ဒီစာဟာ ကဗျာမဟုတ်ဘူး
၊ ကြိုပြောထားမယ်ဗျာ ဖြစ်နိုင်ရင်ဆက်မဖတ်ပါနှင့် ဒီဟာ ကဗျာမဟုတ်ဘူး ။ ခင်ဗျားတို့ ဖတ်လဲလုံးဝ
အကျိုးမရှိဘူး ၊ ဆက်မဖတ်နှင့်နော် ။
လောကမှာ ဘယ်အရာကိုမှ
ပိုင်ဆိုင်ခွင့်မရှိတဲ့ကောင် တစ်ယောက်အကြောင်းခင်ဗျားတို့ကြားဖူးလား ၊ သိသလား ၊ လောကဓံရဲ့
အချိုးအကွေ့တွေကို ခပ်မိုက်မိုက်ကြုံခဲ့တာ အကြိမ်ကြိမ် ၊ ခုထိအရေမထူသေးဘူး ၊ ခင်ဗျားသိလား
လူတစ်ယောက်ရဲ့ သုညတန်ဖိုးရှိတဲ့ ဘဝခါးတွေအကြောင်း ၊ ဟောဒီမိုးဇက်ပဲ ။ မယုံရင် မိုးဇက်ရင်ဘက်ထဲကို
လက်တစ်ဆုံးနိုက်ကြည့်လိုက် ၊ ဗလာ ၊ သုည ။ သုညတောင် အညတရ သုည ၊
ကျွန်တော်ပြောတယ်
ဆက်မဖတ်နှင့်တော့ ဘာမှမဟုတ်ဘူး ၊ ဖတ်နေလဲ အကျိုးတစ်စုံတစ်ရာရှိလာမှာ မဟုတ်ဘူး ၊ ဘာကြောင့်လဲဆိုတော့
နှလုံးသား မရှိတော့တဲ့ ဟောဒီမိုးဇက်ရေးထားတာ နှလုံးသားနှင့်ဖတ်တဲ့ ခင်ဗျားတို့အတွက်
မျက်စိညောင်းတာပဲ အဖတ်တင်မယ် ။ ဟုတ်တယ် ဘာဆိုဘာမှ သုံးစားမရတဲ့ဟောဒီကောင်ကို ချစ်သူမပြောနှင့်
ဘယ်ကောင်မလေးကကော တစ်ဘဝစာမျှော်တွေးရဲမှာလဲ ။ ကိုယ့်ကိုကိုယ်လဲ အထင်ကြီးစရာမရှိလို့
ဘယ်သူမှလဲ ကိုယ့်ကိုအထင်မကြီးဘူး ၊ ကိုယ်တိုင်ကလဲ ကိုယ့်ကိုကိုယ် ဘယ်တုန်းကမှ အထင်မကြီးဘူး
။ မွေးကတည်းက သိမ်သိမ်ငယ်ငယ်လေး ၊ ကြီးလာတော့လဲ
မျက်စိသူငယ်နားသူငယ်လေး ၊ လောကကြီးကို ဂြိုလ်သားတစ်ယောက်လိုဆက်ဆံနေတာ ၊ ဘယ်လိုမှ လူ့လောကအကြောင်းကိုနားမလည်ဘူး
၊ လူ့လောကကြီးကလဲ ဘယ်တုန်းကမှ ကိုယ့်အပေါ်နားလည်ပေးမှုမရှိဘူး ။ ဒါပဲ မိုးဇက်ဆိုတာ ။
ကဗျာမဟုတ်ဘူးနော်
၊ အသေအချာ ကျမ်းကျိမ်ပီးပြောမယ် ဆက်မဖတ်နှင့်တော့ ဒီနေရာကပဲ ရပ်လိုက်တော့ ဒါဟာ ကဗျာမဟုတ်ဘူး
၊ အမြဲလိုလို နောက်ကျနေတတ်တဲ့ကောင် ၊ ခုကိုယ့်အသက်က ကျင်းနခမ်းကို ခြေတစ်ဘက်လှမ်းနေပီ
ခုချိန်ထိ အတွေးအခေါ်တွေလူလားမမြောက်သေးဘူး ၊ ဟောဒီကောင် မိုးဇက် အရေပြားတွေက ဇယာပိုင်းကို
သွင်ကျူးနေပေမယ့် ဘဝရဲ့နေရေးထိုင်ရေးတွေကို ခုမှဇယားခင်းနေတုန်း ၊ ခင်းမလို့ပြင်နေတုန်း
၊ ဘာဆိုဘာမှ သုံးမရတဲ့ကောင်အကြောင်းဆိုတော့ သုံးမရတဲ့စာကြောင်းတွေပဲ ၊
မောတယ် ၊
ခင်ဗျားတို့ကို ပြောရတာမောတယ် ဆက်မဖတ်နှင့်တော့ ခင်ဗျားတို့ အာရုံနောက်တာပဲ အဖတ်တင်မယ်
ဘာမှထူးလာမှာမဟုတ်ဘူး ၊ လုံးဝ ဆက်မဖတ်ပါနှင့်
၊ ဒါဟာ ကဗျာမဟုတ်ဘူး ။ ဒီဇင်ဘာရောက်တိုင်း သွေးဆုတ်သွားတဲ့နေ့ရက်တွေ ခုချိန်ထိရှိတယ်
၊ ဒီဇင်ဘာနှင့်အတူ ……… လွတ်ချခံလိုက်ရတဲ့ ဗလာကောင်တစ်ယောက်အကြောင်း ၊ ဒီလိုလေးပါပဲ
ဘဝကို မဖြူစင်နိုင်တော့တဲ့ မျက်လုံးတွေနှင့် မမြင်ဝိုးတဝါး လျှောက်နေတဲ့ကောင် ၊ ဗလာပဲ……………..ဗလာမှ
ဘာအဆက်အပျောက်မှ မရှိတဲ့ဗလာ …………….
