ကောင်းကင်ပြင်ကို ပွင်ဖက်တို့နှင့်ဖြန့်ခင်းပြီး
ဝတ်မှုံတို့ရနံ့နှင့် သင်းပျံ့ဖို့
ငါ့နှလုံးသားကို ပန်းတခင်းစိုက်ပျိုးခဲ့တာ
သူရူးရာဇဝင်မှာပဲ မှတ်တမ်းတင်ခံရပီ ။ ။
သူမနှင့် ကျွန်တော်ရင်ခုန်သံတွေထပ်ပီး
ရေးခဲ့တဲ့စာသား တကယ်တန်းဆိုကြည့်တော့
တူရိယာကြိုးတွေ ပျက်တောက်ကုန်တာ
သီချင်းတွေ အဆုံးမသက်သေးဘူး ။ ။
သူမရဲ့နှုတ်ခမ်းတွေနှင့် ထုဆစ်ခဲ့တဲ့ အနာဂါတ်တစ်ခုဟာ
ဆောင်းတွင်းအိမ်မက်လို ဖယိုဖရဲသွေးခုန်နှုန်းတွေနှင့်
တပိုင်းတစ... လန့်နိုးခဲ့ပြီ ။ ။
သူမက ဘဝအာမခံချက်ဆိုတဲ့
ကင်းဗက်ပေါ်မှာ ချစ်ခြင်းတရားကို
အစက်ပျောက်လေးအဖြစ် ရေးချယ်ခြင်တာ
ကျွန်တော်က ဘဝတစ်ပြင်လုံး
ချစ်ခြင်းတရားနှင့် အလှပဆုံး
ဆုတ်ချက်တွေ ရေးဖြည့်နေမိတော့
အသည်းကွဲခြင်းကို ကျကျနန စာလုံးပေါင်းတတ်သွားတယ် ။ ။
အသည်းကွဲရာက ခြေချော်လက်ချော်ဖြစ်ပီး
ကဗျာဆရာဖြစ်သွားတဲ့ ဆရာသစ္စာနီရေ
အသည်းတကွဲနှင့် ရေးတဲ့ ကျွန်တော့ကဗျာတွေကတော့
ခပ်ညံ့ညံ့ကဗျာတွေပဲ ဖြစ်ခဲ့တော့
ခံစားချက်တွေ ညို့တယ် ။ ။
ခပ်ညံ့ညံ့ကဗျာ .........
မိုးဇက်
ဒီအပိုဒ်လေးကို အထူးနှစ်သက်တယ်။
သူမက ဘဝအာမခံချက်ဆိုတဲ့
ကင်းဗက်ပေါ်မှာ ချစ်ခြင်းတရားကို
အစက်ပျောက်လေးအဖြစ် ရေးချယ်ခြင်တာ
ကျွန်တော်က ဘဝတစ်ပြင်လုံး
ချစ်ခြင်းတရားနှင့် အလှပဆုံး
ဆုတ်ချက်တွေ ရေးဖြည့်နေမိတော့
အသည်းကွဲခြင်းကို ကျကျနန စာလုံးပေါင်းတတ်သွားတယ် ။
ခင်မင်လျက်
မြတ်
ဘယ်သူက ညံ့တယ်ပြောတုန်း
ကဗျာဆရာကြီး မိုးဇက်ကလဲ လုပ်ပီ
သြော် ချစ်သူများနေ့မှာမိုးဇက်အသည်းကွဲလို့တဲ့
ချောကလက်ယူလာတာပဲဘယ်ကျန်ခဲ့လည်းသိဘူး ဟိဟိဟိ
ပျော်ရွှင်သောချစ်သူများနေ့ဖြစ်ပါစေ
ကဗျာကောင်းလေးတစ်ပုဒ်ဖတ်သွားတယ် မိုးဇက်ရေ။
ကိုယ်တိုင်မစပ်တတ်တော့ပါရမီရှင်တွေကိုပဲအားကျနေမိတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ခုလို အလည်လာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်....... တီတင့်.....နောက်လဲ လာရောက်ဖို့ဖိတ်ခေါ်ပါတယ်.....
ကဗျာဆရာကြီးနေကောင်းသွားဘီလားး)))
ခင်တဲ့
ဒိုးကန်