။ ။
အခန်း ၊ ၁ ၊ ခံစားဝေသီမှု အပိုဒ်ခွဲ . ၁
အခန်း ၊ ၁ ၊ ခံစားဝေသီမှု အပိုဒ်ခွဲ . ၂
ချစ်သူ ငါယုံပါရစေ ၊
နင့်ချစ်ခြင်းတစ်ခုလောက် ကျကျနန
ငါ့ဆီသွန်ချလိုက်ပါ ။
ချစ်သူ ငါယုံပါရစေ ၊
ချစ်နေပါတယ်ဆိုတဲ့ အသိအမှတ်တစ်ခုလောက်
ငါ့ရင်ခွင်ကို ဖြန့်ခင်းလိုက်ပါ ။
ချစ်သူ ငါယုံပါရစေ ၊
အရိုးသားဆုံး ရင်ဘက်တစ်ခုကိုဖောက်ချလိုက်မယ်
နင် ငါ့ကိုချစ်နေပါလားဆိုတဲ့
ယုံကြည်မှုတစ်ခုနှင့် ငါ့ဘဝကို
ရွက်လွင့်ချင်လို့ပါ ။ ။
အခန်း ၊ ၁ ၊ ခံစားဝေသီမှု အပိုဒ်ခွဲ . ၃
အိပ်မပျော်ခြင်း အိပ်ပျော်ခြင်းဆိုတဲ့ကိစ္စက
စိတ်ရဲ့စေရာဆိုပေမင့်
ခုများတော့ နှလုံးသားရဲ့စေရာအတိုင်း
အိမ်လို့မရစွာ ငါ့အာရုံတွေ မင်းဆီမှာပဲရစ်ဝဲလို့
ပုံမှန်မဟုတ်ပဲ မှောက်မှားနေတယ် ။ ။
စိတ်ရဲ့စေရာဆိုပေမင့်
ခုများတော့ နှလုံးသားရဲ့စေရာအတိုင်း
အိမ်လို့မရစွာ ငါ့အာရုံတွေ မင်းဆီမှာပဲရစ်ဝဲလို့
ပုံမှန်မဟုတ်ပဲ မှောက်မှားနေတယ် ။ ။
မောလျှတဲ့
ဘဝမှာ
……………
အခန်း ၊ ၁ ၊ ခံစားဝေသီမှု အပိုဒ်ခွဲ . ၎
ယုံကြည်မှုကို တည်ဆောက်ကြည့်တယ်
ဗလာ ။ ။
ချစ်သူထံ ခွင့်မတောင်းပဲ ရင်ဘက်တွေကို
ဆေးချယ်ကြည့်တော့
အို ...........
မှိုင်းညို့လို့ အထီးကျန်ဆန်လိုက်ပုံများ
ကောင်းကင်ပြင်မှာ အပြာရောင်ကိုမရှိဘူး ။ ။
အညတရရဲ့နောက်ကိုဘယ်သူမှ ခိုလိုက်လာလို့မရသလို
ဘယ်လိုမှလဲ အသုံးပြုဖို့မစဉ်းစားကြနှင့်
ချစ်သူမင်းလဲ ငါ့ရင်ထဲက ဆုတ်ခွာတော့ ။ ။
အခန်း ၊ ၂ ၊ ခံစားဝေသီမှု အပိုဒ်ခွဲ . ၁
ပင်ပန်းတယ် မင်းမသိအောင် တယုတရတွေ
မြတ်နိုးရတာ ငါ............
မျောလွင့်ခွင့်ပေးပါ ဘုရားသခင်
တုန်လုပ်မှုတွေ ချုပ်ငြိမ်းအောင်
.................
မျောလွင့်ခွင့်ပေးပါ ဘုရားသခင် ။
အခန်း ၊ ၂ ၊ ခံစားဝေသီမှု အပိုဒ်ခွဲ . ၂
အခန်း ၊ ၂ ၊ ခံစားဝေသီမှု အပိုဒ်ခွဲ . ၃
ငါမျက်ကွယ်ပြုထားတယ်
ကျေးဇူးပြုပီး .................
ငါ့အနာဂတ်ကို မီးလောင်တိုက်မသွင်းလိုက်ပါနှင့်  ။ ။
အခန်း ............ ၊ ............. ( ဇာတ်သိမ်း )
ပာူးးးးးးးးးးးးးးးးးးးးးးး
ကြယ်အကြွေကိုစောင့်နေရတာ ငါမောတယ်
ကိုယ့်ဘာသာပဲ လောင်ကျွမ်းပြာကျလိုက်တော့မယ်။
ကဗျာကောင်လေးတပုဒ်ဖတ်ခွင့်ရလိုက်ပြီဒီနေ့တော့
အားပေးသွားတယ်ကိုမိုးဇက်ရေ
လန့်လိုက်တာ မောင်လေးရာ...ဖြေးဖြေးသာသာလုပ်ပါ :):)
အပြင်းစားတွေ မို့ပါ....
အခန်း ၊ ၂ ၊ နာကျင်မှု အပိုဒ်ခွဲ . ၃
အချစ်တစ်ခုကို ပြစ်ပြစ်ခါခါ ကြေးတင်ပီး
ဘဝတစ်ခုနှင့် မိုက်မိုက်မဲမဲ လောင်းကြေးထပ်လိုက်တယ်
ရလဒ်တစ်ခုကို ခပ်ရဲရဲ ဖောက်ဖတ်ကြည့်လိုက်တော့
.....................................
ဗလာ
အဲတာမှားတယ်..
ရလဒ်တစ်ခုကိုခပ်ရဲရဲ ဖောက်ဖတ်ကြည့်လိုက်တော့
ဒဏ်ရာ...
ဒဏ်ရာတွေတွေ့ရမှာ မိုးဇက်..
ဗလာမဟုတ်ဘူး..
အမြင်ကိုအမြင်တိုင်းဆို ကောင်းတယ်ဗျာ
ဒါပေမဲ့ ဗုဒ္ဓဘာသာလား ဆာလေးမိုးဇက်က
ဘုရားသခင်ဆိုလို့လေ
မဟုတ်ပါဘူး အစ်မနှင်းဆီနက်ရယ် .........ကိုယ့်အချစ်က ကိုယ့်ဆီမှာ ဘာမှမကျန်ခဲ့လို့ ၊ ဗလာဖြစ်သွားတာပါ ။ :(
ပြောလို့ပြောတာ မဟုတ်ဘူး။ ဒီကဗျာလေးတော်တော် ကောင်းတယ်။ ရေးသမျှထဲမှာ အကောင်းဆုံးလို့ ပြောရမလားပဲ အဟိ ကြိုက်တယ်။
ကြောက်နေရပါလား။ ကွန်မမန့်ရင်တောင် တိမယ်ဆိုပဲ အဟင့်။ မီးဘ၀က သနားစရာပါလား ရွှတ်ဖတ် :P
ဘာ အခုမှ ဘုရားသခင်ကယ်တော်မူပါလဲ
ဘုရားသခင် မအားဘူး
နှစ်ကူးအတွက်အလုပ်ရှုပ်နေတယ်
ကဗျာလေးခံစားချက်ရသမြှောက်တယ်
အားပေးသွားပါတယ်
ကဗျာကောင်းလေးကိုဖတ်သွားပါတယ်ဗျာ။