ဆော့ကစားလိုက် ပြန်ချော့လိုက်နှင့်
အပွန်းအပဲ့တွေနှင့် ငါ့နှလုံးသား
အနာဖေးတတ်လိုက် ယင်းထလိုက် ။ ။
ဒီနှုတ်ခမ်းတွေကို ထိတွေ့ခွင့်ပေးခဲ့တာ
အိမ်မက်တစ်ခုလား ။ ။
ခုတော့ နှုတ်ဆက်ဖို့ မြှောက်လိုက်တဲ့ ငါ့လက်ကိုတောင်
နာနာကျည်းကျည်း အပြစ်တင်မိခဲ့ ။ ။
သက်တန်းတစ်လျှောက် ထမ်းပိုးထားတဲ့
ငါ့အလွမ်းတွေကို လောင်မြိုက်ခွင့်ပြုလိုက်တာလား ။ ။
ဇာတ်လမ်းကို ဒီလိုအဆုံးသက်ပြစ်လိုက်တော့လဲ
ချစ်သူ...............
ငါ့သစ္စာငါသိသလို ၊ မင်းချစ်ခြင်းတရားကို ငါမသိတော့
ဒိုင်ယာရီ စာအုပ်ထဲမှာပဲ ငါမှတ်တမ်းတင်ထားမယ် ။ ။
မိုးဇက်
အရင်ဆိုက်က အဟောင်းလေးပါ
ဒိုင်ယာရီ စာအုပ်ထဲမှာပဲ ငါမှတ်တမ်းတင်ထားမယ် ။ ။
စာသားလေးမိုက်တယ်
စာသားတွေအရမ်းမိုက်နေပြီနော်
ငါ့သစ္စာငါသိသလို ၊ မင်းချစ်ခြင်းတရားကို ငါမသိတော့
အမလဲအဲလိုပဲ ကိုယ့်သစ္စာပဲ ကိုယ်သိနေတယ်
ထပ်တူခံစားခဲ့ပါတယ်မိုးဇက်ရေ
အားပေးခဲ့တယ်နော် ကိုကိုဇွတ်