၁။ ရိုးဒီ ( သမားရိုးကျတံဆိပ်ကပ် အရက်ပုလင်းနဲ့ ခေါင်းရိုက်ခွဲခံရ )
၂။ ရိုးဒီ ( စကားလုံးများနှင့် ပစ်ပေါက်ခြင်းကြောင့် နားရွက်နှစ်ဖက် ဒဏ်ရာရရှိ )
၃။ ရိုးဒီ ( ဆောင့်ကန်ခံရတဲ့ နှလုံးသား ပုံမှန်လှုပ်ရှားရန် ခွဲစိတ်ကုသဖို့လိုအပ် )
၎။ ရိုးဒီ ( ကံကြမ္မာရဲ့ လျှောထိုးဖြတ်ထုတ်မှုကြောင့် ၂၀၀၆ ကမ္ဘာ့ဖလားပွဲနှင့် လွဲဖွယ်ရှိ )
၅။ ရိုးဒီ ( ဘယ်ဘက်ရင်အုံ အညိုအမည်းစွဲ၊ လောကဓံနဲ့ပွဲ )
၆။ ရိုးဒီ ( တံတောင်စာမိ၍ မျက်ခုံးကွဲ၊ လောကကြီးနှင့် ခြေစမ်းပွဲ )
၇။ ရိုးဒီ ( အနာဂတ်ကို ခေါင်းခုန်အတိုက်၊ ပြုတ်ကျ၊ ကိုယ်တစ်ပိုင်းသေ )
၈။ ရိုးဒီ ( ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့၊ ကြွက်တက်၊ လဲကျ၊ ကျောနံပါတ် ၂၆ )
၉။ ရိုးဒီ ( လက်ညှိုးငေါက်ငေါက်ထိုး အပြစ်တင်သံတွေကြား ခြေထောက်နှစ်ချောင်းဟာ သွင်သွင်ကျိုး )
၁၀။ ရိုးဒီ ( ဘောလုံးကို ယှဉ်အလုမှာ အထမ်းစင်နဲ့ တွေ့သွားရှာတဲ့ ရိုးသားမှု )
၁၁။ ရိုးဒီ ( ဘုရားသခင်အား ပြန်ပြောမိသဖြင့် အကန့်အသတ်မရှိ ၀ိုင်းကြဉ်ခံခဲ့ရ )
ဒဏ်ရာရသူများစာရင်း
ရိုးဒီ
ကျွန်တော့ဘော်ဒါ ကိုရိုးရဲ့ကဗျာပါ ။ အရမ်းကြိုက်လို့ သယ်ချင်းတွေလဲဖတ်ရအောင် တင်လိုက်တယ် ။
ခေါင်းတောင် နည်းနည်းမူးချင်သွားတယ်.. သူပြောတာတွေလည်း ဟုတ်သလိုလို.. :P
ဘာရယ်မဟုတ်ပါဘူး
ဖတ်ပြီးတော့သေသေချာချာလဲမသိပါဘူး
သိတာတစ်ခုထဲပါ
အဲဒါကတော့အရမ်းကြိုက်သွားတာပါပဲ
ဒဏ်ရာတွေနဲ့ပြည့်နှက်နေတဲ့ ဘဝ