ဟောဒီအချိန်ဆို ညင်ညင်သာသာလေး
ကျွန်မပါးကို လာနမ်းနေကြလေ ။ ။
ကျွန်မ မမြင်နိုင်တဲ့ တခြားဘက်မှာ
မောင်တစ်ယောက် အဆင်ကောပြေပါ့မလားဆိုတဲ့
စိုးရိမ်စိတ်တွေနှင့် နေ့ရက်အတော်များများ
ဗလုံးဗထွေးကျော်ဖြတ်နေရ
ကျွန်မက မောင်နှင့်ပက်သက်လာရင် သိပ်စိုးရိမ်တတ်ခဲ့
.... .....
ကျွန်မသိပ်ချစ်ရသော မောင်ရေ
မောင်က တစ်ခါတစ်လေ အထိအရှမခံဘူးလေ
ကျွန်မသိပ်ချစ်ရသော မောင်ရေ
မောင်က ဘာမဟုတ်တာလေးတစ်ခုနှင့်
စစ်စစ်ပေါက်ပေါက် ထ ဖျားရင်လဲ ဖျားတတ်တယ်
ကျွန်မသိပ်ချစ်ရသော မောင်ရေ
မောင့်ရင်ထဲ ပြင်းပြင်းရှရှနာကျင်မှုတစ်ခုရှိတိုင်း
တစ်ယောက်ထဲကျိတ်ခံစားတတ်လားတတ်ရဲ့
ကျွန်မသိပ်ချစ်ရသော မောင်ရေ
ကျွန်မက မောင်နှင့်ပက်သက်လာရင် သိပ်စိုးရိမ်တတ်ခဲ့
... ....
ကျွန်မသိပ်ချစ်ရသော မောင်ရေ
မောင့်အကြောင်းတွေးမိတိုင်း
ကျွန်မရင်ဘက်ထဲ နွေးနွေးလျှလျှ ။
အို............
ကြည့်စမ်း အိမ်ရှေ့ဝက်သစ်ချပင်ကြီး
ရွတ်သစ်တို့အဝေ
“ ဟောဒီ ဝက်သစ်ချပင်ကြီးလောက် ချစ်တယ် ”
ကျွန်မအပြော မောင့်အပြုံးတစ်ချက်လက်သွားတာ
ပြန်သတိတရ မူးမောသွားပါဘိ ။
ကျွန်မသိပ်ချစ်ရသော မောင်ရေ
ကျွန်မမမြင်နိုင်တဲ့ တစ်နေရာမှာ
ဂရုစိုက်ပါမောင် ..
ကျွန်မက မောင်နှင့်ပက်သက်လာရင် သိပ်စိုးရိမ်တတ်ခဲ့
..... ....
ဟောဒီနှင်းပွင့်တွေ ဖားဖားလျှလျှကျတဲ့ညတစ်ညကို မှတ်မိလားမောင်
ဟောဒီလက်စသိမ်းနေဆဲ သုံးကြိုးစပ် မာဖလာ လေးကိုမှတ်မိလားမောင်
ဟောဒီဘယ်ဘက်ရင်အုံ အချင်းချင်း
ရမ္မက်တွေရုံးရင်းဆန်ခတ် ကကွက်ညီခဲ့တဲ့ ညတစ်ညကိုမှတ်မိလားမောင်
ကျွန်မသိပ်ချစ်ရသော မောင်ရေ
ကျွန်မက မောင်နှင့်ပက်သက်လာရင် သိပ်လွမ်းတတ်နေပီ
.... ...
ကျွန်မလေ မောင်နှင့်ပက်သက်လာမှ
ကလေးတစ်ယောက်လို ဆိုးနွဲ့အနိုင်ယူတတ်မှုကို
ကျွန်မ လက်လွတ်စပယ် ကျေနပ်နေတတ်ခဲ့
ကျွန်မ အပေါ်ကြိတ်ပီး ခပ်တင်းတင်းသဝန်တိုတတ်မှုကို
ကျွန်မ လက်လွတ်စပယ် ကျေနပ်နေတတ်ခဲ့
တတ်ရောင်ကားနှင့် ဆရာဝင်လုပ်သွားတတ်မှုကို
ကျွန်မ လက်လွတ်စပယ် ကျေနပ်နေတတ်ခဲ့
..... ....
