အရာရာဟာတိတ်ဆိတ်နေတယ် ၊
တဖေါတ်ဖေါတ်ကျဆင်းနေသော နှင်းသံများသာ ပတ်ဝန်းကျင်ကို ညင်သာပျော့ပျောင်းမှုနှင့်
စည်းချက်ညီမှုကို ဖန်တည်းပေးနေတယ် ။
ကောင်လေးရဲ့ ရီဝေနေသော
မျက်လုံးတစ်စုံက ညည့်ဦးယံ လမင်းကို ငေးကြည့်နေတယ် ။ သူတို့နှစ်ယောက်ကို
တစ်စုံတစ်ခုကာခြားထားသလို ၊ စိတ်တို့ဘယ်လိုမှ မနီးစပ်နိုင်သလို ၊ ကြာလာတော့ အရာရာကို
ပွင့်ထွတ်ဖို့ ထွက်ပေါက်တစ်ခုကို အငမ်းမရ ရှာဖွေသူက ကောင်လေးပါ ။ နှစ်ယောက်ကြားက တစ်ဖြစ်ဖြစ်မည်အောင်လောင်ကြွမ်းနေသော မီးပုံလေးကို အကြည့်တစ်ချက်ငဲ့ပြီး ရင်တွင်းကဗျာတစ်ပုဒ်ရဲ့အစမှာတင် ကောင်မလေးရဲ့ နာမည်ဟာ ကောင်လေးရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ထွက်လာတယ် …………သုံကြိမ်တိတိပေါ့
-ှင်ြး-ိုးေ- / ၃ /
နောက် ကောင်မလေးရဲ့ ရူပါရုံအလှတရား၊ မကုန်ခမ်းနိုင်သော အရည်အချင်းတွေကို မွတ်သိပ်စွာ သီကုံးဖွဲ့ဆိုလိုက်ချိန်မှာ ကောင်လေးရဲ့မျက်နှာဟာ အတော်ကြာကြာ ငတ်မွတ်နေသောရေကို အရသာခံသောက်လိုက်ရသလိုမျိုး ကြည်ရွင်လင်းလက်လာတယ် ။ပြီးတော့ နှစ်ယောက်သားဆုံခဲ့သော ပုံရိပ်တွေကို ကောင်လေးရဲ့ တစ်ဖက်သက် အမြင်နှင့် သီကုံးဖွဲ့ဆိုနေလိုက်တာ ၊ ။
ကောင်မလေးကို သူစတွေ့ချိန်ကနေ ချစ်မိသွားသည်အထိ ရင်ထဲမှာ ထင်ဟပ်လာတဲ့ ကောင်မလေးရဲ့အလှကို နူးညံ့သောစကားလုံးတွေနှင့် ခပ်လွင်လွင်လေးရွတ်နေတယ် ။ ငြိမ့်ညောင်းစွာစီးဆင်းနေသော စမ်းချောင်းထဲ စိတ်အစဉ်က ရွတ်လွင့်နေသလိုမျိုး …………
စတင်ပျံသန်းဖို့ လိပ်ပြာတောင်ပံ ခက်လိုက်သလိုပါပဲ ကြည်နူးဖွယ်အရောင်တွေနှင့် တစ်ဖြတ်ဖြတ် လွင်ခံနေတယ် ။ ဆိုင်ကယ်ဦးထုပ်လေးဆောင်းပြီး သူ့ရှေ့ရောက်လာတဲ့နတ်သမီးတစ်ပါးဆန်ဆန် ။ အဲဒီနောက်ပိုင်းမှာ သူတို့နှစ်ယောက်အကြောင်းသာလျင် လောကကြီးမှာ အရေးပါသလို ၊ အတိတ်ပြန် လွမ်းစိတ်တွေကြောင့် ဒီနေရာအရောက်မှာ ကောင်လေးမျက်နှာမှာ ညို့မှိုင်းဆွေးမြည့်သွားတယ် ။
ထိတွေ့မှုတွေ ၊ ရင်းနှီးမှုတွေ ၊ နားလည်ခွင့်လွတ်မှုတွေကနေ တရစ်ရစ် သံယောဇဉ်ကြောင့် ချစ်ခြင်းတရားတွေသူ့ရင်ထဲမှာ မသိမသာခိုဝင်လာတဲ့အကြောင်းကို ကောင်လေးရင်ထဲက ဖွင့်အံထွက်လာတယ် ။
ယောက်ျားတစ်ယောက်ရဲ့ မာနတွေခဝါချခံလိုက်ရသလို ရိုကျိုးစွာနှင့်ပေါ့ …………..
