ချစ်ခြင်းတရားဟာ
ဘ၀သမားရဲ့လက်ထဲမှာတော့
အာမခံမရှိတဲ့
ထီပေါက်စဉ်ကိုင်ထားရသလို...........
ယုံကြည်မှုက
ယုံကြည်မှုကို ဖွင့်ဖွင့်သောက်နေရ
မျှော်လင့်ချက်သာမျိုးစေ့တစ်ခုဆိုရင်
ကိုင်းလက်
ဖူးပွင့်တွေ လွန်လို့
မျိုသိပ်ခြင်းတွေသာ
တနင့်တပိုးထမ်းပိုးရင်း
ဖြူစင်လွန်းတဲ့နှင်းရဲ့ပွင့်ဖတ်တို့
တို့ထိမဲ့
တစ်ခါတစ်လေတော့လဲ
ဗလာပဲရှိတဲ့ဒီစာရွတ်က
ဒီနှင်းအတွက်
ဝတ္ထုရှည်တပုဒ်ဖြစ်ခြင်တာ
ရီ(ရည်)စရာတော့အကောင်း
။
ချစ်ခြင်းတရားတွေတစ်ခါတစ်ခါ
နုပျိုတတ်လာတော့လည်း
ဒီနှင်းကိုထာဝရပိုင်ဆိုင်ချင်ပြန်ရော
။
ဒီကောင့်မှာက
ကံကြမ္မာက
ကျီစားလိုက်
ဟောဒီကောင်က
အရွဲ့တိုက်လိုက်
ဒီဘ၀စာမျက်နှာပေါ်မှာ
အနေအထားမှန်ဖို့လိုက်ထိမ်းလိုက်
ဒီနှင်းစက်တွေကို
မ၀ံ့ မရဲငံ့လင့်လိုက်နဲ့
မောတယ်နှင်းရယ်
ဒီကောင့်ရင်ဘက်ပေါ်သာပိုးစိုးပက်စက်
ရွာချလိုက်တော့
။ ။
မိုးဇက်
ကဗျာလေးခံစားဖတ်ခဲ့ပါတယ်မိုးဇက်ရေ
ခင်တဲ့ sis jasmine
ဘယ်ကနှင်းလဲ ဟွန့်
ပြောစမ်း မှန်မှန်..:P
မျှော်လင့်ချက်စိတ်ကူးလေးဖတ်သွားတယ် မိုးဇက်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မိုက်တယ် ခိုက်တယ် :D
ခံစားသွားတယ် အစ်ကိုရေ။ ကောင်းတယ်ဗျာ။