နှုတ်မဆက်ပါနဲ့ ချစ်သူ
ငါ့ရင်ရဲ့အနားသက် မျဉ်းတွေက
မညီညာလို့ပါ ။ ။
ငါ့ရင်ရဲ့အနားသက် မျဉ်းတွေက
မညီညာလို့ပါ ။ ။
နှုတ်မဆက်ပါနဲ့ချစ်သူ
အလင်းဖျော့ဖျော့ ကောင်းကင်မှာ
ကြယ်ကြွေတာကို အထီးကျန်တဲ့
လက်တစ်ဖက်နှင့် ဖမ်းမဆုပ်ချင်လို့ပါ ။ ။
နှုတ်မဆက်ပါနဲ့ချစ်သူ
မင်းရဲ့နှုတ်ခမ်းတွေနဲ့
ငါ့ဘ၀ကို ထုဆစ်ချင်လို့ပါ ။ ။
နှုတ်မဆက်ပါနဲ့ချစ်သူ
မင်းသာ ခွဲခွာသွားရင်
လဒ နှင့်မျောက် ဆက်ပြီး
ငါမှိုင် နေရလိမ့်မယ် ......................
မိုးဇက်
ကဗျာလေး အပေါ်က မုအပြည့်နဲ့ ..
"မင်းသာ ခွဲခွာသွားရင်
လဒ နှင့်မျောက် ဆက်ပြီး
ငါမှိုင် နေရလိမ့်မယ် ......................"
အဲဒီအပိုဒ်ကျမှ ...:P:
မောင်လေးရေ ခံစားအားပေးသွားတယ်လို့...
ကြယ်ကြွေတာကို မထီးကျန်တဲ့
လက်တစ်ဖက်နဲ့ဖမ်းမဆုပ်ချင်လို့ တဲ့--------
ကောင်းတယ်သိလား။
ခင်တဲ့ မဂျက်