ပကတိ ရဲညွန့်နေတဲ့
သူမ နှုတ်ခမ်းဟာ
ဒက်ခနဲ ကျွန်တော့ရင်ကို
ဟော သူမ စိတ်ကောက်သွားပြန်ပီ ။ ။
အလွမ်းအကြောင်း စာဖွဲ့မိတိုင်း
အပိုတွေလို့ ပြောတတ်တဲ့
သူမအပြောလေးတွေက
ဖြတ်ခနဲ ကျွန်တော့ရင်ကို
ဟော သူမ စိတ်ကောက်သွားပြန်ပီ ။ ။
သူမရဲ့ လင်းပွင့်နေတဲ့ စိတ်ကူးလေးတွေကို
တဖွဲ့တနွဲ့ စကားလုံးတွေနှင့်
ပုံဖော်ဖို့ ကြိုးစားတုန်း
ဟော သူမ စိတ်ကောက်သွားပြန်ပီ ။ ။
ကြည်နှုးဖွယ် ချစ်ခြင်းသံစဉ်တွေကို
တီးခတ်ဖို့ ကြိုးညှိနေတုန်း
ဟော သူမ စိတ်ကောက်သွားပြန်ပီ ။ ။
သူမကို ကျနော်ဟာ
ရင်ရဲ့ဖက်တွယ်ရာ နွယ်ပင်တစ်ပင်ကဲ့သို့
ဟော သူမ စိတ်ကောက်သွားပြန်ပီ ။ ။
သူမ စိတ်ကောက်တိုင်း
ငါ့အသည်းကမ်းပါး တစ်ခါပြိုသွားတာ
အထိတ်တလန့် သိလိုက်ရတဲ့ခဏ
ဟော သူမ စိတ်ကောက်သွားပြန်ပီ ။ ။
စိတ်ကောက်တတ်တဲ့ သူမကို
စိတ်မကောက်တော့ဖို့ ပြောနေတုန်း
စိတ်ကောက်သွားပြန်ပီဆိုတော့
စိတ်မကောက်တတ်အောင် နေတတ်ဖို့
စိတ်ကောက်တတ်တဲ့ သူမကို
စိတ်ကောက်ပြေရန် အတွက်
ကဗျာရေးနေတုန်း
ဟောဗျာ
သူမ စိတ်ကောက်သွားပြန်ပီ ။ ။
မိုးဇက်
စိတ်ကောက်တာချစ်ဖို့ ကောင်းပါတယ် ငမိုးရ..
စိတ်ကောက်တတ်တဲ့ချစ်သူကိုရထားတာကံကောင်းတယ်မှတ်..:D
အိမ်သာတတ်ရင်တောင် ကြာတယ်ဆိုပြီး စိတ်ကောက်တယ့်သူနဲ့ဆို တော်တော် စိတ်ညစ်ဖို့ကောင်းတယ်ဟဟဟဟ
ဒုခေါ ဒီလောက်စိတ်ကောက်တတ်နေတာ မကောင်းတော့ဘူး >.<
မိုးဇက်က စိတ်ကောက်တတ်တဲ့ချစ်သူရထားတာကို
အဲတာချစ်လို့စိတ်ကောက်တာလေ
တစ်စုံတစ်ယောက်က ပြောဖူးတယ် ... “စိတ်ကောက်နေတဲ့ ချစ်သူက ထိုးတဲ့မျက်စောင်းလေးကို မြင်ရတဲ့အခါ နှလုံးသားတစ်ခုလုံးဗြောင်းဆန်သွားအောင် ရင်ခုန်ရတယ် ... စိတ်ကောက်နေတဲ့ ချစ်သူကို ချော့လိုက်လို့ စိတ်ဆိုးပြေသွားတဲ့အခါ ရင်ခွင်ထဲတိုးဝှေ့ဝင်လာတဲ့အခါ ဘာနဲ့မှဖော်ပြလို့မရနိုင်တဲ့သာယာကြည်နူးမှုကို ခံစားရတယ်တဲ့” ... :)