သင်္ခါရ ဘယ်အရာမှ မမြဲသော
အမှန်တရားး ....
ကိုယ်တိုင်ကျင့်သုံးကြည့်လို့ မနိုင်တဲ့
ကိုယ်တိုင်ထုတ် စည်းမျဉ်းများ
ဆုပ်ကိုင်လို့မရတဲ့ သက်သေပြုချက်တွေထဲမှာ
ချစ်ခြင်းတရားတွေ ပါတယ်
ကြွေတာကိုက ပွင့်ခြင်းပဲဆိုတာ........
အသွားနှင့်အပြန်
ဘယ်အရာမှ လွန်မဆွဲဘူး
အမှန်က ဘယ်အရာမှမမှားဘူး
မျက်လုံးတွေသာ အမြင်မှန်မရသေးတာ
ခံနိုင်အားတွေဆိုတာကလဲ
သုံးသပ်နိုင်မှုအပေါ်မှာ မူတည်တယ် ။ ။
အားလုံးဟာ တဏှာဆိုတော့
သံယောဇဉ် အဖြူထည်လေးလဲ
ပါတာပေါ့
ခင်ဗျားဘယ်လောက်ပဲ အံကြိတ်တောက်ခေါက်ခေါက်
ဟောဒီလောကဓံကတော့ အနိုင်ရနေအုံးမှာပဲ
ဒါပေမယ့် အနိုင်လိုချင်မှုကိုတော့ ကိုယ့်ဘာသာ
ကြိုးကွင်းမစွပ်နှင့် ...............
အရာအားလုံးဟာ သူ့သက်မှတ်ချက်နှင့်သူ
စည်းချက်ကိုကိုက်လို့
သွားမထိနှင့် လေးစားမှုတွေကြေကွဲသွားမယ် ။ ။
အလကားပါ
ဒါတွေက ခပ်ပေါပေါဟန်ဆောင်မှုတွေ
(သူမရှိရင်လဲ သိပ်မလေးနက်ပြန်ဘူးဗျ )
တိုးတိုးပြော ကံကောင်းမှုတွေ လန့်ပြေးကုန်မယ်
ဆိုလိုတာက
အဓိပ္ပါယ်တွေ ခုန်ထွက်ကုန်မှာဆိုးလို့
ပြောနေရတာ
ဟော နောက်ဆုံးဇာတ်သိမ်းပိုင်းမှာ
ကဗျာဆရာရဲ့ နှလုံးသားက လောင်းရိပ်ကင်းမှ
စကားလုံးတွေ ကြွထလာတာ ........................ ။ ။
မိုးဇက်
ကဗျာဆရာတွေရေးချက် လန်းထွက်နေတာပဲ..
ပျောက်ချက် ပျောက်ချက်.
.ဟော နောက်ဆုံးဇာတ်သိမ်းပိုင်းမှာ
ကဗျာဆရာရဲ့ နှလုံးသားက လောင်းရိပ်ကင်းမှ
စကားလုံးတွေ ကြွထလာတာ .
သြော် ... ဒီကဗျာဆရာက လောင်းရိပ်မိနေတာကိုး ... ဟက်ဟက်
မျှော်လင့်ချက်တွေ အသုတ်လိုက်ဖြုတ်ခနဲကြွေသွားတဲ့အချိန်
အော်လိုက်တဲ့ရင်ခေါင်းသံက အနက်ဆုံးပဲ ...။
ဟောဒီမယ် ကိုယ်တိုင်လုပ်အဓိပါယ်တွေနှင့်
လွတ်တော်ထဲဖွင့်ဖွင့်ချတဲ့ စကားလုံးများ
လူကြိုက်များ ခဲ့ပီ ။ ။
တစ်ဆိတ်လောက် အသက်ရှုသံတွေကို ငြိမ်သက်ပေးပါ
ငြိမ်းချမ်းမှုတွေ ပွင့်အံလာမလားလို့ ။ ။
တကယ်တော့ မာနဆိုတာ
လူကြားထဲ ထုတ်ထုတ်ဝတ်ရတဲ့
ဟိတ်ဟန် တစ်မျိုးပဲ ။ ။
ကဗျာလေးဖတ်သွားတယ် မိုးဇက်ရေ။ နေရာတိုင်းမှာ ချုပ်တီးမှုကင်းရင်
ရင်ထဲကစာသားလေးတွေ ပိုလို့ထက်မြက်တောက်ပြောင်မှာပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ခံနိုင်အားတွေဆိုတာကလဲ
သုံးသပ်နိုင်မှုအပေါ်မှာ မူတည်တယ် ။
အဲနားလေး သိပ်သဘောကျမိတယ်။
ခင်မင်စွာဖြင့်
မြတ်ပန်းနွယ်
ဒါပေါ့ကဗျာဆရာရယ် စကားလုံးတွေထကြွဖို့ အဲလောင်း၇ိပ်တွေကိုစည်ပင်ခေါ်ပြီးခုတ်ခိုင်းလိုက်မယ်နေား)))
ခင်မင်လျှက်
မဒိုးကန်
ကဲကဲ နောက်ဆုံးထွက်သက်တစ်ခု ခြွေချလိုက်မယ်
အမှန်တရားဆိုတာ တကယ်တော့
ဘုံစခွဲကိန်းတစ်ခုပါပဲ .............. ။ ။
End