မီးဇာကုန်ကာနီးမှ အလင်းရဲ့တန်ဖိုးကို သိသလိုမျိုး
နှင်းတွေရင့်မှဲ့ချိန်ရောက်မှ နွေဦးရဲ့နွေးထွေးမှုကို ငတ်မွတ်သလိုမျိုး
သူမထွတ်ခွာသွားချိန်မှ ချစ်နေကြောင်း နက်ရှိုင်းစွာ မင်းခံစားမိလိမ့်မယ် ။ ။
အပေါ်ယံတွန့်ကွေးအပြုံးတွေအကြောင်း လူ့တောသူတောထဲမှာ ထိတွေ့နားလည်လာပြီး
မင်းအိမ်ကို လွမ်းနေလွန်းအားကြီးသွားမှ
ခရီး/လမ်း တွေကို မင်းမုန်းလိမ့်မယ် ။ ။
ဟော .........
မင်းသောက်နေတဲ့ ရေခဲတွေသီးနေတဲ့ဖန်ခွတ်အောက်ခြေမှာ ကြယ်လေးလင်းလို့ ။ ။
ဟုတ်တယ်
ဟုတ်တယ် ..... မင်းပုံဖော်ထုဆစ်နေတဲ့ အိမ်မက်တစ်ခု တောက်ပလာတာပဲ ။ ။
ဒါပေမယ့်
ပုံဖော်ထုဆစ်ရတာ ခတ်ခဲကြန့်ကြာသလောက်
ပိုင်ဆိုင်ထိတွေ့မှုအချိန်က ကုန်ဆုံးတာသိပ်မြန်လွန်းတယ် ။ ။
မင်းမျက်လုံးတွေကို ဖြေးဖြေးသက်သာပိတ်လိုက်တဲ့ အချိန်မှာ သူမကို မြင်ရလိမ့်မယ်
ဘာကြောင့်လဲဆိုတာ တစ်နေ့ မင်းသိလာလိမ့်မယ် ။ ။
ထိတွေ့သမျှအရာအားလုံးဟာ သင်္ခါရသိပ်စံတယ်
ဟိုးအမှောင်ရဲ့ ခေါင်မိုးစွန်းမှာ ကြယ်လေးလင်းလတ်နေတာကိုခြေပြစ်လက်ပြစ်ထိုင်ကြည့်လိုက်စမ်းပါ
မင်းနှလုံးသားထဲမှာ ဟိုးကလေးဘဝကအတိုင်း ဟာလာဟင်းလင်းပွင့်ကျသွားအောင်ထိုင်ကြည့်လိုက်စမ်းပါ ......
ချစ်ခြင်းတရားဟာတဖြည်းဖြည်း ချည်းကပ်လာပြီး
မင်းကိုလက်ပြထွတ်ခွာသွားတာ သိပ်မြန်တယ်လေ ။ ။
ငါပြောမယ်
မင်း အိပ်ပျော်နေတဲ့ အချိန် သူမကို
မမှိတ်မသုံ စူးလျှလျှ တိမ်းတမ်းညွတ်ညွတ် ကြည့်နေလိုက်ပါ ။
ဒါပေမယ့် ဘယ်တော့မှ မထိ မတွေ့ပါနှင့်
ဘာကြောင့်ဆို မင်းက သူမကို အရမ်းချစ်ပြီး အရမ်းအလေးအနက်ထားလို့ပေါ့
ဒါဟာ အိမ်မက်ဆိုတာ မင်းသိလိုက်ပါ ။ ။
သူမဟာ ကြယ်တစ်ပွင့်လို မိုင်နှုန်းနှင့်လာပြီး အလင်းနှစ်အားဖြင့်ထွက်ခွာသွား
မိုးဇက်
Post a Comment