အုံးအုံး မြည်သံ ၊ ဒုံးဒုံး ကွဲသံ
ဖုန်းဖုန်း ခေါ်သံ ၊ တုံးခနဲ လဲသံ
တဗြုံးဗြုံး ထုရိုက်သံ ၊ ကတုံးကို ပြန်တုံးသံ
ရူးနှမ်းသူရဲ့ ရူးရူးသွပ်သွပ်အော်သံ
အမုန်းစံစံ ခါးခါးသီးမုန်းတီးတဲ့အသံ
လွှတုံးတုံးနှင့် နှလုံးသားကို
တဗြစ်ဗြစ် ကျိတ်လှီးသံ
ခတ်ခတ်လက်လက် ပျက်ထွက်သံတွေ
ဖျက်ဖျက်လက်လက် ညည်းတွားသံတွေ
ပက်ပက်ဆက်ဆက်သေဆုံးသွားတဲ့ အသက်ရှုသံတွေ
တောင့်တောင့်ဖြောင့်ဖြောင့် နာကျင်မှုတွေ
မိုးလင်းမိုးချုပ် ခပ်သုတ်သုတ်ရွေ့လျှားသွားတဲ့ တဏှာတွေ
ပါးပါးလျှလျှ အငွေ့ပျံသွားတဲ့ အထိမ်းအမှတ်ကျောက်တိုင်တွေ
အဲဒီအထဲမှာမှ
အနေမတတ် အထိုင်မတတ်တဲ့ စုန်းပြူးတစ်ကောင်ရဲ့
သုညဖြစ်သွားတဲ့ ရာဇဝင်အကြောင်းစာတမ်းပြုထားတယ် .........။ ။
မိုးဇက်
ကဗျာလေးလာရောက်ခံစားသွားပါတယ်..
ဖြစ်လိုက်ရင်အသဲအသန်နဲ့
အနေမတတ် အထိုင်မတတ်တဲ့ စုန်းပြူးတစ်ကောင်ရဲ့
သုညဖြစ်သွားတဲ့ ရာဇဝင်အကြောင်းစာတမ်းပြုထားတယ် .........။ ။
အဲကောင်းတွေ့ လို့ကတော့ ဟွန့်
အနေအထိုင်မတတ်တဲ့ စုန်းပြူးတော့မသိဘူး.. အနေအထိုင်မတတ်တဲ့ကြယ်ကတော့ ရူးသွားရှာတယ်.. ဟီး နောက်တာပါ..
" တောင့်တောင့်ဖြောင့်ဖြောင့် နာကျင်မှုတွေ" ဆိုတာ ဘာကြီးတုန်းဗျ။ ဖတ်ရင်းတောင် ကြောက်လာပြီ။ :P ဟီးနောက်တာ။ ကောင်းတယ်ဗျာ။ "မိုးလင်းမိုးချုပ် ခပ်သုတ်သုတ်ရွေ့လျှားသွားတဲ့ တဏှာတွေ
ပါးပါးလျှလျှ အငွေ့ပျံသွားတဲ့ အထိမ်းအမှတ်ကျောက်တိုင်တွေ" လို့သုံးထားတာလေးကို တော်တော်ကြိုက်တယ်။
အမလေး.ဖတ်၇င်းနဲ့လန့်သွားတာပဲ
အနေမတတ်အထိုင်မတတ်....လက်ကလည်းေ၇းတတ်လိုက်တာ
မိုးဇက် ကလေ