ကျွန်မသိပ်ချစ်ရသော မောင်ရေ
ကျွန်မက မောင်နှင့်ပက်သက်လာရင် အရာအားလုံးကို ချစ်တတ်လာခဲ့
ချယ်ရီပန်းတွေလို အခိုင်ခိုင် ပွင့်ခဲနေသလိုမျိုး
မြိုင်မြိုင်ဆိုင်ဆိုင်ကြီးချစ်မိခဲ့
ထင်းရှုးရွတ်ပေါ် ဆောင်းဦးနှင်းကြွေသလိုမျိုး
ဖွဖွရွရွလေး ချစ်မိခဲ့
အို .........
ကျွန်မက မောင်နှင့်ပက်သက်သမျှ အရာအားလုံးကို ချစ်မိခဲ့
ဟုတ်တယ်
ပိုင်ဆိုင်လိုမှု ကင်းတဲ့ချစ်ခြင်းမျိုးနှင့်
မောင့်ကို ချစ်နေမိတဲ့ ကျွန်မကိုကျွန်မလဲ
ထိတ်လန့်တကြား အံ့သြမိတယ် မောင် ... ။ ။
ကျွန်မက မောင်နှင့်ပက်သက်လာရင် ကိုယ့်ကိုကိုယ် အလန့်တကြားဖြစ်မိတယ်
မိုးဇက်
မောင်လည်း ထိတ်လန့်တကြား အံသြမိတယ် မ ရယ်....
:D
မိန်းကလေးစိတ်ထဲ ၀င်ခံစားပြီး ရေးသွားပါလား... Good :)
မောင် အို ရှက်တာ ဟတ်ဟတ် :P
သိတ်ချစ်တတ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ စာသားလှလှလေးတွေနဲ့ ဖွဲ့နွဲ့ထားတဲ့ ကဗျာလေး အားပေးသွားတယ် မိုးဇက်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဟယ် မိုးဇက် ညေးဘယ်တုန်းက ဘ၀ပြောင်းသွားလဲ
''မောင်''တဲ့လား? အင်း ကျွန်မခမျာ ''မောင့်''ကို အတော်လေးစိတ်ပူနေသံနဲ့ ရေးဖွဲ့ထားပါလား ... :)
အဟွတ် အဟွတ်.....
ဒို့ကိုမိုးဇက်ကြီးတစ်ယောက် နုနေထှာ နုနေထှာ...
ဖတ်ပြီး ဘာမဆိုင် ညာမဆိုင် မောင့်ကိုယ်စား
တအားပဲ ရင်ခုန်သွားတယ်ကွယ် ခွိခွိ
မောင် ဆိုတဲ့ သညာလေးတစ်ခု က
ရင်ကိုလှူပ်ခတ်စေတယ်ကွယ်
ရင်ဖွင့်သံ ခံစားချက်လေးကို အားပေးသွားတယ်
အရမ်းကြိုက်တယ် ဒီကဗျာ..ကောင်လေး ရေးထားတယ်လို့တောင် မထင်ရဘူး..ခံစားတက်လိုက်တာ..
ဒါက ဘယ်လိုဖြစ်ရတာတုန်းဗျ
ကဗျာ ကောင်းပေမယ့် စိတ်မကောင်းပြန်ဘူး ဘွပြောင်းသွားတာ မသိလို့း)))။
တကယ့်ကို အမျိုးသမီး တစ်ယောက်ရဲ့ လက်ရာပဲဗျ။
ဟုတ်ပ မိုးဇက်ရယ် လန့်တောင်လန့်တယ် ..:P