ဒီမယ်လေ ဆိုဖီယာ
ဟောဒီမယ် ငါ့ရဲ့အိမ်ရှေ့ပန်းတွေတောင်
အရွယ်ရောက်ကုန်ပြီ
နင်ပြန်မလာသေးဘူး ...............
ဒီမယ်လေ ဆိုဖီယာ
လှတပတမှတ်တမ်းစာအုပ်ထဲမှာ
ငါ့ဖောင်တိန် အနက်ရောင်လေး
မီးဇာကုန်ရေခန်းတော့မယ်
နင်ပြန်မလာသေးဘူး ................
ဒီမယ်လေ ဆိုဖီယာ
နင်နှင့်ငါ..........
နင်နှင့်ငါ ဆိုတဲ့နောက်မှာ မထွက်ဆိုဖြစ်တဲ့
အဓိပ္ပါယ်တွေကို တိတ်တိတ်လေး
တစ်ယောက်ထဲ ဘာသာပြန်နေမိတယ်
တိုးတိုးလေး .............
ကိုယ့်ရဲ့ဆိုဖီယာ
နှင်းပွင့်တွေ မကြွေခင် နင် ပြန်လာပါ
ဆိုဖီယာ
မိုးဇက်
မျှော်နေသူ ရင်မောနေပေါ့ ...
ဆိုဖီယာ အကြောင်းလေး ခံစားသွားတယ်...
မြန်မြန်ပြန်လာပါစေ လို့ ဆုတောင်းပေးလိုက်တယ်..း))
ခင်တဲ့
အိမ်မက်စေရာ
မျှော်သာမျှော် ပေါ်မလာသူရယ် စိမ်းကား.. မချစ်လို့ မုန်းလို့ ပုန်းပြီလား ~~~ :P
မောင်မိုးဇက်...နာမ်စားတွေများလှချေလား...ကဗျာလေးကို ခံစားသွားပါတယ်...။
မထားခဲ့ပါဘူး ကိုမိုးဇက်ရယ်.....
နှင်းတွေမကြွေခင် ဆိုဖီယာက ပြန်လာမှာပါ...
မိုးနတ် သူ့ကို ပြောလိုက်ပါ့မယ်...
ဒါထက် ကိုမိုးဇက် သုံးတဲ့နာမ်စားတွေ
မိုးနတ်သဘောကျမိတယ်ဗျို့...:)
ခင်တဲ့....မိုးနတ်