ကဲခုလိုပဲ
ဘလော့လေးမှာ မတောက်တစ်ခေါက်ခံစားချက်လေး ချရေးပီး ၊ ကဗျာလို့နာမည် တတ်တဲ့ကောင် ၊ ဟိုအိမ်လျှောက်လည်
ဒီအိမ်လျှောက်လည် ၊ လက်ကမျင်း ၊ တွေ့ကရာ လိုက်နောက်နေတဲ့ကောင် ၊ ဘာမှသုံးမရတဲ့ကောင်
၊ ခင်ဗျားတို့ အပြင်မှာမတွေ့ဘူးတဲ့ မိုးဇက် ၊ ခပ်တည်တည်နှင့် ကဗျာဆရာလို့ ခေါင်းစဉ်တပ်ထားတဲ့
ကောင် ၊ ကဲ ခုတော့………. ဝိဥာဉ်တွေ ဆုတ်ချည်ခွာချည်နှင့်သေတော့မယ် ၊ ခေါ်သံတွေသဲ့သဲ့ကြားနေရပီ
၊ ဝေဒနာတစ်ခုကို ခပ်မျင်းမျင်းလေးမြည်းစားရင်း သေမင်းအလာကို ဆောင့်နေပီ ၊
ငါ့အသုဘကို
ဘယ်သူမှလိုက်ပို့နိုင်မှာမဟုတ်ဘူး ၊ ငါဟာ သုညဆိုတဲ့ဗလာကောင်မိုလို့ပဲ ၊ ဟုတ်တယ် ဒါပဲ
၊ မိုးဇက် သေတော့မယ် ဒီဇင်ဘာရဲ့ နောက်ဆုံးရက်မှာ “ ဟုတ် ” ကနဲ သေဆုံးတော့မယ် ၊ ဒီဇင်ဘာရဲ့
နောက်ဆုံးနေ့မှာ မိုးဇက် သေပီ ၊
ခင်ဗျားကို
ပြောတယ် ဒါဟာ ကဗျာမဟုတ်ပါဘူးလို့ ၊ ခုတော့ အဆုံးထိလဲ ခင်ဗျား ဖတ်လိုက်ရတယ် ၊ ဘာမှမဟုတ်တဲ့ကောင်အကြောင်း
ဘာမှအကျိုးမရှိပဲ ၊ ဘာအတွက်မှ အချိန်ကုန်ခံပီး ဆက်မဖတ်နှင့်တော့ ဒါဟာ
က
ဗျာ
မဟုတ်ဘူး............................
ဒီဇင်ဘာနှင့်အတူ
ကြွေလွင့်သွားမယ့်
မိုးဇက်ရဲ့
သေတမ်းစာ
မိုးဇက်
ဆက်မဖတ်နဲ့လည်းဆိုသေး
ဘာလို့ရေးထားသေးဒုန်းး)
ကိုမိုးဇက်တို့သေတာနောက်ကျနေသေးတယ်
သမံစီးတို့က.တစ်ရက်နေ့ကတည်းက.သေတား)
သေတမ်းစာသာဆိုတယ်
အမွေကိစ္စလည်းတစ်လုံးမှ.မပါပါကလား
စကားမစပ်..
တကယ်ပဲ.လျှောတော့မှာလားဟင်
ကိုမိုးဇက်ရယ်...
အဟင့် ရွှတ် ဖတ် :P
ကန်ဒီပို့လို့ရရင် လိုက်ပို့မှာပါ အသုဘကို.. :(
အဲ့လောက် ၀မ်းမနည်းပါနဲ့...
ဗိုက်နာတာနဲ့ မသေလောက်ပါဘူး.. ဆေးမှန်မှန်သောက်နော် :(
ပြုသမျှကိုသာဓုခေါ်ပါ..အမျှ အမျှ အမျှ ယူတော်မူပါ.. :D
ဟေ..မိုးဇက် စိတ်ကိုထိန်းပါဗျ.. ကျွန်တော်တစ်ယောက်လုံးအဖေါ်ရှိပါသေးတယ်.. ခင်ဗျားသေရင်ကျွန်တော်လည်း မနေဘူး လိုက်သေမယ် :D
ဒီစာဟာ ကဗျာမဟုတ်ဘူး / မိုးဇက်သေပီ
ပီားးးဝမ်းတာလိုက်တာပာယ်
ဆက်မဖတ်နဲ့ ဆိုလို့ ဆက်ဖတ်လိုက်တယ် :P