(မိုးဇက်)
ချစ်ခြင်းတရားတစ်ခုကို
အတိမ်အနက်တွေးကြည့်တိုင်း
ငါ့အလွမ်းတွေကြို့ထိုးနေတယ်
ငါ့အလွမ်းတွေကြို့ထိုးနေတယ်
ဒီလမ်းလေး ၊ ဒီထိုင်ခုံလေး ၊ ဒီလေညှင်းလေးတွေကို
ဒို့နှစ်ယောက် လုရူခဲ့တာ မှတ်မိသေးလား
ချစ်သူ ။ ။
(လွမ်းပိုင်ရှင်)
ဒို့နှစ်ယောက်လျှောက်ခဲ့တဲ့လမ်း တိုင်းမှာ
နှစ်ဦးသားသစ္စာတွေကို မင်းချနင်းခဲ့တာနော်
လေအလွင့်မှာ ကြွေခဲ့ရတဲ့ ငါ့နှလုံးသွေးရွက်နုတွေ
ရှင်သန်ခွင့်မရတော့တဲ့ ခံစားမှုရပ်ဝန်းက
မျှော်လင့်ခြင်းရောင်ခြည်တွေဟာ
အမှတ်တမဲ့ မေးမှိန်ခဲ့ရတယ် ။ ။
နှစ်ဦးသားသစ္စာတွေကို မင်းချနင်းခဲ့တာနော်
လေအလွင့်မှာ ကြွေခဲ့ရတဲ့ ငါ့နှလုံးသွေးရွက်နုတွေ
ရှင်သန်ခွင့်မရတော့တဲ့ ခံစားမှုရပ်ဝန်းက
မျှော်လင့်ခြင်းရောင်ခြည်တွေဟာ
အမှတ်တမဲ့ မေးမှိန်ခဲ့ရတယ် ။ ။
(မိုးဇက်)
ဟုတ်တယ်ချစ်သူ
ကိုယ်ကချစ်တတ်တာပဲရှိတယ် မချစ်တတ်ခဲ့ဘူး
မင်းနှင့်ပတ်သက်တိုင်း ငါ့မှာ မျှော်လင့်ချက်တွေ
တခန်းတနားသီကုံးခဲ့တာ ၊
ကိုယ်ကချစ်တတ်တာပဲရှိတယ် မချစ်တတ်ခဲ့ဘူး
မင်းနှင့်ပတ်သက်တိုင်း ငါ့မှာ မျှော်လင့်ချက်တွေ
တခန်းတနားသီကုံးခဲ့တာ ၊
အနာဂါတ်တွေ လင်းပွင့်ဖို့ ထုဆစ်ခဲ့တာ
ဇာတ်လမ်းကို ဒီလိုအဆုံးသက်ရတာ
အနားသက်တွေမလှပဘူး
အနားသက်တွေမလှပဘူး
မင်းလက်ကိုဆုပ်ကိုင်ပီး
ကြယ်အကြွေကိုဆောင့်ဆုတောင်းရတာ လဲ
..................................
(လွမ်းပိုင်ရှင်)
ချစ်သူမင်းက ကြယ်ကြွေချိန်မှာ
ဆုတောင်းခဲ့တာ ကြယ်အကြွေကို
ငါ နဲ့အတူထိုင်ကြည့်ချင်လိုက်တာတဲ့
ငါကတော့ မင်းကြည့်ဖို့အတွက် ကြွေရတဲ့ကြယ်
ငါသာဖြစ်ချင်ပါတယ် မင်းအတွက် ထာဝရ ပေးဆပ်နေမဲ့သူပါ ။ ။
ဆုတောင်းခဲ့တာ ကြယ်အကြွေကို
ငါ နဲ့အတူထိုင်ကြည့်ချင်လိုက်တာတဲ့
ငါကတော့ မင်းကြည့်ဖို့အတွက် ကြွေရတဲ့ကြယ်
ငါသာဖြစ်ချင်ပါတယ် မင်းအတွက် ထာဝရ ပေးဆပ်နေမဲ့သူပါ ။ ။
(မိုးဇက်)
|
ထာဝရဆိုတဲ့စကား ငါ့ဘဝနှင့်ရင်းပီး
ရေးထိုးခဲ့ပေမယ့် ချစ်သူရယ်
မင်းပြောထွက်ခဲ့တဲ့စကားတစ်ခွန်း
နာကျင်မှုတွေနှင့် ငါ့မှာသေရာပါလို့ ၊
ကြည့်စမ်း .............
ခံနိုင်အားတွေကို ငါဘယ်လို
ထူထောင်ရမလဲ ။ ။
ရေးထိုးခဲ့ပေမယ့် ချစ်သူရယ်
မင်းပြောထွက်ခဲ့တဲ့စကားတစ်ခွန်း
နာကျင်မှုတွေနှင့် ငါ့မှာသေရာပါလို့ ၊
ကြည့်စမ်း .............
ခံနိုင်အားတွေကို ငါဘယ်လို
ထူထောင်ရမလဲ ။ ။
(လွမ်းပိုင်ရှင်)
ငါ့မေးခွန်းတိုင်းမှာ မင်းနှုတ်ဆိတ်နေခဲ့ပေမယ့်
ငါ့ နှလုံးသားက မင်းရက်စက်မှုအသံတွေကိုကြားနေရတယ်
ငါ့ရဲ့အသက်ရှုမှုတွေ အဓိပ္ပာယ်ရှိသွားစေဖို့
မင်းရဲ့ ခွင်းတုန့်စကားသံလေးကို
ခုချိန်ထိ ငါဆောင့်နေတယ်လေ ။ ။
(မိုးဇက်)
ငါ့ကိုယ်ငါ အိမ်မက်တစ်ခုပဲလို့
ဇွတ်ကြိုးစားလဲ
ဒါဟာ ဘယ်လိုမှဖျောက်ဖြတ်မရနိုင်စွာ
မင်းစွင့်ပြစ်မှုကြောင့် နာကျင်မိနစ်တွေနှင့်
လက်တွေ့ဘဝမှာ အသက်ဆက်နေရတယ် ။ ။
ကိုလွမ်းပိုင်ရှင် နှင့် ကျွန်တော်မိုးဇက်တို့ အလွမ်းတွေခတ်ကြည့်တဲ့ ကဗျာတပုဒ်ပါ ၊
မိုးဇက်လက်ရာကတော့ဘယ်တော့မှမပျက်ဘူး
ဖတ်လိုက်တာနဲ့သိတယ်
ကဗျာကောင်းလေးပါ
နှစ်ယောက်လုံး ဟန်ချက်ညီညီရေးသွားတဲ့ ကဗျာလေးက လှလိုက်တာ.. အားပေးသွားတယ်နော်... :D
နှစ်ယောက်သား အချိတ်ဆက်မိမိနဲ့ ရေးထားတာ လေး မိုက်တယ်...ခံစားအားပေးလျှက် ပါလို့...
ကဗျာလေးဖတ်သွားပါတယ်...
လက်ရာကောင်းကဗျာလေးတွေအားပေးသွားပါတယ်ဗျာ...