နင့်ကိုယ်လုံးရေစိုစိုနှင့် ငါ့ကိုယ်လုံးရေစိုစို
ရေဖလားတစ်လုံးကို အတူတူလုပြီး
ရေလောင်းပြိုင်ကြတာမှတ်မိသေးတယ် စင်သီယာ ။ ။
အိမ်ဘေးက ပိတောက်ပင်ကတစ်ခတ်ကိုခူး
နင့်နားသယ်စကို ထိုးအစိုက်
ငါ့လက်ကို ဖွဖွဆုပ်ကိုင်ပြီး
" နင်ကလဲ ဘာမှန်းမသိဘူး " လို့ တိုးတိုးရွတ်
ရှက်သွေးပြုံးတွေ ဝတ်လစ်စတစ်ဖြစ်ကုန်တာ
ငါမှတ်မိတယ် စင်သီယာ ။ ။
အခုတော့
ခြောက်နှစ်ကျော်ကြာ သင်္ကြန်နှင့်မျက်နှာခြင်းမဆိုင်ဖြစ်ခဲ့တဲ့ငါ
ဒိုင်ယာရီစာအုပ်ထဲက ပိတောက်ပန်းအခြောက်လေးကို
ထုတ်ထုတ်ကြည့် ဟောဒီတစ်နွေလဲ
ချောက်သွေ့စွာဖြတ်သန်းရအုန်းမယ် စင်သီယာ ။ ။
မိုးဇက်
Post a Comment