ကျောင်းလေးတစ်ကျောင်း
အဲဒီကျောင်းလေးမှာ
တစ်ချိန်ကချစ်ဦးသူနှင့် အတူလမ်းလျှောက်ဖူးတယ် ။ ။
အဲဒီကျောင်းလေးမှာ......
ငါ့မျှော်လင့်ချက်တွေ ခပ်တုံးတုံးမာယာတွေနှင့်
အမွန်းခံရဖူးတယ် ။ ။
အဲဒီကျောင်းလေးမှာ....
ပါးလှပ်လှပ်အလှနှင့် မျက်ဝန်းညို့ညို့တစ်စုံပိုင်ဆိုင်တဲ့
ကောင်မလေးတစ်ယောက်ရှိခဲ့တယ် ။ ။
အဲဒီကောင်မလေးကို ကျွန်တော်ရင်ဖွင့်တုန်းက
ရှက်သွေးတို့ရဲခနဲပေသွားတဲ့ သူမမျက်နှာအောက်မှာ
ရိုးသားမှုဆိုတဲ့အရာ ပျောက်ဆုံးနေတာမသိခဲ့ဘူး ။ ။
“ မေနို ” လို့ အမြတ်တနိုးခေါ်ခဲ့တုန်းက
ခပ်တင်းတင်းနှုတ်ခမ်းနှစ်လွာနှင့် အသိအမှတ်ပြုခဲ့တာ ငါမှတ်မိသေးတယ် ။ ။
အဲဒီနှုတ်ခမ်းတွေနှင့်ပဲ သူ့အိမ်မက်တွေ
ကျွန်တော်ပိုင်ဆိုင်ခွင့်ရခဲ့တယ် ။ ။
ဒါပေမယ့် “ မေနို ”
နင်နှင့်ငါ နှလုံးသားခြင်းလက်ဆွဲနှုတ်ဆက်တုန်းက
မာယာဆိုတဲ့ဓါးတစ်လက် ကြားညှပ်ထားတာ
ငါမသိခဲ့တော့ ...... ထိရှဒဏ်ရာတွေဟာ
အကြောင်းသင့်တိုင်း အသစ်သစ်ဖြစ်သွားတာ
ခုချိန်ထိပဲ “ မေနို ” ။ ။
မိုးဇက်
ကဗျာလေး အားပေးခဲ့တယ်ဟ
ခင်မင်စွာဖြင့် (လွမ်း) www.lwanpaishin.blogspot.com
အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ).........
အတိတ်ကိုမေ့နိုင်ပါစေ.........
ကဗျာလေးခံစားဖတ်ခဲ့တယ်
ခင်မင်တဲ့ sis jasmine
ကဗျာလေးကောင်း၏
ကောင်းလိုက်တဲ့ကဗျာ
ကဗျာဆရာကြီးမိုးဇက်ဆိုတော့ ဒီလောက်တော့ရှိမှာပေါ့နော်
မေနိုတဲ့ ချစ်စရာနာမည်လှလှလေးပဲ..
မေနို လို့ အမြတ်တနိုးခေါ်တယ်ဆိုတော့ မေနို ဆိုတာ ကိုယ်တိုင်ပေးတဲ့ နာမည်လားဟင် ?