လမ်းတွေဟာ ဘယ်တုန်းကမှ ကျုပ်တို့ရှေ့ကို
ဟပ်ချလောင်းအော်ပြီး လမ်းရဲ့ဘဝကို ခင်းကျင်းမပေးခဲ့ဘူးဘူး .........
ဘယ်နားမှာလဲ ငါ့နာကျင်မှုတွေဖြေသိမ့်ပေးမယ့်ချစ်သူလက်တစ်စုံ
ဘယ်ဘက်မှာလား ညာဘက်မှာလား င့ါအခန်းဒေါင့်မှာလား
ငါ့ဘီရိုထဲမှာလား ငါ့ခေါင်းအုံးအောက်မှာလား
ဟင့်အင်း လေထဲမှာပဲလေ ........
ဘာပဲဖြစ်ဖြစ် ထစ်ခနဲရှိ ကိုယ့်အမှားပဲလို့
ကိုယ့်ဘာသာကိုယ် အစပြန်ပြန်ထုတ်တတ်တဲ့
ဟောဒီကောင်တော့ ခုချိန်ထိ
အဲဒီထစ်ခနဲ ထစ်ခနဲပြသနာတွေကြား
ချောင်ပိတ်မိနေတုန်း ............
ဒီလိုနှင့် လဲကျခဲ့တာကို သာမညလို့မှတ်ပြီး
ပြန်လည်ထူထခြင်းဆိုတဲ့ အဓိက တရားကို
လက်ထဲမှာ ဆွဲမြဲအောင်ကိုင်ထားရုံပါပဲ
အဲဒီအဆင့်ကိုမကျော်နိုင်သေးဘူး ..........
“ မာရီယာ ”
တစ်ခွန်းထဲပါပဲ တစ်ခွန်းထဲ
အဲဒီအထဲမှာ စိတ်ညစ်စရာမယူသွားဘူး
ဝမ်းနည်းစရာတွေကြားညပ်မပေးဘူး
အဲဒီအထဲမှာ အဖြူရောင်တွေဒင်းကြမ်းသုပ်လိမ်းထားတယ်
အမြဲတမ်းခေါ်တယ် တစ်ခွန်းထဲ
“ မာရီယာ ”
ဟုတ်ပီလေဗျာ အိမ်ပြေးတစ်ယောက်ရဲ့ ခြေထောက်တွေ
ဘယ်လောက်ဗွတ်ပေနေနေလေ နောက်ဆုံးတော့
မေမေ ကိုယ်တိုင်ပဲ ဆေးကြောသန့်စင်ပေးရတာ ..............
ခြေထောက်ပေါက်ပြဲနေသော အိမ်မက်များ ၂
မိုးဇက်
အိမ်ပြေးတစ်ယောက်ရဲ့ ခြေထောက်တွေ
ဘယ်လောက်ဗွတ်ပေနေနေလေ နောက်ဆုံးတော့
မေမေ ကိုယ်တိုင်ပဲ ဆေးကြောသန့်စင်ပေးရတာ
အေးအေးသားလေး သားပြန်လာရင် ဗွက်ဆေးပေးဖို့
အမေ အက်ဆစ်ကန်တစ်ကန်ဆောက်ထားတယ်သိလား
:P
နောက်ဆုံးပိုက်လေးက ချစ်စရာလေးပါ ကိုညိမ်းပြောမှာပဲ ဆေးမယ့်ခြေထောက်တောင်တွန့်သွားရပြီ..။
ဘာပဲဖြစ်ဖြစ် ထစ်ခနဲရှိ ကိုယ့်အမှားပဲလို့
ကိုယ့်ဘာသာကိုယ် အစပြန်ပြန်ထုတ်တတ်တဲ့
ဟောဒီကောင်တော့ ခုချိန်ထိ
အဲဒီထစ်ခနဲ ထစ်ခနဲပြသနာတွေကြား
ချောင်ပိတ်မိနေတုန်း ............
ဒီလိုနှင့် လဲကျခဲ့တာကို သာမညလို့မှတ်ပြီး
ပြန်လည်ထူထခြင်းဆိုတဲ့ အဓိက တရားကို
လက်ထဲမှာ ဆွဲမြဲအောင်ကိုင်ထားရုံပါပဲ
အဲဒီအဆင့်ကိုမကျော်နိုင်သေးဘူး ..........
:))))
"ဘယ်နားမှာလဲ ငါ့နာကျင်မှုတွေဖြေသိမ့်ပေးမယ့်ချစ်သူလက်တစ်စုံ
ဘယ်ဘက်မှာလား ညာဘက်မှာလား င့ါအခန်းဒေါင့်မှာလား
ငါ့ဘီရိုထဲမှာလား ငါ့ခေါင်းအုံးအောက်မှာလား
ဟင့်အင်း လေထဲမှာပဲလေ ........"
နာကျင်မှုတွေကို ဖြေသိမ့်ပေးမယ့် အဲဒီချစ်သူလက်တစ်စုံက ဘယ်မှာပါလိမ့် ... :P