ကြယ်စင်တွေ သူ့ဟာသူကြွေကျတယ်။ ။
ရေတံခွန်တွေ သူ့ဟာနှင့်သူပြိုကျတယ်။ ။
စိန်ပန်းပွင့်တွေ တဖျက်ဖျက်ပွင့်တယ်။ ။
လိုတရခြေနင်းတွေဖယ်ခွာ
ဂန္ဓ္ဒာရတွေထဲမှာ အိမ်ဆောက်ကြတယ်။
လေတိုက်လျှင် ယိမ်းထိုးရန်အတွက်
မြက်ပင်တွေပေါက်ခြင်း မဟုတ်သလို
လိပ်ပြာတွေ ကြည်နူးဖို့
ပန်းတွေပွင့်ကြတာ မဟုတ်ဘူး ။ ။
တောင်စွယ် ချွန်မြမြတွေကလည်း
မိုးကိုတိုက်ခွဲဖို့မဟုတ်ပြန်ဘူး။ ။
ကိုယ့်အခင်းကို ထွန်ယက်
ကိုယ့်ဘ၀ကို ထုဆစ်
တတ်ကြိုးလျင် လက်ထိုးလှော်ရမယ့်ငါတို့ဘ၀ကြီးမှာ
အကြင်နာတွေ အယုယတွေကို
အငမ်းမရ တမ်းတမက်မော မနေပါနှင့်
ချစ်သူ......
ကိုယ့်မှာလည်း သစ္စာတရားတွေ တမြိုင်မြိုင်ထ
ဖြူလွှလွှ သံယောဇဉ် ခုံတန်းလေးပေါ်မှာ
မေတ္တာတရားတွေ အဆုပ်လိုက်ကြဲဖြန့်ထားတဲ့
အချစ်စစ်တွေ ငါ့ရင်ထဲမှာရှိတယ် ။ ။
ဒါပေမယ့်ချစ်သူ
စုတ်ချက်ကောင်းတဲ့ ပန်းချီကားကို
ရင်သက်ရှုမောဖို့မလိုဘူး။ ။
သက်တန့်ရောင်စုံတွေကို ရေတွက်နေဖို့မလိုဘူး ။ ။
ဒို့လက်ကို အခုတွဲ ကန့်လန့်ကာတွေ အမြန်ဖွင့်
ဘ၀ဆိုတဲ့ စစ်ပွဲကြီးကို
ခေါင်းမငုံ့ ဒူးမထောက်စတမ်း
တိုက်ပွဲဝင်လိုက်ရအောင်ပါ ။ ။
မိုးဇက်
ရည်းစားကိုဖတ်သွားပါတယ်..
ကိုယ့်မှာလည်း သစ္စာတရားတွေ တမြိုင်မြိုင်ထ
ဖြူလွှလွှ သံယောဇဉ် ခုံတန်းလေးပေါ်မှာ
မေတ္တာတရားတွေ အဆုပ်လိုက်ကြဲဖြန့်ထားတဲ့
အချစ်စစ်တွေ ငါ့ရင်ထဲမှာရှိတယ် ။ ဝိုးးး..သိတ်ကောင်းတဲ့ကဗျာလေးပါပဲ
လွတ်ကောင်းတယ်....း))
စာသားလေးတွေ ခိုးသွားတယ်ဗျာ ဟဟ