ဒီလိုပဲ ၂၀၁၂ ရဲ့ တေးသွားအစကတော့ မည်သူမှ မသိလိုက်ပဲ ကိုယ့်ဘာသာ ရှန်ပိန်ခွက်လေးမြောက်ပီး ချီးယားလုပ်ခဲ့တယ် ။ နွေရဲ့ အရိပ် သင်္ကေတ တစ်ခုကို ဖွင့်ဖောက်ရင်း ကျွန်တော့ရဲ့ ကျမ်းမာရေးမှာ အလှည့်အပြောင်းဖြစ်ခဲ့တယ် ....
ဗြုံးစားကြီး ထကလိုက်တဲ့ ကကွက်ဆိုးထဲမှာ ဖုတ်လိုက်ဖုတ်လိုက်မြှောပါရင်း ၊ ဝေဒနာနှင့် မဖြစ်မနေ စကားတွေထိုင်ပြောရတာ အကြာကြီး ၊ တစ်ချို့နေ့ရက်တွေမှာ ရင်းနှီးမှုတွေတစ်သီကြီးရှိသော ကျွန်တော့အမ ကျွန်တော့ဆီရောက်လာခဲ့တယ် ၊ အဲဒီနေ့ရက်တွေဆိုတာတော့ ကျွန်တော့ရဲ့ အထီးကျန်မှု တစ်ချို့ကို အလင်းတစ်ပွင့်နှင့်တိုက်စားပေးသွားခဲ့ ၊
ဆိုခဲ့သလို ၂၀၁၂ ရဲ့မှတ်တမ်းတွေကတော့ ခပ်နွမ်းနွမ်းနှင့် ခပ်ကြမ်းကြမ်းတွေ တင်းပြည့်ကျပ်ပြည့်ပါပဲ ............
မောလိုက် ဟိုက်လိုက် နှင့် ကျွန်တော့ရဲ့ စိတ်ဓါတ်တွေလဲ ပျော့တွဲလာလိုက်တာ တစ်ချက်တစ်ချက် ဟိုး အဝီဇိ ထိ စိမ့်ဝင်ဝင်သွားတယ် ။
တစ်ချို့ တစ်ချို့ အချိန်တွေမှာ ကိုယ့်အခန်းကို ကိုယ့်ဘာသာပိတ်ထားရင်း နေတတ်လာခဲ့ ..
ဆိုခဲ့သလို ၂၀၁၂ ဟာ အနာတရ ဒါးချက်တွေနှင့် ကျွန်တော့ ကျောကို / ရင်ဘက်ကို အထက်ထက် မွန်းခံခဲ့ရ ............ ၊ လောကကြီးကို ခပ်ရွတ်ရွတ် ပြန်ကြည့်တတ်လာတယ် ... ၊ နာနာကျည်းကျည်း သီချင်းတွေအော်ဆိုတတ်လာတယ် ၊ မှုတ်ဆိတ်မွေးတွေ ရှည်ထွက်လာအောင် ခပ်ရိုင်းရိုင်းဖြစ်လာတယ် ၊တစ်ချက် တစ်ချက် ရင်ဘက်တစ်ခုလုံး အောင့်သက်ပီး လူ့ရှေ့သူ့ရှေ့ ဟန်ဆောင်မျက်နှာဖုံး မတတ်နိုင်အောင်ကို ပြစ်လဲဘူးတယ် ၊ ပြစ်ပြစ်လဲတယ် ၊ ပြစ်ပြစ်နှစ်နှစ်လဲတယ် ၊ ကျားကျားလျှားလျှားဖြစ်ပေမယ့် အကြိမ်ကြိမ် လဲတယ် ၊ ကိုယ့်ကိုကိုယ် အံ့သြလောက်အောင်ကို / အံ့သြယူရလောက်အောင်ကို ပြစ်လဲတယ် ။
အဲဒီနှစ်လယ်ပိုင်းလား ............. ??????
