အလွမ်းကိုထုဆစ်ဖို့များ
ချစ်ခဲ့မိသလားလို့ ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ခဲ့
အနမ်းတစ်ပွင့်လောက်တောင် ချွေခွင့်မရှိတဲ့
မှုံမှိုင်းမှိုင်းကောင် ။ ။
ငါ့ကိုယ်ငါ မိုးမချုပ်မှီ
သူမရဲ့ ခြုံလွာတစ်ခုကို ဖမ်းဆုပ်လိုက်တယ်
ငါတို့နှစ်ယောက်ဟာ မျဉ်းပြိုင် ............
ကံကြမာရယ် နက္ခက်ရယ်ခလောက်စံနေတဲ့အချိန်
နင်သန်ရာ အတွေးတွေနှင့်
ငါ့လိုပဲညတိုင်းအိပ်မရဖြစ်နေပီလား မေနို
အလွမ်းရဲ့တစ်ဖက်ကမ်းမှာ နင်ရှိတယ်ဆိုတဲ့အာရုံနှင့်
ရှင်သန်နေရတာ မောဟိုက်လှတယ် မေနို
ကြယ်ပွင့်တွေ ထိခပ်သလိုမျိုး
အလင်းတွေပြာလဲ့သွားအောင်
ငါတို့နှစ်ယောက် ထိတွေ့ကြမယ် ။ ။
မိုးဇက်
ကြယ်ပွင့်တွေ ထိခပ်သလိုမျိုး
အလင်းတွေပြာလဲ့သွားအောင်
ငါတို့နှစ်ယောက် ထိတွေ့ကြမယ်..
အိပ်မက်ထဲမှာ များလား.. :)
လက်စွမ်းထက်နေပါ့လား ။
ကံကြမာရယ် နက္ခက်ရယ်ခလောက်စံနေတဲ့အချိန်
နင်သန်ရာ အတွေးတွေနှင့်
ငါ့လိုပဲညတိုင်းအိပ်မရဖြစ်နေပီလား မေနို
လာရောက်အားပေးသွားတယ်။
အလွမ်းကိုထုဆစ်ဖို့များ
ချစ်ခဲ့မိသလားလို့ ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ခဲ့
အနမ်းတစ်ပွင့်လောက်တောင် ချွေခွင့်မရှိတဲ့
မှုံမှိုင်းမှိုင်းကောင် ။ ။
မိုက်နေပါလား ဆရာသမားရေ...:)))
အလွမ်းကိုထုဆစ်ဖို့များ
ချစ်ခဲ့မိသလားလို့ ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ခဲ့
အဲ့လိုမျိုး မရေးတတ်ဘူး ရေးကြည့်ဖို့  ကြိုးစားတာ တစ်ခါမှ မအောင်မြင်ဖူးဘူးဗျာ။ ပိုစ့်မှာ လာအားပေးသွားတာ ကျေးဇူးပါလို့ ခင်ဗျာ။
ခင်မင်စွာဖြင့်
ကဗျာ လာဖတ်ဖြစ်တယ် ...
အိပ်လို့လား....မရဘူးဟေ့...ကော်ဖီ၂ခွက်ဆင့်သောက်မိ
လို့ဟ....:))))
ဘယ်နေရာဘယ်အချိန်မှာမှ ဆုံနိုင်မယ်မှန်း မသိတဲ့ ငါတို့နှစ်ယောက်ဟာ မျဉ်းပြိုင် ... :)
ဟိုင်းရှယ်..လန်းတယ်ကွယ်..ဘာတဲ့..
ကြယ်ပွင့်တွေ ထိခပ်သလိုမျိုး
အလင်းတွေပြာလဲ့သွားအောင်
ငါတို့နှစ်ယောက် ထိတွေ့ကြမယ်...တဲ့လား
ကြိုက်တယ်....တော်တော်နူးညံ့တဲ့ အရေးအသားပဲ
အားပေးသွားတယ်နော်
ခင်တဲ့ ..မိုးနတ်