ဆိုင်းသံ ဗုံသံမပါပဲ
ဝေဒနာ ပြင်းရှရှတစ်ခုဟာ
ခံစားမှု အဝန်းဝိုင်းထထဲကို
ညာသံပေးဝင်လာတော့
သွေးရူးသွေးတန်းဝင်လေထွက်လေကို
အနုလုံပဋိလုံ ထသုံးသပ်ပေမယ့် နောက်ကျခဲ့ပီ ။ ။
နာကျင်မှုဟာ ငါ့ကို
ထွက်ပေါက်မဲ့အောင် ချောင်ပိတ်ရိုက်လာလိုက်တာ
တချက်ချက် ငါ့သတိတွေ မျက်ဖြူစိုက်ကုန်တယ် ။ ။
ရုန်းရင်း ကန်ရင်း
ထိမ်းရင်း ချုပ်ရင်း
ငါ့သူငယ်အိမ်ဟာ
မှောင်လိုက် လင်းလိုက် ။ ။
နောက်ဆုံး အလင်းတချက် ပျက်ပြီးတဲ့နောက်
အသိစိတ်တို့ ဓါတ်မပျယ်ခင်စပ်ကြား
ငါသိလိုက်ရတာက
ဒါဟာ ဘယ်လိုမှရှောင်လွဲလို့ မရတဲ့
ကံကြမ္မာက ပြဋ္ဌာန်းပြီးသား
ဝဋ်နာ ၊ ကံနာ ။ ။
မိုးဇက်
အားပေးသွားတယ်ဗျာာာာာာ
အင်း တစ်ရက်နီးပြန်ပကော... ပြဋ္ဌာန်းပြီးသားပဲလေ
နေကောင်းပြီလား ခုဘယ်မှာလဲ အဆင်ပြေရဲ့လား
ကဗျာကောင်းလေး ရေးတင်ထားလို့လေ ကျန်းမာရေးကိုဂရုစိုက်နော်
ဝဋ်နာ ၊ ကံနာ ...
ဒါဟာ ဘယ်လိုမှရှောင်လွဲလို့ မရတဲ့
ကံကြမ္မာက ပြဋ္ဌာန်းပြီးသား
ဝဋ်နာ ၊ ကံနာ ။ ။
မြန်မြန်ကျွတ်လွတ်နိုင်ပါစေနော်..။