ဒီနေရာအရောက်မှာ ကောင်မလေးက ထင်မှတ် မထားသော မေးခွန်းကို အမေးခံလိုက်ရသလို ၊ အငိုက်မိခံလိုက်ရသော သမင်မ တစ်ကောင်ရဲ့ မျက်လုံးမျိုးနှင့် ဖြတ်ခနဲမော့ကြည့်လိုက်တယ် ။ ကောင်လေးကတော့ သူကဗျာထဲမှာပဲ တစ်စတစ်စ နှစ်ဝင်နေတယ် ၊ ။ ဆက်လက်ရွတ်နေတယ် ၊ ကောင်မလေးကို ဘယ်လောက်ချစ်သွားကြောင်း တစ်စုံတစ်ယောက်ကို တိုင်တည်နေသလိုမျိုး သစ္စာကတိတွေ အထပ်ထပ်ပေးလို့ ရွတ်ဆိုနေတယ် ။
တစ်ချို့နေရာတွေမှာ ကောင်မလေး မျက်ခုံးတွင့်သွားတယ် ၊ဆိုရုံလေးပါပဲ ၊ ဖတ်နေကျ ဝတ္ထုကိုဖတ်နေသလို ၊ ပြုမူနေကျ ထက်ပိုပုံမရစွာ နေရာပြင်ထိုင်ရင်း ၊ စွေ့ကနဲ ဝေ့တိုက်လိုက်သော ဆောင်းလေအေးကို ကာကွယ်တဲ့အနေနဲ့ အနွေးထည်စကို ရင် ဘက်လုံအောင်ဆွဲစေ့လိုက်တယ် ။
နှစ်ယောက်သား အထူးတလည်လုပ်ရှားမှု မဲ့လို့ ထိုင်ခုံမှာတိတ်ဆိတ်စွာ ထိုင်နေကြတယ် ။ကောင်လေးကတော့ ရင်တွင်းကဗျာတွေကို ဆက်ရွတ်နေတယ် ၊ တစ်ခါတစ်ခါ ကောင်မလေးက သူတို့ရှေ့က မီးပုံကို မီးရှိန်ရလာအောင် ပြင်ပြင်ပေးနေတယ် ။
ချစ်ခြင်းတရားတွေပြည့်နေပေမယ့် မဆုံနိုင်တဲ့မျဉ်းပြိုင်နှစ်ကြောင်းရဲ့ဆုံမှတ်ကို ရူးသွပ်စွာ ဝရုံးသုံးကား ရှာဖွေနေရတဲ့ ကောင်လေးရင်ထဲမှာ ဒဏ်ရာဒဏ်ချက်တွေနှင့် တရွတ်တိုက်ပြီး ဘဝကို ဖြတ်သန်းနေရတဲ့အကြောင်း ၊ တဖြည်းဖြည်းနှင့် ကောင်းလေး အသံထဲမှာ နွမ်းလျ သံတွေစွတ်လာတယ် ။
သူတို့နှစ်ယောက်ရယ် ၊ ရှေ့ကမီးပုံလေးရယ် ၊ ပတ်ဝန်းကျင်က
မြက်ခင်းစိမ်းစိမ်းရယ် ၊ ထိန်လင်းနေသော လမင်းတစ်စင်းရယ် ၊ ဆိတ်ငြိမ်သာယာဖွယ်ကောင်းသောလောကကို အေးချမ်းသော ဆောင်းရာသ်ီက
လွမ်းခြုံထားတယ် ။ ဒါပေမယ့် ကောင်လေးရင်ထဲက ထုထည်ကြီးမားသော ခံစားချက်တွေဟာ ပတ်ဝန်းကျင်ကအရာအားလုံးကို တစ်စစ ဝါးမျိုလာတယ် ။ တွန်းလှံနိုင်မှု မဲ့စွာ အရောင်ဆိုးခံလိုက်ရတယ် ။ မှုံပျအုံ့မှိုင်းလို့လာတယ် ။
ရေးထားတာကြာပါပီ အဆက်ကို ခုဆက်ရေးနေလို့ အရင်ဟာကိုပြန်တင်လိုက်တာ ( နောက်လလာမည်ပေါ့ )
မိုးဇက်
သူတို့နှစ်ယောက်ရယ် ၊ ရှေ့ကမီးပုံလေးရယ် ၊ ပတ်ဝန်းကျင်က
မြက်ခင်းစိမ်းစိမ်းရယ် ၊ -----
ဆိုတော့ တောင်ကြီးဆောင်ကိုများရေးတာလားလို့လေ
ကောင်းတယ်ဖတ်လို့အဆင်ကိုပြေနေတာပဲ
ခင်ခင်မင်မင် jasmine
ဖတ်လို့ အရမ်းကောင်းပါတယ်
အင်း ပြိးဆုံးတဲ့ အထိစောင့်ဖတ်မယ်လေ..