ချစ်တယ်နက်သမီးညိုညိုလေးရေ
လေအဝေ့မှာ ဖျက်ကနဲလွင့်သွားတဲ့
မင်းဆံစလေးတွေနောက်ကို ငါ့အာရုံတွေ
တစ်သီကြီး ပါသွားခဲ့ ။ ။
ချစ်တယ်နက်သမီးညိုညိုလေးရေ
ညိုညက်ညက် အသွေးအရောင်က
အချိုးကျတဲ့ ကိုယ်နေဟန်နှင့်
အံကျဖြစ်နေတော့လဲ ငါချစ်မိတယ် ။ ။
ချစ်တယ်နက်သမီးညိုညိုလေးရေ
ငါ့နှလုံးသားတစ်ပြုတ်လုံးကိုသိ
ပြုံးလဲ့လဲ့နှုတ်ခမ်းဖူးလေးကိုလဲ
ရစ်မှုးစွာ ချစ်မိတယ် ။ ။
ငါ့အိမ်မက်တွေမှာ ဖုန်တထောင်းထောင်းထအောင်
ဖြတ်လျှောက်လွန်းတဲ့
နက်သမီးညိုညိုလေးရေ .............ချစ်တယ် ။ ။
မင်းအကြောင်းတွေးမိတိုင်း
အသွေးအသားတွေ ယောက်ယက်ခက်ခဲ့ရတယ်
ချစ်တယ် နက်သမီးညိုညိုလေးရေ ။ ။
ဟေ့ ဒီမှာ နက်သမီးညိုညိုလေးရေ
ဘဝတစ်ရာသီလုံးစာ
ရင်ဘက်နှင့်အပြည့် ချစ်ခြင်းတွေ
ဖူးပွင့်နေလိုက်တာ
မင်းခူးဆွတ်ဖို့ ငံ့လင့်နေကြတယ် ။ ။
မိုးဇက်
သူပြောမှပဲ နတ်သမီးညိုညို ကို မျက်လုံးထဲမြင်မိတော့တယ် :D
လက်ရာကောင်းကဗျာလေးကိုအားပေးသွားပါတယ်မစ္စတာမိုးဇက်ရေ
ဧကာနတော့..နက်သမီးက
အညာသူများလားကိုမိုးဇက်း))
အလဲ့.. သရဲရေးတဲ့စာက မိုက်သား... အဟိဟိ
နတ်သမီးဘ၀လည်း သနားပါတယ်။ သူလုပ်မှ အညိုဖြစ်သွားရှာတယ်။ တော်သေးတယ် နတ်သမီးမည်းမည်းဆိုပြီး မလာတာ ဟဟဟ ဟိဟိဟိ ဟုဟုဟု
သေပြီဆိုပြီး ဘာလို့ စာတွေရေးနေတုန်း.. ဟွန်း
ha ha သရဲဘ၀နဲ့ တောင် ကဗျာတွေရေးနိုင်တယ်.. နတ်သမီးညိုညိုလေး ကို သရဲသွားခြောက်နဲ့နော် :D
ကိုမိုးရေ.. ညိုညိုလေးကို အားပေးခဲ့တယ်ဗျို့.. ..
..
ဖူးပွင့်နေကြတာ ဆိုပါလား။ အတို့အမြှုပ်လုပ်ဖို့ လာခူးဆွတ်ဦးမယ်။ ငါးပိရည်လေးနဲ့ဆို ပိုကောင်းမယ်။ ဟာ ဟ။
များများဖူးဆွတ်ပြီး နတ်သမီးလေး မြန်မြန်ခူးဆွတ်နိုင်ပါစေဗျာ။
မိုးဇက်ဆိုတာ လှိုင်ဖုန်းလား.. မျက်စိလည်အောင်မလုပ်နဲ့..