မိုးတွေသိပ်သိပ်သည်းသည်းကျတဲ့ညတွေတိုင်း
မင်းအကြောင်းတွေးမိတယ်
မေနို
ရောက်လာတဲ့အိမ်မက်ထဲမှာ
ဖြူလွလွနှင်းဆီသဏ္ဍာန်
လေပြေနှင့်အတူ
လွင့်လာပီး
အဲဒီလေပြေနှင့်အလိုက်သင့်မျှောပါသွားတာ……
ဟိုးအဝေးကြီးကို
( ငါ့ကိုတောင် မနှုတ်ဆက်ဘူး )
နင်ထားခဲ့ရစ်တဲ့
အလင်းမဲ့ငါ့ဘဝ
အဆုံးသက်ချိန်ရောက်သိတိုင်
နင်ဟာ ငါမခူးရက်ခဲ့တဲ့
နှင်းဆီဖြူ ။ ။
မိုးဇက်
နင်ဟာ ငါမခူးရက်ခဲ့တဲ့ နှင်းဆီဖြူ ။
ရိုးရိုးလေးနဲ့လှတဲ့ ကဗျာလေးဗျာ။ နှလုံးသားနဲ့ ခံစားသွားတယ် အစ်ကိုရေ။
မခူးရက်တဲ့ နှင်းဆီဖြူတဲ့လား
ကဗျာလေးကောင်းပါ၏
မခူးရက်ရင်သူများခူးသွားမယ်နော်
သတိ ၀စေတနာနဲ့ပြောတာ:P
ကောင်းတယ်..နှင်းဆီဖြူ....
ကဗျာလေးကကောင်း၏
သို့သော်ပန်းကိုခူးပြီးဘုရားလှုလိုက်သည်း))
ခင်မင်လျှက်
မဒိုးကန်