တိမ်ညိုတွေဖွဲ့တည်နေတဲ့ အနောက်ကောင်းကင်
တဖွဲဖွဲမှတကယ့် တဖွဲဖွဲပါပဲ
တို့နှစ်ယောက်ကို ဆုံဆည်းခွင့်ပေးခဲ့တဲ့ ဒီမိုးလေးမှာ
အခုလို မျက်ရည်တွေမပါဘူးလေ ။
ငါတို့နှစ်ယောက်ထိုင်ခဲ့ကြတဲ့ ဒီထိုင်ခုံလေးမှာ
အခုတော့ မင်းရဲ့ခပ်ရှရှရနံ့လေးတွေနဲ့ပဲ
ကိုယ့်မှာ အဖော်ပြုနေရပြီ ။
အဲဒီတုန်းက အချိန်လေးကိုပြန်သတိရတိုင်း
နှင်းစွတ်တဲ့ ဟိုး တောင်ပေါ်မြတ်ခင်းပြင်ထဲ
ဖြတ်လျှောက်ရသလို အရာရာဟာငြိမ်းချမ်းဆဲပါ ။
တဖွဲဖွဲလေးရွာနေတဲ့ ဒီမိုးလေးရဲ့အောက်မှာ
အထီးကျန်တဲ့ ဟောဒီခြေထောက်တစ်စုံနှင့်
မျက်ရည်တွေပြည့်နေတဲ့ ဟောဒီမျက်ဝန်းတစုံနှင့်
ထိရှလွယ်တဲ့ ဟောဒီနှလုံးသားမှာ ဒဏ်ရာဒဏ်ချက်အပြည့်နှင့်
မင်းနာမည်ကို ခပ်တိုးတိုးရေရွတ်ရင်း ဦးတည်ရာမဲ့ လျှောက်လှမ်းနေမိတယ် ။
ငါတို့နှစ်ယောက် သိပ်ချစ်ခဲ့တယ်
ပြသနာတွေ ဒုက္ခတွေ ကြုံတိုင်းငါတို့လက်တွေပူးယှက် ခိုင်မြဲခဲ့တယ် ။
ပြီးတော့ အရာရာအားလုံးကို ငါတို့ချစ်ခြင်းတွေနှင့်
လှပစွာတန်ဆာစဉ်ခဲ့တယ် ။
ပြီးတော့ မကုန်ခမ်းနိုင်တဲ့ ချစ်ခြင်းသံဇဉ်တွေကို
အပြန်အလှန် သီိဆိုကျူးရင့်ခဲ့တာ
ပြီးတော့ ................
ပြီးတော့ လည်းပြီးသွားတာပါပဲ
သံတူကြောင်းကွဲ မာနတစ်ခုစီနဲ့ပဲ ကိုယ်လိုရာဆွဲတွေး
ထင်ကြေးတွေနှင့် ဝေးခဲ့ရတော့
နားလည်မပေးနိုင်သူကို မနာကြည်းတော့ပါဘူး
ငါကိုယ်တိုင်က မင်းရဲ့အပြုအမူတွေကို နားမလည်လို့ဘဲ
ဒီလိုနှင့်မင်းငါ့အနားကထွတ်ခွာသွားတယ်
ဒါပေမယ့်
မင်းကျန်နေရစ်တယ် ။
(ငါ့ရင်ထဲမှာ ။)
မာနစီးချင်း
မိုးဇက်
အင်း.. ချစ်တဲ့သူတွေကြားမှာတော့ မာနက မထားသင့်တဲ့အရာပေါ့ :)
အဲ့ဒီထိုင်ခုံကနေ သေချာသာစောင့်နေလိုက် အခိန်တန်ရင် ပြန်လာလိမ့်မယ်..
ကဗျာလေးက ကောင်းလိုက်တာ
တို့နှစ်ယောက်ကို ဆုံဆည်းခွင့်ပေးခဲ့တဲ့ ဒီမိုးလေးမှာ
အခုလို မျက်ရည်တွေမပါဘူးလေ----ဟုတ်တာပေါ့ချစ်သူတွေအတွက်မျက်ရည်ဆိုတာမကောင်းပါဘူး
ကဗျာ လာဖတ်ပါတယ်...