သိပ်ပီးပြောင်းလဲမသွားသေးဘူး စိတ်ဒဏ်ရာတွေတော့ ထူထူလာတယ် ၊ ဆေးရဲ့ ဒဏ်ကလဲ မေမေ မွေးပေးလိုက်တဲ့ ဒီခန္ဓာကို တစ်ဖြည်းဖြည်းဖျက်စီးစပြုလာတယ် ။ အဲဒီလို နည်းနည်းသုံးသပ်မိတဲ့ နှစ်လယ်လောက်မှာ “ အဟက် ” ခနဲ ကိုယ့်ဘာသာကို ခြောက်ကပ်ကပ်ရီ(ရည်) လိုက်တယ် ။ နည်းနည်းတော့ အသက်မပါတဲ့ရီ(ရည်)သံမှန်း ကိုယ့်ဘာသာကိုသိပေမယ့် ဒီတိုင်းလေးမျက်နှာလွဲပီး နောက် တစ်ကြိမ် နောက်တစ်ကြိမ် နောက်တစ်ကြိမ်
“ အဟက် ” ............ “ အဟက် ” ........... “ အဟက် ”
ဆိုခဲ့သလို ၂၀၁၂ ရဲ့ စာမျက်နှာတွေကို ထဲထဲဝင်ဝင် ဖွင့်ထုတ်ကြည့်တော့လဲ ဘာမှမဟုတ်ဘူး ၊ အရှေ့ဘက်အာရုဏ်အတတ်မှာ အုန်းမောင်းခေါက်သံ သုံးချက်တိတိ ခေါက်ပီး ၊ လေပြေတွေ ဗြောခနဲ အသွင်ခံလိုက်ရတယ် ၊ ပီးတော့ ခြောက်ခြားစရာကောင်းသလို ၊ အိမ်မက်လိုလို အိမ်မက်တွေထဲ ရှေ့တိုးလိုက် လဲကျလိုက် ပြန်ထလိုက် ရိုက်ချခံလိုက်နှင့် အေးစက်စက်မျက်နှာ တစ်စုံကို ပိုင်ဆိုင်မှန်းမသိ ပိုင်ဆိုင်လာတယ် ။ တစ်ခါ တစ်ခါ ကိုယ့်ကိုယ်ကို အမြင်ကပ်လာတဲ့အချိန်တွေမှာ သွားရင်းလာရင်း ဒဏ်ရာတွေကို အရေးပေါ်ပစ္စည်းတစ်ခုလို ကိုယ့်ရင်ဘက်ထဲ ကောက်ကောက်ထည့်ခဲ့တယ် ။
ဆိုခဲ့သလို ၂၀၁၂ ကို ဝေဝေသီသီဖြတ်သန်းရင်း ကျွန်တော့် လက်ထဲမှာ ဗလာတစ်ချက်ကို ဆုပ်ကိုင်လို့ကောင်းတုန်း
ဆိုခဲ့သလို ၂၀၁၂ ဟာ ကျွန်တော့အတွက် စစ်တလင်းထဲကို ဝတ်လစ်စတစ်နှင့် ပတ်ပြေးနေရသလို
ဆိုခဲ့သလို ၂၀၁၂ ဆိုတာ ကျွန်တော့ရဲ့ စိတ်ကူးအိမ်မက်တွေ အမြောင်းမြောင်းထနေပေမယ့် ကံကြမ္မာက နေရာမှားပီး လင်းလတ်ခဲ့ ။
နောက်တော့ ဒီဇင်ဘာရဲ့ နှင်းစက်တွေကို တဖြည်းဖြည်းမြင်စပြုလာတဲ့ အချိန်မှာ အေးမြ ဖြူလွှနေတဲ့ တယောတစ်လက်ကိုပိုက်နေတဲ့ “ ဆိုဖီယာ ” နှင့်မျက်နှာခြင်းဆိုင်မိတယ် ။
ဒီလိုပါပဲ ကိုယ်သန်ရာသန်ရာ အတွေးတွေနှင့် နစ်လိုက် မြုပ်လိုက် ။
ဆိုခဲ့သလို ၂၀၁၂ ရဲ့ ဒဏ်ချက်တွေနှင့် ဒီဇင်ဘာရဲ့ နောက်ဆုံးရက်တွေမှာ အသိတစ်ချက်ကပ်ကြည့်လိုက်တော့
လောကဓံကို မထီမဲ့မြင် မျက်နှာပေးနှင့် အေးစက်စက် ရင်ဆိုင်တတ်လာတယ် ။
