~ မိုးဇက် ~
အလွမ်းတွေကျို့ထိုးနေတာ အသက်ရှုတောင်မဝဘူး
တစ်ချက်တစ်ချက်ထိမ်းချုပ်မဲ့ အလွမ်းတွေထွတ်ကျလာတာများ မြင်မကောင်းဘူး မာယာ
အဲဒီတတ်တူး ဒီလောက်အရာထင်မှန်းသိရင်
အစထဲကထိုးဖို့ စိတ်ကူးမိမှာမဟုတ်ဘူး
ဘယ်သူမှမရှိတုန်း မင်းနားနားလေးကပ်ပြီးပြောပြမယ်
ဘယ်ဘက်ရင်အုံမှာ ထိုးထားတဲ့ တတ်တူးစာလုံးက
“ မာယာ ” တဲ့ ...
~ မာယာဖြူ ~
အရေပြားပေါ်မှာထွင်းဖော်ထားတဲ့နာမည်အတွက်
စာဖွဲ့လို့များနေသလား
ဒီလိုဆို ကိုယ့်နှလုံးသားထဲမှာ
ထွင်းပေါ်နေတဲ့မင်းနာမည်အတွက်
ငါ့ရင်ခုန်သံတွေ နှစ်မြုပ်ခံလိုက်ရတာ မင်းသိရဲ့လား မိုးဇက်ရယ်
စကားမစပ် မိုးဇက်ရေ
နင်ငါ့အပေါ်ဘယ်လောက်လွမ်းဖူးလဲဆိုတာ
ဒီစကားလေးနှင့်ယုံရမှာလားကွယ်
~ မိုးဇက် ~
မင်းရဲ့ရနံ့တွေနဲ့ ကိုယ့်ညတွေကူးခတ်နေရတာ
လက်ပန်းကျလှပြီ မာယာ
ဟိုးအဝေးတစ်ဘက်ဆီက လွင့်မျောလာတဲ့
မင်းရဲ့ကိုယ်သင်းရနံ့တွေ
ကိုယ့်အာရုံကိုမှ ဘာလို့နေ့တိုင်းရစ်ပတ်နေတာလဲ မာယာ
မင်းရောဘယ်လိုအရောင်တွေနဲ့ လွမ်းနေမလဲ
မင်းစိတ်ကို ကိုယ်အကြိမ်ကြိမ်ဖတ်ကြည့်နေမိတယ် ...
~ မာယာဖြူ ~
ကောင်းကင်ပြတင်းဆီက
လေပြေသောသောနဲ့
ဒရောသောပါး ခုန်ဆင်းလာတဲ့
နှင်းမှုန်တွေကြား
ဆောင်းရနံ့တွေကိုရှူရှိုက်
အလွမ်းတွေကိုထွေးပိုက်
ဒီလိုနဲ့ ကိုယ့်ညတွေမိုးသောက်နေရတာ
မင်းသိသင့်တယ် မိုးဇက်ရယ်
ဆောင်းခိုငှက်တို့အိမ်ပြန်ချိန်ရောက်ရင်
တဆောင်းလုံးစာအလွမ်းတွေနဲ့အတူ
ကိုယ်အမှာပါးလိုက်မယ်
ဟိုးးးးအဝေးကနေ
ကိုယ့်စိတ်ကို အကြိမ်ကြိမ်ဖတ်မနေပါနဲ့
ရှင်သန်ရာဘဝတစ်လျှောက်
ကိုယ့်ဘဝရဲ့သခင် ကိုယ့်နှလုံးသားရဲ့အရှင်က
မင်းပဲဆိုတာ ....
ကိုယ်အမှာပါးလိုက်မယ်
ဟိုးးးးအဝေးကနေ
ကိုယ့်စိတ်ကို အကြိမ်ကြိမ်ဖတ်မနေပါနဲ့
ရှင်သန်ရာဘဝတစ်လျှောက်
ကိုယ့်ဘဝရဲ့သခင် ကိုယ့်နှလုံးသားရဲ့အရှင်က
မင်းပဲဆိုတာ ....
