မချစ်နိုင်မှန်းသိလျှက်
ဇွတ်တိုးခဲ့တဲ့ ငါ့အသည်း
ဇာတ်လမ်း မဆုံးခင်မှာဘဲ
အမုန်းတံဆိပ်ကို လှပစွာနှင့်
ငါ့ရင်ဘတ်မှာ ခပ်နှိပ်ခံရပြီ..........
ဇွတ်တိုးခဲ့တဲ့ ငါ့အသည်း
ဇာတ်လမ်း မဆုံးခင်မှာဘဲ
အမုန်းတံဆိပ်ကို လှပစွာနှင့်
ငါ့ရင်ဘတ်မှာ ခပ်နှိပ်ခံရပြီ..........
ဆိုခွင့်မရှိတဲ့ သီချင်းကိုမှ
ငါဟာ မိုက်မဲစွာသီဆိုခဲ့တာပါ ။ ။
မင်းပစ်လိုက်တဲ့ ဓားတစ်ချောင်း
ငါ့ရင်ဘက်မှာ စိုက်ဝင်သွားတုန်းက
သီချင်းတွေ အဆုံးအသတ်သေးဘူး ။ ။
မသပ်မရပ် လှည့်စားချက်တွေအောက်က ငါ
ခွင့်လွတ်အချစ်တွေကို
ခပ်တင်းတင်း ဆုပ်ကိုင်ထားခဲ့တယ် ။ ။
တကယ်ဆိုရင်
ပစ္စလက်ခတ်ကို ကျရှုံးခဲ့တဲ့နှလုံးသား
အမုန်းစကားတွေဟောတဲ့
မင်းနှုတ်ဖျားမှာ ငါကျွတ်တမ်းဝင် သင့်ပါပြီ ။ ။
မိုးဇက်
ကဗျာလေးခံစားအားပေးသွားပါတယ်
မင်းပစ်လိုက်တဲ့ ဓားတစ်ချောင်း
ငါ့ရင်ဘက်မှာ စိုက်ဝင်သွားတုန်းက
သီချင်းတွေ အဆုံးအသတ်သေးဘူး ။
တော်သေးတယ် သေနပ်နဲ့ မပစ်လို့
အားပေးသွားပါတယ်
ကဗျာကောင်းလေးဖတ်ရလို့ ကျေးဇူး
မိုးစက်ရေ... နေကောင်းတယ်နော်...။ ခုမှပဲအလည်ရောက်ဖြစ်တော့တယ်။ ဗုဒ္ဓဂယာဖက်ကို ခရီးလွန်နေတာနဲ့ ဘလော့တွေမလည်ဖြစ်ခဲ့ဘူး။
ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ
ကဗျာလေးတွေ ရေလည်လန်းတယ် တကယ်ပြောတာ :D
ဒေ၀ါလီခံသွားပီဆိုတော့ အပ်ထားတဲ့ပိုက်ဆံတွေပြန်မရတော့ဘူးလို့ဆိုချင်တာပေါ့နော်း)
ခင်မင်လျှက်
မဒိုးကန်