သယ်ကူရာမဲ့ ဒီလမ်းမှာ
ဒဏ်ရာရယ် နာကျင်မှုရယ်က
လှလှပပ ငါ့ကိုတန်ဆာဆင်သွားပြီလား ????
ဘယ်အချိန်ထကြည့်ကြည့်
အကွာအဝေးပဲ မတူညီတာ
ခန္ဓာချုပ်မဲ့ရက်က သက်မှတ်ပြီးသား ။ ။
ကြည်လင်လွန်းတဲ့ ညနေဆည်းဆာအောက်မှာ
မင်းရဲ့ နား နားကပ်ပီး
“ မေနို ” လို့တစ်ခွန်းလောက် ခေါ်ခွင့်ရချင်သေးရဲ့ ။ ။
ထွက်သွားပါတော့ ကင်ဆာ
ငါ့အသွေးအသားထဲက ထွက်သွားပါ ကင်ဆာ
ငါ့အမြင်အာရုံတို့ ဝေဝါးလောက်အောင်
ငါ့ခွန်အားတွေကို မင်းစုပ်ယူသောက်သုံးခဲ့ပီးပီပဲ ကင်ဆာ ။ ။
ကောင်မလေးရေ ဝိဥာဉ်ရယ် ဝေဒနာရယ်
စစ်ဖြစ်နေတဲ့ကြားက နင့်နောက်ကိုမျောပါသွားတဲ့
ငါ့ဝိဥာဉ်ကို ဖမ်းဆုပ်ရမှာလား ........???
ငါ့ဝေဒနာကိုပဲ ပြန်ဆွဲယူရမှာလား မေနို ။ ။
ဟောဒီမှာ
မှောင်ညို့နေတဲ့ ငါ့ညတွေနှင့် အပြိုင်
အလွမ်းတို့ ပြိုဆင်းနေတာ ခုချိန်ထိမတိတ်သေးဘူး ။ ။
ဒီလိုနှင့် ငါ့နွေရာသီလမ်းဟာ
ပူပြင်းလိုက် လောင်ကြွမ်းလိုက်နှင့် လွင်တီးခေါင် ။ ။
ဒီလိုနှင့် ငါသောက်နေတဲ့ ဆေးတွေက ငါ့ကိုပြန်သောက်ခဲ့ ။ ။
ဒီလိုနှင့် ငါ့ညနေခင်းတွေဟာ ငါ့ကိုပြန်လွမ်းခြုံခဲ့ ။ ။
“စာနာနားလည်မှု ခြေတစ်ဘက်လောက်ပဲ
ငါ့ကမ်းပါးမှာ ရပ်ပေးပါ မေနို ”
ငါ့ဆုတောင်းကို ငါ့ဘာသာပြန်ရွတ်ဆိုခဲ့ ။ ။
ငါ့လက်ကိုဆုပ်ကိုင်တယ်ဆိုရုံပဲ ဆုပ်ကိုင်လိုက်ပါ
ငါ့ပစ္စပ္ပန်မှာ ကြယ်ငွေ့တွေ လင်းပွင့်သွားသလိုမျိုး
အနာတရ ဖုန်းတောထဲကနေ
“ ဝုန်း ” ကနဲ ရှင်ပြန်ထမြောက်ချင်လို့ပါ မေနို ။ ။
မိုးဇက်
မေနို့လက်ကို သေချာဆွဲထားနော်...လွှတ်လိုက်လို့
မဖြစ်ဘူးသိလား....
ခင်မင်နေတဲ့..မိုးနတ်
ကင်ဆာဖြစ်နေတာလားဟင်
ဝိဥာဉ်ရယ် ဝေဒနာရယ်
စစ်ဖြစ်နေတဲ့ကြားက နင့်နောက်ကိုမျောပါသွားတဲ့
ငါ့ဝိဥာဉ်ကို ဖမ်းဆုပ်ရမှာလား ........???