မင်းကိုသိမ်းကျုံးမက်တတ်တဲ့ ငါ့ညတွေကိုမုန်းတယ်
သိပ်မုန်းတာပဲ ....ခါးခါးလျှလျှကိုမုန်းတာ ။ ။
အသွားသာရှိပီး အပြန်မဲ့တဲ့ငါ့ချစ်ခြင်းတရားကိုလဲမုန်းတယ်
နင့်ကိုမုန်းလိုက်တာ
နင့်ကို နှုတ်က မုန်းတယ်လို့ တဖွဖွပြောတဲ့
ငါ့လိမ်ညာစကားတွေကိုလဲ ငါမုန်းသင့်ပီ
သေရာပါအောင် ကဗျည်းထိုးလိုက်တဲ့
ငါ့နှလုံးသားပေါ်က မင်းနာမည်ကိုလဲ ဖျက်မရလို့မုန်းလိုက်တာ
လက်ညိုးထိုးအန်မထုတ်နိုင်အောင်ကိုမုန်းလို့ ။ ။
ငါ့အသက်ရူသံတိုင်း မင်းအငွေ့အသက်တွေကိုရှာနေမိတာကြီးကိုမုန်းတာ
ဟုတ်တယ်.......ငါ နင့်ကို မုန်းတယ် ။ ။
ဟုတ်တယ်.......ငါနင့်ကိုမုန်းတယ်
နင်စေစားရာအတိုင်း စည်းချက်လိုက်ခဲ့တဲ့ ငါ့ရင်ခုန်သံကို ........မုန်းတယ်
ဘယ်တော့မှ မချစ်နိုင်မှန်းသိလျှက်နှင့် ငါချစ်ခဲ့တာကို ငါမုန်းတာ
ငါ့ဝိဥာဉ်တွေ ပေါက်ကွဲထွက်မတတ် နင့်ကိုငါ မုန်းတယ်
ငါ့ကိုညာသွားတဲ့ နင့်ကို........မုန်းတယ် ။ ။
မုန်းတယ်ဆိုတဲ့စကားရဲ့ ခြုံလွာအောက်မှာ အရမ်းချစ်လိုက်ရတာဆိုတဲ့
ခံစားမှုကြီးကပ်ကပ်ပါသွားတာကို .....မုန်းတာ ။ ။
ကျေးဇူးပြုပီး.....ငါကိုယ်ငါ မုန်း ခွင့်ပြုပါ ။ ။
မုန်းတာကြီးကို မုန်းနေတဲ့လူ
မိုးဇက်
“မုန်းတယ်ဆိုတဲ့စကားရဲ့ ခြုံလွာအောက်မှာ အရမ်းချစ်လိုက်ရတာဆိုတဲ့
ခံစားမှုကြီးကပ်ကပ်ပါသွားတာကို .....မုန်းတာ”
ဦးနှောက်က မုန်းချင်ပေမယ့် နှလုံးသားက မမုန်းနိုင်တာပေါ့..
ကဗျာလေး ကြိုက်တယ်..
မုန်း မုန်း မုန်း..
မုန်းချင်းထပ်အောင်ပြောသွားတဲ့ ကာရံတွေအောက်မှာ အချစ်တွေပါသွားတယ် :D
အဲဒီအမုန်းတွေပေါ့ အသဲထဲစိမ့်နေအောင် ခါးတာ....
ငါ့ကိုယ့် ငါမုန်းခွင့်ပြုပါ...
လာအားပေးသွားပါတယ်...
အချစ်တစ်ခုကို ပြစ်ပြစ်ခါခါ ကြေးတင်ပီး
ဘဝတစ်ခုနှင့် မိုက်မိုက်မဲမဲ လောင်းကြေးထပ်လိုက်တယ်
ရလဒ်တစ်ခုကို ခပ်ရဲရဲ ဖောက်ဖတ်ကြည့်လိုက်တော့
.....................................
ဗလာ အဟက်
နင့်ကို နှုတ်က မုန်းတယ်လို့ တဖွဖွပြောတဲ့
ငါ့လိမ်ညာစကားတွေကိုလဲ ငါမုန့်း
အဲ့နေရာလေးက ထပ်တူကျနေတယ် ကျွန်တော်နဲ့ပေါ့
ဖတ်ပြီ ၀တောင် မုန်းချင်လာပြီး အဲလောက်မုန်းပါနဲ့ 
အဆင်ပြေသွားမှာပါ အိုကေတယ်နော်
ကဗျာရေးတဲ့ ကဗျာဆရာကို မုန်းလိုက်တာ :D
မုန်းပြီးလား မေ့ပြီးလား ငါ့ကိုရှင်းပြခွင့်ပေးပါ (Rဇာနည်) :D
တိန်...........