် ချောကလုခေါ် ချောကလက်ကျူးပစ်လေး ၊ တစ်ချက်တစ်ချက်မှ ပေါ်လာတတ်တဲ့ ကိုတူး ၊ မိန်းမရပီး နပ်နေတဲ့ ကိုဒု ခေါ် ကိုဒုတိယလူ ၊ ကိုအိပ်ရာ ၊ ကိုကိုမောင် ( သူကြီးမင်း ) ၊ ကိုမိုးယံ ၊ ကျွန်တော်နှင့်ဆိုက်တူ ဂိုက်တူ ဗညားရှိန် ၊ ခုချိန်ထိ ငြိမ်နေတဲ့ မမ နက်သမီး ၊ ကို AH ( အောင်ထွဋ် ) ၊ သိင်္ဂါကျော် ၊ မန်းလေးသားလေး ကိုကိုးအိမ် ၊ ကဲ .......... တဂ်ပို့လေးကို ရေးပေးကြပါအုံး ဘော်ဒါဘော်ကျွတ်တို့ ခင်ဗျား ..............း)
မိုးဇက်
ရေဆိုးတော့လဲ ရေးရတာပေါ့ကွယ်..ငှဲငှဲငှဲ
ဧကာနတော့..
စတစ်ကာတွေလိုက်လိုက်ကပ်နေတာ
ဘလော့ဂါမိုးဇက်ပဲဖြစ်ရမယ်း))
အိမ်း.. မောင်လေးပိုစ့်ကို မမဖတ်သွားတယ် သိလား။ လက်ခံပါတယ် :D
မိုးဇက်တို့များဘယ်အချိန်ထဲကပေါက်ကွဲချင်နေလဲမသိပါ့
ပြောသွားလိုက်တာများ အမှန်တွေကြီးပဲ....
အမြင်တွေတွေဖတ်ခဲ့ကြောင်း............
ဟတ်ထိတယ် ဟတ်ထိတယ်ဟေ့း)
မပြောချင်လို့ ကြည့်နေတာ ကြာပြီ ...ဆိုတဲ့အတိုင်းပဲ..
မိုးဇက်တို့ကတော့...:):)
မိုးဇက်ရေ..ရေးပေးတဲ့အတွက်.ကျေးဇူးပါလို့...
ဇက်ကြောတွေတဂ်နေတယ်အေ..
တဂ်စာတွေစားရတာ...း)
စတာပါ..
တနင်္ဂနွေနေ့ကျရင် ရေးပေးမယ် ဟုတ်ပြီလား..း)
လူဆိုး သူများကို အကြွေးများအောင်လုပ်တယ်။ :P ဟီး နောက်တာ။ ရေးမယ်ဗျာ။ သတိတရ Tag ပေးလို့ ကျေးဇူးဗျာ ကိုမိုးဇက်။