စိတ်ရဲ့နာကျင်မှုတွေကို မီးပိတ်အခန်းထဲက ဒေါင့်တစ်ဒေါင့်မှာ ငြိမ်ကုတ်ရင်း တစ်စစီဖဲ့ခြွေတတ်လာတယ် ။
တစ်ချက်တစ်ချက် စိတ်လက်ပျော်ရွင်လာရင် လူတွေကိုလူလုံးထွက်ပြပြီး ကျွန်တော့ရဲ့ အပျော်တွေပြည့်နေတဲ့ မျက်နှာနှင့် စကားတွေဖောင်ဖွဲ့ပြစ်တတ်လာတယ် ။ ( ဆိုလိုတာက ကျွန်တော်က ဂျိုကာဖြစ်မှန်းမသိ ဖြစ်ဖြစ်လာတယ် )
ဆိုခဲ့သလို ၂၀၁၂ ဟာ ကျွန်တော့ရဲ့ ရပ်တည်ချက် နည်းနည်းလဲ တည်ငြိမ်မှုပြုလာတယ်
ဆိုခဲ့သလို ၂၀၁၂ ဟာ ကျွန်တော့ရဲ့ မပြီးသေးတဲ့ လုပ်လက်စ အလုပ်တွေကိုလဲ စတင်အပြီးသက်ဖို့ လုံ့လထုတ်ဖြစ်လာတယ်
ဆိုခဲ့သလို ၂၀၁၂ ဟာ အထိအနာဆုံးပင့်သက်တွေ အကြိမ်ကြိမ်ချဖြစ်ပြီး အရင်ဘဝကိုလဲ မသိမသာ သမ်းသမ်းဝေဝေတွေထဲ လွမ်းနာကျလာတယ် ။
ဒီလိုနှင့် လွန်ခဲ့သော ဒီဇင်ဘာက သုံးသပ်မှုအနေအထား ထက်တော့ သိပ်ပီးမပြောင်းလဲပါဘူး ပိုပီးတော့တောင် “ ဗလာ ” ပီသလာတယ် ။ ဟုတ်တယ်လေ
ဆိုခဲ့သလို ၂၀၁၂ ရဲ့ ဒီဇင်ဘာနောက်ဆုံးရက်မှာလဲ
ကျွန်တော် ၊
အနာတရတွေ ဗလုံးဗထွေးသက်ပုတ်နေရတဲ့
မိုးဇက်
ဟုတ်ခနဲ
သေ
ဆုံး
ပြစ်ရအုန်းမယ် ။
( ထူးဆန်းစွာ တပ် လုပ်လာသော မိပစ် ကိုကျေးဇူးတင်လျှက် တောက်လျှောက် တပ် ပေးချင်တာကတော့
... လရိပ်အိမ်
.... မမခင်
.... ကိုလပ်
..... မိုးည
..... မာယာဖြူ
......မမမိုးငွေ့
ဒီလောက်ပါပဲဗျာ ၊ အတတ်နိုင်ဆုံး ရေးပေးကြပါ ...းPးP )
တေးသွား အစ အဆုံး ၊ သံဇဉ် အက်အက် တစ်ပုဒ် ၊ ၂၀၁၂ရဲ့ ခပ်ကြေကြေ ရနံ့တစ်စ
မိုးဇက်
ဖတ်ရတာက.. အသက်ရှုတောင်မှားတယ်..
တစ်ခါတစ်လေ ကိုယ်ဖတ်တဲ့စာကြောင်းပျောက်သွားတယ်.။
(ဘီလိုဂျီးပါလိမ့်)
မရေးတတ်ပါ တိုးတက်မူမရှိ.အ ဝါကဒ် ဖြစ်သည်။
မိုးဇက်...ရေးပြီးပါပြီ ပစ်ပစ်တဂ်ထားတယ်လေ 31ရက်နေ့မှတင်မယ်နော်...။ မောင်မိုးဇက်ရဲ့ ဂယောက်ဂယက် 2012ကိုဖတ်သွားပါတယ်...။
ကွန်မန့် ရေမယ်ဆိုမှ စာကဖြည့်ရသေးတယ် ဘီလိုလူ၈ျီးလဲ..ကဗျာစံစံ ရေးမယ်ဆိုမှပဲး)
မော်ဒန် 2012 ကို
ကသောကမျောဖတ်ပြီး
ကမန်းကတန်းကောမက်ရေးသွားတယ်ရှင်..
...
အူးလေး ..မကွန်ပြောသလိုဘဲ
အဝါကဒ်ဘဲ..
ရေးထားတာ မိုက်စ်..
ဘာကြောင့်ဆို မိုးနတ်နဲ့တူနေလို့...
ဘာပဲပြောပြော ကြိုက်အိ....ဂွတ်စ်ပါ...:)
ခင်တဲ့...မိုးနတ်