တစ်သက်တစ်ခါ
တစ်လွာတစ်ပွင့်
ငုံအဆင့်မို့
ဖြုတ်ခနဲပဲကြွေကြွေ
မြေကိုပဲရောက်ရောက်
ဖွဖွလေးကောက်လို့
ပန်းခြောက်လေးလဲ မြတ်နိုးမယ် ။ ။
မိုးဇက်
( ခုတစ်လော ကျွန်နော် ကဗျာရေးဖို့အတွက် အာရုံတွေ ထုံမှိုင်းနေလို့ ဟိုးကလေးသားလေးတုန်းက ရေးခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ် တင်လိုက်ပါတယ် ၊ ကလေးသားလေးထဲက ကျွန်နော် ကဗျာတွေစရေးဖြစ်ခဲ့ပါတယ် (ကြွားဝါခြင်းမဟုတ်း) ဒီကဗျာကို ကျွန်တော်ကိုယ်တိုင်ရေးခဲ့တာလား ဘယ်ကဗျာဆရာရေးခဲ့တာလဲ မမှတ်မိပါ ၊ ဒါပေမယ့် ခုချိန်ထိ စာလုံးတွေကို ထင်ထင်ရှားရှား စွဲလမ်းမှတ်မိနေလို့ ပြန်တင်လိုက်တာပါ ၊ မူရင်းကဗျာဆရာသိရင်တော့ ကွန်မန့်မှာသာ ဝင်ခြစ်သွားပေတော့း)
တိုတယ် ထိတယ် အရမ်းကြိုက်တယ် တယ်ရင်း
မူရင်းဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)
သောကခြေရာကဗျာစာအုပ်မှ ဖြစ်ပါတယ်
အမတို့သိတတ်တဲ့အရွယ်မှာပဲ အဲလိုနူးညံ့တဲ့ကဗျာလေးတွေနဲ့စပြီးမိတ်ဆက်ခဲ့တာပါမိုးဇက်ရေ
နုရွလှပနေပါလား....
မောင်စိန်ဝင်(ပုတီးကုန်း)ရဲ့ သောကခြေရာလေးများ ကဗျာစာအုပ်ပျောက်သွားတယ် ပြန်ရှာတယ်မရသေးဖူး ဝယ်ကြည့် တယ်မရသေးဖူးးးးး
မောင်လှမျိုး(ချင်းချောင်းခြံ)
မောင်စိန်ဝင်း(ပုတီးကုန်း)
မောင်သာပြည့် စတဲ့ ဆရာတွေကိုသဘောကျလို့
မောင်ဘကြိုင်(ချဉ်ပေါင်ခြံ)လို့ နာမည်ယူထားတာ
ပုံ
မောင်ဘကြိုင်
မောင်ဘကြိုင်
အဲစာအုပ်လေး အိမ်မှာဝယ်ထားတ...မမိုးဇက်...ဟိဟိ
ကျေးဇူးအမ .........
အကိုရဲ့ နာမည်ယူပုံလေးသိခွင့်ရလို့ ကျေးဇူးပါ ၊ ကျွန်တော်လဲ အဲဒီစာရေးဆရာတွေကို ကြိုက်တယ်ဗျ .........
တိန် ........ ၊ အမ အလည်ပြန်လာလို့ကျေးဇူးပါ
နှစ်သက်မိတဲ့ ကဗျာလေး....
တိုတိုလေးနဲ့ ထိမိတဲ့ ကဗျာလေးကြိုက်တယ်...ညလေးရေ..
အိမ်မက်တို့တော့ ညလေး တစ်ယောက်ကောက်ရထားတယ် ဟိဟိ.. သမီးစံ ကျေးဇူးနဲ့လေ..
ခင်တဲ့
အစ်ကို အိမ်မက်း)
အရမ်းြိုက်တယ်ဗျာ