သူမနှင့်ကျွန်တော် ရင်အခုန်ဆုံးစည်းချက်တစ်ခုကို
နှင်းစတွေဖွေးဖွေးလှုပ်နေတဲ့ နိုဝင်ဘာ မနက်တစ်ခုမှာ
ခံစားချက်ကိုယ်စီနှင့် ချရေးနေမိတယ် ။ ။
ဟုတ်ပီ
ကိုယ်စီခံစားချက်တွေကို အစအဆုံး
သုံးသပ်အချောကိုင်အပီးမှာ
ကဗျာအစပိုင်းကို ကျွန်တော် ထရွတ်လိုက်တယ်
`
`
`
သူမ ရဲ့ဖွင့်ဟဆိုမှု အပိုဒ်အရောက်
ငြိမ့်ငြိမ့်သွဲ့သွဲ့လေသံ တစ်ချို့ကို လိုသလို
အနိမ့်အမြင့်ညှိပီး သူမရဲ့ခံစားမှုအချို့ကို
သာယာညွတ်မှုးစွာ တိမ်းတိမ်းလေးရွတ်သွားတယ်
.
.
.
။ ။
ဟော ကီးကလွဲနေပြန်ပီ မေနို
သူမ နှင့် ကျွန်တော် အကြည့်ချင်းတချက်မျက်နှာချင်းဆိုင်လိုက်တယ်
သူမ မျက်လုံးထဲကို ကျွန်တော့ ခံစားမှုတွေ ပြစ်ထဲ့လိုက်တယ် ..
..
ကျွန်တော့ အတွေးထဲကို သူမရင်ခုန်နှုံးတွေ ခပ်ထည့်လိုက်တယ် ..
..
နှင်းကျသံရယ်
လေစိမ့်စိမ့်လေးတိုက်နေသံရယ်
တိတ်ဆိတ်သွားတဲ့ ပတ်ဝန်းကျင်အသံရယ်
`
`
`
တိတ်ဆိတ်မှုရဲ့ အောက်မှာ စကားသံတွေအများကြီးပြောဖြစ်ကြတယ်
အဲဒီအထဲမှာပဲ အဓိပ္ပါယ်ဖွင့်ဆိုရ သိပ်ကိုခတ်တဲ့
ချစ်ခြင်းတွေ သူမနှင့်ကျွန်တော် သံပြိုင်ရွတ်ဆိုလိုက်တယ်
ဒို
ရေ
မီ
ဖာ
အဲဒီသံဇဉ်တွေထက် နက်တယ်
ဟုတ်ပီ နင်နှင့်ငါ သံပြိုင်အော်ဆိုရအောင်
.`
`
`
တိတ်ဆိတ်သောသီချင်းတစ်ပုဒ်ကို သူမနှင့်ကျွန်တော် ရွတ်ဆိုခဲ့
မိုးဇက်
သံပြိုင် အတူတူ တော်တော် အော်ဆိုခဲ့ပုံဘဲ။ ဒို ရေ မီ ဖာ..... သံစဉ်မဆုံးခင် နှစ်ယောက်လုံး အိပ်ပျော်သွားသလား မှတ်ရတယ်။း))
အော်နိုင်တဲ့သူတွေ အော်ကြပါစေ
ဒီဇင်ဘာ ၁ ရက်နေ့ တင်မဲ့ကဗျာလေးကိုစိတ်ဝင်စားလျှက်
သူမ မျက်လုံးထဲကို ကျွန်တော့ ခံစားမှုတွေ ပြစ်ထဲ့လိုက်တယ် ..
ကျွန်တော့ အတွေးထဲကို သူမရင်ခုန်နှုံးတွေ ခပ်ထည့်လိုက်တယ် ....
ခံစားခဲ့တယ်...နှစ်ကိုယ်တူရွတ်ခဲ့တဲ့
တိတ်ဆိတ်တဲ့ သီချင်းတစ်ပုဒ်ကိုလေ.....
နှင်းတွေထဲမှာ ကဗျာ အတူတူ ရွတ်ကြ...
သာသာယာယာ ရှိလိုက်လေခြင်းနော်..
အတူတူရွတ်ဆိုတဲ့အခါ လျှာဖျားအသံနဲ့တော့ မဆိုနဲ့နော် ... :)
ကျုပ်တောင်လွမ်းသွားပြီ ...မိုးဇက်...
ဆိုနိုင်သူ အော်နိုင်သူတွေ လုပ်ကြပေါ့ ။