ဖြတ်ခနဲ ရိုက်ချခံလိုက်ရသော........
မပြောမဆို ပိတ်သာလေးနှင့် ထုခံလိုက်ရသော.............
နံရိုးတစ်ချောင်းကို ဖျောင်းခနဲ ဆွဲဖြုတ်ခံလိုက်ရသော.............
ကျောဘက်ကထိုးတဲ့ဓါး ဘယ်ဘက်ရင်အုံကို ဖောက်ထွက်သွားသော.......
တည်ဆောက်ဆဲ နှလုံးခုန်သံကို စလင်ဆာ အတပ်ခံလိုက်ရသော..........
သစ္စာတရားကို အရိုးနင့်အောင်ရေးထိုးထားတဲ့
ရင်ဘက်တစ်ခုကို ဥပေက္ခာဆိုတဲ့ တံဆိပ်အတပ်ခံလိုက်ရသော ..........
လောလောလပ်လပ် ဗွတ်ထဒဏ်ရာတွေနှင့် နှလုံးသားတစ်ခု ကုသဖို့ အချိန်တွေအလိုရှိသည် ။ (ကျွန်တော်ထင်မိတာပါ )
မှတ်ချက် ။ ။ မိတ်ဆွေတို့ရဲ့ အချိန်တချို့ ဈေးကောင်းကောင်းပေးဝယ်ပါမည် ။
မိုးဇက်
ကျောတောင် စိမ့်လာဘီ သူ့ဟာဖတ်ရတာ >.<
အောင်မြတ်လေး
လန့်လိုက်တာ ကောက်ညင်းပေါင်းကျွေးတော့ဘူး
လောလောလပ်လပ် ဗွတ်ထဒဏ်ရာတွေနှင့် နှလုံးသားတစ်ခု ကုသဖို့ အချိန်တွေအလိုရှိသည် ။အဲအတိုင်းပဲ ဟီဟီ
ဘာပဲ ဖြစ်ဖြစ် အဆင်ပြေပါစေ... သူငယ်ချင်းရေ..
ဒီလိုဘဲဗျ.....ရှိတဲ့အချိန်နဲ့တင် ပျောက်ပါတယ်......
နောက်တာပါ........
ကိုမိုးဇက် ကဗျာလေးတွေ ကြိုက်တယ်ဗျာ......လေ့လာရတာပေါ့...ကျေးကျေးပါ