တဖြုတ်ဖြုတ်ကျွေကြသွားတဲ့ မျှော်လင့်သမျှတို့
တရွတ်စီလိုက်ကောက်နေရတာ မောလှတယ်
အလွမ်းတွေကလဲ ဟိုးလေးတစ်ကျော်အော်ဟစ်လို့
သူမရှိရာ အရပ်ကိုတိုးဝင်တယ်
သန့်ရှင်းလပ်ဆက်လွန်းတဲ့ စိတ်ဝိဥာဉ်နှင့်
မြင့်မြတ်မှုတွေ ထုံမွန်းထားခံရတဲ့ သခင်မ မာရီယာ
လိုက်လေဝေးလေ ငါ့စိတ်ကူးအိမ်မက်တွေက
လေထဲများ တိုက်အိမ်ဆောက်သလိုဖြစ်သွားပြီလား ??
စွန်းထင်းသွားတဲ့ အနာတရတွေနှင့်
နင့်အနားကိုလာဖို့ မဝံ့ရဲစိတ်တွေက
ငါ့ကိုယ်ခန္ဓာ တမြိုက်မြိုက်လောင်တယ် သခင်မ မာရီယာ
ဘယ်ဘာသာစကားနှင့် ဖွဲ့တည်ရမှန်းမသိတော့
အမှန်တရားတွေကို ကျုပ်ဖြောက်ထားလိုက်တယ်
နာခံမည့်နှလုံးသားမရှိသလိုမျိုး
ခပ်ရိုင်းရိုင်းလွင်ပြင်ထဲ ကျီးထိုးခွေးစားသက်မှတ်ချက်နှင့်
စိတ်တေလေကို လွတ်ချလိုက်တယ်
မှုတ်သုံလေဦးလိုပဲ ငါ့ဝိဥာဉ်ဟာ ဝဲလို့
အို..........
ဘဝပေါင်းများစွာရဲ့ စေစားရာ
သခင်မ မာရီယာ
အလေအလွင့်တစ်ကောင်ရဲ့ အနာဂါတ်ကို အရောင်တင်ပေးပါ ။ ။
Plz , Give to me your Bless
မိုးဇက်
သန့်ရှင်းလတ်ဆတ်လွန်းတဲ့ စိတ်ဝိဥာဉ် နဲ့ ...
အမှန်တရားတွေကို ကျုပ် ဖျောက်ထားလိုက်တယ်
စိတ်တေလေကို လွှတ်ချလိုက်တယ်
မုတ်သုံလေဦး လိုပဲ ငါ့ ၀ိဥာဉ် ဟာ ၀ဲ လို့
သခင်မ မာရီယာ နှလုံးသားမှာရှိနေရင် လေထဲမှာတိုက်ဆောက်ရလည်း အဆင်ပြေပါတယ်