မေနို .............
နင်စွန့်ပြစ်သွားတာ ငါ့မှာအိမ်မက်တစ်ခုလိုပဲ
ယုံကြည်လက်ခံပေးဖို့ အသိဥာဏ်တွေကို
ထွေးထုတ်လိုက် မြိုချလိုက် ။ ။
ဟိုဝေးဝေးက တစ်ခြမ်းပဲ့လမှာ
ငါ့အလွမ်းတွေကို ချိတ်ဆွဲရင်း
အခန်းဆက်ဇာတ်ကားကဲ့သို့
ညစဉ်ရက်စက် ငါတစ်ယောက်ထဲ
ချယ်မှုံးနေတာ မှိုင်းမှိုင်းကိုရီဝေလို့
ဘဝတွေ
ဘဝတွေ
..........................
တိမ်ညွန့်နှင့်သွေ့ခြောက်မြေပြင်ကဲ့သို့
တစ်ဖြေးဖြေးဝေးကွာသွားလိုက်တာ
ဟောဒီဖုန်းဆိုးမြေမှာ ဆူးရိုင်းတို့အလီလီပွင့်ခဲ့ပီ ။ ။
မှန်တဲ့ဘက်မှာ နင်ရပ်တည်ခဲ့တာပဲ မေနို
ငါသာလျှင် ကျဆုံးမှုတံဆိပ်နှင့်ထိုက်တန်တာပါ မေနို
ဘေးကျပ်နံကျပ်ဘဝထဲက မချောင်မလည်အနာဂါတ်တွေနှင့်
ပင့်သက်တွေအကြိမ်ကြိမ်ချနေရတဲ့ ဗာလာနံကောင်ပေါ်ကို
အမုန်းတွေ သည်းချလိုက်တာ
သိပ်တောင်နောက်ကျနေတယ် မေနို .... ။ ။
မိုးဇက်
ကဗျာလေးကောင်းတယ်
ကဗျာလေးအားပေးသွားတယ်နော်....မေနို ဆိုတဲ့နံမည်လေး မကြာခဏသုံးတယ်နော်...သြော်...
အဲဒိစကားလုံးလေး (မေနို ဆိုတဲ့ အမည်နာမလေးကလဲ
လှသကိုး)....
ခင်မင်နေတဲ့..မိုးနတ်
ဘေးကျပ်နံကျပ်ဘဝထဲက မချောင်မလည်အနာဂါတ်တွေနှင့်
ပင့်သက်တွေအကြိမ်ကြိမ်ချနေရတဲ့ ဗာလာနံကောင်ပေါ်ကို
အမုန်းတွေ သည်းချလိုက်တာ
သိပ်တောင်နောက်ကျနေတယ် မေနို .... ။ ။
ဟောဒီဖုန်းဆိုးမြေမှာ ဆူးရိုင်းတို့အလီလီပွင့်ခဲ့တာ
မကောင်းဘူး အမြစ်ကနေ နုတ်ပစ်လိုက်တော့
မဂျီး
ကဗျာလေးကောင်းလိုက်တာဗျာ...
အနော်လာအားပေးတွားလယ်နော်
ဟိုဝေးဝေးက တစ်ခြမ်းပဲ့လမှာ
ငါ့အလွမ်းတွေကို ချိတ်ဆွဲရင်း
အခန်းဆက်ဇာတ်ကားကဲ့သို့
ညစဉ်ရက်စက် ငါတစ်ယောက်ထဲ
ချယ်မှုံးနေတာ မှိုင်းမှိုင်းကိုရီဝေလို့
မြင်ယောင်ရင်း ခံစားရင်းးး ...း)
အမုန်းတွေသည်းချလိုက်တာနောက်ကျနေသတဲ့လားမေနို
ကဗျာတွေကရင်ထဲထိသကွယ်
ဘေးကျပ်နံကျပ်ဘဝထဲက မချောင်မလည်အနာဂါတ်တွေနှင့်
ပင့်သက်တွေအကြိမ်ကြိမ်ချနေရတဲ့ ဗာလာနံကောင်ပေါ်ကို
အမုန်းတွေ သည်းချလိုက်တာ
သိပ်တောင်နောက်ကျနေတယ်
ကဗျာကောင်းလေးအားပေးသွားပါတယ်