ကပိုကရိုနိုင်လှတဲ့
လေထန်ကုန်းတစ်ခုမှာ
စားပွဲတစ်လုံး ပေါင်မုန့်တစ်ပွဲနှင့်
ခပ်ပြင်းပြင်း ခံစားချက်တွေကို
လဘ္ဘက်ရည်နှင့် ငါတို့မြည်းကြတယ် ။ ။
သောကတွေကို ခေါက်သိမ်း
အေးချမ်းလှတဲ့ ခင်မင်မှုတွေနှင့်
ခေါက်ရိုးကျိုးနေတဲ့ စကားလုံးတွေကို
ငါတို့ဝိုင်းမှာ ဖြန့်ခင်းကြတယ် ။ ။
မျက်နှာဖုံးတွေ ခွါချ
စည်းမျဉ်းမရှိတဲ့ တေးတပုဒ်ကို
တို့တတွေ သံပြိုင်သီဆိုကြတယ် ။ ။
ဒါပေမယ့်လည်း ........
ငါတို့ရဲ့ အပြန်လမ်းမှာ
ခံစားချက်အရောင်မျိုးစုံနှင့်
မောဟတွေ အပြိုင်းပြိုင်းညွတ်ကျ
ရှိရင်းစွဲ အတ္တတွေကို ပြန်ထုတ်ဆောင်း
ငါတို့ ဆိုင်ရာလမ်းအတိုင်း လျှောက်ပြန်လာကြတာ
ကိုယ့်အတွေးနှင့်ကိုယ် စီရရီ.................
မိုးဇက်
စောစောစီးစီး အတွေးတွေ လတ်ဆတ်နေပါလား စောရကြီး..
ဝိုင်းထဲ ၀င်တုန်းခဏပဲ ခွာချခဲ့တာဆိုတော့
ပြန်ထကြတော့ ကိုယ့်ဟာ ကိုယ်ပြန်ယူရမှာပဲပေါ့..
မိုးဇက်ရေ
သောကတွေကို ခေါက်သိမ်း
အေးချမ်းလှတဲ့ ခင်မင်မှုတွေနှင့်------ဆက်လက်မင်ကြရအောင်ပေါ့နော်
ခင်မင်တဲ့ jasmine
ဒါပေမယ့်လည်း ........
ငါတို့ရဲ့ အပြန်လမ်းမှာ
ခံစားချက်အရောင်မျိုးစုံနှင့်
မောဟတွေ အပြိုင်းပြိုင်းညွတ်ကျ
ရှိရင်းစွဲ အတ္တတွေကို ပြန်ထုတ်ဆောင်း
ငါတို့ ဆိုင်ရာလမ်းအတိုင်း လျှောက်ပြန်လာကြတာ
ကိုယ့်အတွေးနှင့်ကိုယ် စီရရီ................. အဲအတိုင်းပဲ
မိုက်တယ်
လေးစားပါတယ် ကဗျာဆရာအနုပညာရှင်ကြီး ကိုမိုးဇက်(သူပြောသလို ပြောသည် :P)
အန်ကယ့်ကဗျာတွေက
အမြဲကောင်းနေတာပဲဗျို့