ကဗျာဆရာဟာ........
အဓိပ္ပါယ်တွေ အလှပဆုံးသိမ်းသွင်းထားတဲ့ စကားလုံးများနှင့်
အနုပညာလျှပ်စီးအားကို လက်နှင့်ဖမ်းဆုပ်ပြတယ် ။ ။
ကဗျာဆရာဟာ........
ရင်ဘက်တွေကို ဟင်းလင်းအဖွင့်ခံပီး
စကားလုံးတွေကို မွေးထုတ်ပေးသလို
ဘေးထွက်လွင့်ပြန်မှု အနည်းဆုံးနှင့်
စကားလုံးစားသုံးသူရဲ့ ခံစားမှုကိုလဲ
ဟင်းလင်းဖွင့်ပြစ်လိုက်တယ် ။ ။
ကဗျာဆရာဟာ.........
တစ်ချက်တစ်ချက် ပုံရိပ်ယောင်တွေကို
စကားလုံးတွေနှင့်ဖမ်းဆုပ်ပီး ပုံရိပ်စစ်ဖြစ်အောင်
သူ့ဝိဥာဉ်ကိုပါ ဖဲ့ချွေပီး အသက်သွင်းတယ် ။ ။
ကဗျာဆရာဟာ...........
မှော်သွင်းထားတဲ့စကားလုံးတွေနှင့်
စကားလုံးစားသုံးသူရဲ့စိတ်ကို
ရေမီးအပြည့်အစုံဖြစ်အောင် ဖန်တီးပေးတယ်............
စကားလုံးစားသုံးသူကို ပျော်ရွင်ရွင်းလဲ့လာအောင်
ဖန်တီးတယ် .............
စကားလုံးစားသုံးသူကို အမြင့်ဆုံးနူးညံ့မှုဆီကို
ခေါ်ဆောင်သွားတယ် ။ ။
ကဗျာဆရာဟာ.........
အမှီအခိုကင်းသော အနုပညာဖန်တီးမှုအား
မျက်လှည့်ပွဲ တစ်ခုကဲ့သို့အစီအစဉ်တကျ ခင်းကျင်းပြသတယ် ။ ။
တဖြည်းဖြည်းနှင့်
ကဗျာဆရာဟာ.........
စကားလုံးစားသုံးသူတွေကို စကားလုံးစားသုံးမှုရိုးအီမသွားရအောင်
စကားလုံးသစ်လွင်မှုတွေကို တူးဖော်တယ် ။ ။
အချိန်ကာလတွေ ကျိုးကြေနေအောင်ကို ရင်ဘက်နှင့်ရင်းပီး
စကားလုံးစီးစီးပိုင်ပိုင်တစ်ခုတွေ့အောင် တူးဖော်တယ် ။ ။
တစ်ချက်တစ်ချက် ဖြတ်သွားဖြတ်လာ လူတွေရဲ့
ပုခုံးနှစ်ဖက်ကြားက ပေါက်နေတဲ့ အိမ်မက်တွေကို
နှိုက်နှိုက်ပီး စကားလုံးတွေကို တူးဖော်ယူတယ် ။ ။
တူးဖော်စရာမြေကွက်မကျန်အောင်ကို စကားလုံးတွေကိုတူးဖော်တယ်
သူ့ကိုသူ ကဗျာဆရာလို့ မမြည်အောင်ကို တူးဖော်တယ် .............
အသန့်ရှင်းဆုံးစကားလုံးတွေရဖို့
အတ္တစွဲတွေအောက်ကို မောပန်းတကြီးတူးဖော်ယူတယ်......
နောက်ဆုံး ..............
စကားလုံးစားသုံးသူတွေအား အရသာရှိတဲ့စကားလုံးတွေ
တစ်နေ့တစ်မျိုးမထပ်အောင် ချကျွေးဖို့အတွက်
စကားလုံးတွေကို တူးဖော်ရင်း
ကဗျာဆရာဟာ သူ့ကိုယ်သူပြန်တူးဖော်မိသွားတယ် ။ ။
ဟုတ်တယ် နောက်ဆုံးတော့
အဲဒီကဗျာဆရာဟာ သူ့ကိုယ်သူနောက်ဆုံးတူးဖော်ရင်း
သူ့ကိုယ်သူ ပြန်ရှာတွေ့သွားတယ် ။ ။
(မှတ်ချက် ။ ။ ကျွန်တော် ကဗျာဆရာမဟုတ်ပါ ကဗျာဆရာယောင်ဆောင်ထားသော သာမန်လူသာဖြစ်သည် )
သူ့ကိုယ်သူပြန်တူးဖော်မိသွားသော
မိုးဇက်
နှစ်သက်မိတယ်
~ Kk ~
ဟုတ်ပါသည် .. ကဗျာဆရာ ဟူသည် ...