တဆိတ်လောက်ပြောကြပါ
ပျောက်ဆုံးသွားတဲ့ ရင်ခုန်သံ
ဘယ်နားမှာ ခုန်ထွက်သွားလဲ................?
တဆိတ်လောက်ပြောကြပါ
ပျက်စီးသွားတဲ့ သိက္ခာတရားတစ်ခု
ဘယ်လို ဆည်တုပ်ထားရမလဲဆိုတာ .....................?
တဆိတ်လောက်ပြောကြပါ
နာကျင်ခံစားမှုတစ်ခုကို ဘယ်လို
ဖြေဆေးတွေက ပပျောက်စေသလဲဆိုတာ .......................?
တဆိတ်လောက်ပြောကြပါ
ခွင့်လွတ်ခြင်းမှာ ဘယ်လိုဆိုးဆေးတွေနှင့်
ဖြူစဉ်အောင်လုပ်ရမလဲဆိုတာ ..........................?
တဆိတ်လောက်ပြောကြပါ
ငါဆိုတဲ့ အတ္တတစ်ခုနှင့်
သူမရဲ့ အထူးပြုမာနတစ်ခုတို့
အချိုးကျသလားလို့.........................?
မိုးဇက်
ဒါငက အစလား အဆုံးလား အလည်လား
ဖတ်တော့ဖတ်ခဲ့တယ်.
ဆိတ်...တွေများနေတော့ ဘယ်တခုကိုဆိတ်၇မယ်မသိတယ်
“တဆိတ်လောက်ပြောကြပါ
ခွင့်လွတ်ခြင်းမှာ ဘယ်လိုဆိုးဆေးတွေနှင့်
ဖြူစဉ်အောင်လုပ်ရမလဲဆိုတာ ..........................?” ...
ဖြူစင်လာအောင် ဆိုးဆေးသုံးလို့ ခွင့်လွှတ်နိုင်ပါ့မလားရှင် ... :)
ခွင့်လွတ်လို့မရနိုင်တဲ့အရာကို ပုံမှန်အဖြူထည်လေးအတိုင်း ပြန်ဖြစ်ချင်လို့ ကိုယ်က ဆိုးဆေးသုံးချင်တာပါ