~ မိုးဇက် ~
ဒါပေမယ့် မာယာ
ဟိုးအဝေးတစ်နေရာကနေ
မင်းနာမည်ကို အာရုံငါးပါးစလုံးနဲ့ရွတ်နေတာ
ကိုယ့်ဘဝတစ်ရာသီလုံး မပြီးနိုင်မစီးနိုင်အောင်ပါပဲ
ကိုယ့်အသက်ရှုသံတိုင်းမှာ
မင်းပုံရိပ်တွေ လတ်လတ်ဆပ်ဆပ်ရှိနေဆဲဆိုတာ
ကိုယ့်ရင်ဘက်တစ်ခုလုံးနဲ့ တိုင်တည်ချင်လို့
မင်းဆီကို ရောက်အောင်လာခဲ့မယ် မာယာ ....
~ မာယာဖြူ ~
မိုးဇက်ရေ
ဘယ်လောက်ပဲဝေးဝေး
အချစ်တွေရှင်သန်နေသမျှ
အကွာအဝေးဆိုတာ ပညတ်ချက်တစ်ခုရယ်ပါ
တို့ဝေးစဉ်ခဏ
အေးစက်မသွားတဲ့ချစ်ခြင်းတွေ
အမြဲရှင်သန်နွေးထွေးနေရင်း
မင်းလာရာလမ်းကို သစ္စာခင်းလို့စောင့်
ဒီမြေဒီကမ္ဘာမှာ
မင်းရင်ခွင်သည်သာ
ကိုယ်အနေချင်ဆုံးနေရာ .......
( မာယာဖြူ နှင့် ကျွန်တော် တသီးတသန့်ဖွဲ့ဆိုဖြစ်တဲ့ ကဗျာတစ်ပုဒ်ပါ )
အစ်ကိုနဲ့ ညလေးချစ်မမတို့ရဲ့ စည်းချက်ညီကဗျာလေးကို သဘောကျတယ် ... ၂ ခေါက်ပြန်ကို ဖတ်သွားတယ် ... :)
တစ်ကယ်လှတယ်ဝေ့... :)
လက်စွမ်းထက်ကြတဲ့ နှစ်ယောက်ပေါင်းကဗျာလေးက
ကောင်းမှကောင်း
ကောင်းလိုက်တဲ့ ပေါင်းစပ်ကဗျာလေး...မိုးဇက်နဲ့မာယာဖြူတို့ရဲ့ချစ်ခြင်းကို ကူးဆက်ရင်ခုန်စေတဲ့ ကဗျာတစ်ပုဒ်ပဲ...မိုက်တယ် ကြိုက်တယ်
မာယာဖြူမှာဖတ်ခဲ့ပြီးပြီ
ဒုတိယ အကြိမ်ပြန်ဖတ်ခဲ့တယ်
တကယ်ကိုကောင်းတယ်
အကို့ဆီမှာလဲ လာဖတ်ခဲ့ပါတယ်နော်...
နောက်ထပ်တစ်ကြိမ် ကြည်နူးသွားရပါ၏....:)
အဟမ်း...အဟမ်...
သည့်နေ့ ရာသီဥတုက ပိုသာယာတယ်ဗျာ
ဖတ်ခဲ့ဘူးတဲ့ ကဗျာတွေထဲမှာတော့ သည်ကဗျာက စိတ်အချမ်သာဆုံးဘဲ ။
( မင်းဧရာ )
အလွမ်းနှစ်ပွင့်ထိခတ်သံလေးတွေ ပဲ့တင်ထပ်သွားပြီ :)
တအားရေးတတ်တာဘဲ။ အဲလိုကဗျာမျိုး နှလုံးသားထဲက သူ့အလိုလိုထွက်ကျလာရင် သိပ်ကောင်းမှာဘဲ။
အလွမ်းတွေကျို့ထိုးနေတာ အသက်ရှုတောင်မဝဘူး ....
ကျို့ထိုးရင် ရေအိုးလည်ပင်းညှစ်ရတယ်ဟ...ငါ့ကောင်ရ :P
အူး ၄ ပြောတာ မှန်တယ် သိလားး))။
ကဗျာဖတ်ရင်း နောက်တစ်ခေါက် ရောက်တယ်ဗျာ။
မင်းဧရာ
၂ ခေါက်တိတိ လာဖတ်တယ်..ပထမ တစ်ခေါက်က မမန့်လိုက်ရလို့..တစ်ပုဒ်လုံး အရမ်းကောင်းတယ် အပေါ်ဆုံးနှစ်ပိုဒ်ကိုတော့ အကြိုက်ဆုံးပေါ့...း)
ခင်တဲ့
အိမ်မက်..
အရမ်းကြိုက်တယ် အရမ်းလည်းလေးစားပါတယ် အကိုနဲ့ အမ