ကော်ဖီတစ်ခွက်လောက် ကောက်အမော့လိုက်မှာ
မင်းနာမည်က လယ်ချောင်းဝမှာ လာငြိတယ် ကောင်မလေးရေ
ဟောဒီတစ်ဆောင်းတွင်းလုံး မင်းရဲ့ချစ်ခြင်းတွေနှင့်
ငါ့ရင်ဘက်တွေကို နွေးထွေးစေပါ ။ ။
ဒီဇင်ဘာရဲ့နေ့ရက်တွေ ထဲထဲဝင်ဝင်ထိတွေ့မိလေ
ငါ့အလွမ်းတွေက ထူပြစ်လာလေပဲ ဆိုတော့
“ အသည်းလွာပါးပါးနှင့်လူတစ်ယောက်ပဲ ” ဟု
ငါ့ကိုယ်ငါပဲ အပြစ်တင်မိခဲ့ပေါ့ ။ ။
အေးစိမ့်တဲ့ ဒီဇင်ဘာရက်တွေထဲ
ကျွန်တော်ရယ် . ခံစားမှုစာသားတစ်ချို့ရယ်
သောက်လက်စ ကော်ဖီတစ်ခွက်ရယ်
သူ့အလင်းနှင့်သူ တောက်လောင်နေတဲ့
မီးလင်းဖိုနွေးနွေးလေးရယ်
သူမရောက်မလာသေးတဲ့ ကျွန်တော့်ဘယ်ဘက်
ထိုင်ခုံအလွတ်လေးရယ် ။ ။
ဒီလိုနှင့် ကျွန်တော်နှင့် ချစ်ခြင်းဟာ
အလွမ်းဆိုသောကြားခံပစ္စည်းအားဖြင့်
ကူးလူးဆက်စံ ရင်းနှီးပျော်ဝင်လာခဲ့ ။ ။
နောက်တော့လဲ ကျွန်တော်က နေသားတကျဖြစ်ဖို့
ကိုယ့်ရင်ဘက်နှင့်ကို ဟင်းလင်းပွင့်အောင်
သူမနာမည်ကို အော်ဟစ်ခေါ်လိုက်တယ်
`
`
..
ငါ့အလွမ်းနှင့်နင့်နာမည်ကို ခေါ်လိုက်တာ နင်ကြားရလား မေနို
မိုးဇက်
နောက်တော့လဲ ကျွန်တော်က နေသားတကျဖြစ်ဖို့
ကိုယ့်ရင်ဘက်နှင့်ကို ဟင်းလင်းပွင့်အောင်
သူမနာမည်ကို အော်ဟစ်ခေါ်လိုက်တယ်
`
`
“မေနို” ... ^_^
တယ်လီပသီနည်းနဲ့ခေါ်ရင် ကြားတယ်။
အကျယ်ကြီးသာအော်ပစ် မောင်မိုးဇက်....း)
ကောင်းလိုက်တာ..ပွင့်အန်ကျလာတဲ့ စကားလုံးတွေ..
ခံစားသွားတယ်နော်...ကိုမိုးဇက်..
ခင်တဲ့..မိုးနတ်