အနမ်းတစ်ခုမှ စားသုံးမှု မရှိပဲ
အလွမ်းတွေကို ဆွဲဖွင့်လိုက်တယ်
နင်ကနဲ ၊ နင့်ကနဲ
အာခေါင်တွေအထဲထိရောက်အောင်
အရိပ်တွေ စိုက်ချပြစ်လိုက်တယ် ...
အမှောင် ၊ ပိန်းပိတ်လို့
ကောင်းကင်က မူလအတိုင်းပြာခဲ့ပေမယ့်
ရှုထောင့်ချင်းမှ မတူကြတာ
တခမ်းတနား ဒဏ်ရာတွေကို
ဆေးရောင်လှလှချယ်လို့
အာရုဏ်အကျင်းကို အခမ်းအနားနှင့်
ကြိုဆိုတယ် ......
ဆိုခဲစေ မြဲခဲစေ
ချစ်ခြင်းတရား ရင်ဘက်ထဲမြဲစေသား
ဆုတွေ ကျစ်ကျစ်ပါအောင် ဆုတောင်းတယ် ။ ။
လွင်တီးခေါင် ကိုဖြတ်နေရတဲ့ရေ
ဖြူလျှော့လျှော့ အပြုံးတစ်ဝက်ဟာ
ထောင့်ပြုန်းနေတဲ့
တြိဂံလိုပဲ
ခပ်ယဲ့ယဲ့..
ငါ၏ခါးကို မတ်အောင်မထားနိုင်မှတော့
ခေါင်းကိုရိုက်မချပါနှင့်
ခွေညွတ်လုလု ဟောဒီဒူး
မိတ်ဆွေတို့ တူးမည့်ကျွင်းထဲ
ငါ့ “ အိမ်မက် ” ကို ဂူသွင်းသဂြိုလ်လိုက်ပါ ။ ။
မိုးဇက်
အဆွေးတွေထွက်လာတယ်မလား။
ကိုယ်ကိုယ်တိုင်ဆွဲဖွင့်ခဲ့တဲ့အလွမ်းတွေကိုကြည့်ရင်း ပျော်ရွှင်ပါစေ... :)
"အနမ်းတစ်ခုမှ စားသုံးမှု မရှိပဲ
အလွမ်းတွေကို ဆွဲဖွင့်လိုက်တယ်
နင်ကနဲ ၊ နင့်ကနဲ" ... ကဗျာအစကတည်းက ကွက်တိကို ထိတာ ...
ငါ့အိပ်မက်တွေကိုတော့ ဂူသွင်းမသဂြိုလ်ပါနဲ့အုံး ... ဆက်မက်ခွင့်တော့ ပေးလိုက်ပါအုံး အစ်ကိုရယ် ...
အလွမ်းတွေ သိပ်ပြင်းနေတယ်ထင်ပါ့ အကိုတော်:)
ကဗျာလေး မိုက်တယ် ...
လှတယ်...ကဗျာလေးးးးးးးးးးး
ဒီလူကြီး အတဲကွဲနေတာ ကြာပါပေါ့..