အဲဒီနေ့တွေထဲကို ကျွန်တော်က စိတ်လွတ်ကိုယ်လွတ်
ပျော်ဝင်ပြစ်လိုက်တိုင်း
မျက်လုံးတွေ စုံလုံးကန်းခဲ့ပေါ့ ။ ။
နှင်းပျိုမေ
တိုးတိုးဖွဖွလေး ရွတ်နေတဲ့ နှုတ်ခမ်းတစ်စုံ
ခြောက်ကပ်မသွားခင် သူမထွက်ခွာသွားတယ် ။ ။
သူမ တစ်ခွန်းမှ ပြောမသွားဖူး
ဒါပေမယ့် တိတ်ဆိတ်စွာပြုမူသွားခြင်းက
နှလုံးသားကို ခပ်စပ်စပ်မသေမခြင်းရိုက်နေသလိုမျိုး
သူမ မျက်ဝန်းပင့်အကြည့်မှာ
အဲဒီနေ့ရဲ့ နေဝင်ချိန်ဟာ ပျော့တွဲညွတ်ကျသွားတာများ
ကျွန်တော့ရင်ဘက်တစ်ခုလုံး မိုးစုန်းစုန်းချုပ်တယ် ။ ။
ဆုံနိုင်ခွင့်နည်းလွန်းတယ်ဆိုတဲ့ အကြောင်းပြချက်နှင့်
လမ်းခွဲစာချုပ်မှာ လက်မှတ်ထိုးသွားတာ
ရဲတင်းလိုက်တာ ............
နင် မှန် ပါတယ် နှင်းပျိုမေ
နင် မှန် ပါတယ် နှင်းပျိုမေ
နင် မှန် ပါတယ် နှင်းပျိုမေ
နင်စွန့်ခွာသွားတာ အိမ်မက်မဟုတ်ဘူးဆိုတာ သေချာဖို့
ဘယ်နှစ်ကြိမ်မှန်းမသိအောင်ကို ရွတ်နေမိတာ
ရင်ဘက်တွေကို တုန်ရင်လို့ .......... ။ ။
နှင်းပျိုမေ
အဲဒီနေ့တွေကို ပြန်တွေးမိတိုင်း
ငါ့မျက်လုံးတွေ စုံလုံးကန်းခဲ့ပေါ့ ။ ။
သူမ ဆုံးဖြတ်ချက် သိပ်မှန်လွန်းတော့လဲ ကျွန်တော့ ဘဝလေး ပါးလျှခဲ့
မိုးဇက်
“နင်စွန့်ခွာသွားတာ အိမ်မက်မဟုတ်ဘူးဆိုတာ သေချာဖို့
ဘယ်နှစ်ကြိမ်မှန်းမသိအောင်ကို ရွတ်နေမိတာ
ရင်ဘက်တွေကို တုန်ရင်လို့ .......... ။” ... ရင်မတုန်ချင်ရင် ကော်ဖီလျှော့သောက်ပါ ... ဟီးးး နောက်တာနော် .. ကဗျာလေး လာဖတ်သွားပါတယ် ... :)
မေရီချက်မင်းကိုပို့ပေးပါ့မယ်း)))
သြော် လူဇိမ်းဂါး ကြီး အခုတော့ သိပြီပေါ့လေ
ဟုတ်စ ။
အဲဒီလို ဒဏ်ရာတွေနဲ့ ကျန်နေခဲ့ရမယ် ဆိုရင်တောင်
အချစ်ဆိုတာကို မရှောင်ချင်ဘူး ဗျာ။
ပုံ/
ရုပ်ကြမ်းကြီးနဲ့ နွဲ့တတ်သူ
သူမ မျက်ဝန်းပင့်အကြည့်မှာ
အဲဒီနေ့ရဲ့ နေဝင်ချိန်ဟာ ပျော့တွဲညွတ်ကျသွားတာများ
ကျွန်တော့ရင်ဘက်တစ်ခုလုံး မိုးစုန်းစုန်းချုပ်တယ် ။
ဆုံနိုင်ခွင့်နည်းလွန်းတယ်ဆိုတဲ့ အကြောင်းပြချက်နှင့်
လမ်းခွဲစာချုပ်မှာ လက်မှတ်ထိုးသွားတာ
ရဲတင်းလိုက်တာ ............
အဲ့နားလေးတွေ ပိုကြိုက်မိတယ် :)
စကားလုံးအသုံးအနှုန်းလေးတွေ
နှစ်သက်မိတယ် :)
အားပေးနေလျက် ခင်တဲ့...မိုးနတ်