Archive for 2011
အဝါရောင်လမ်းနံပါတ် / ၁၂
မျှော်လင့်ခြင်းအနံ့အသက်တွေ
စွန်းထင်းနေတဲ့ ဒီလမ်းလေးမှာ
ချိန်းဆိုထားတဲ့ /၁၂/နာရီ
သူမအလာကို သူစောင့်မျှော်ခဲ့တယ်။
ဟုတ်တယ် သူ့အပေါ်ယုံကြည်ကိုးစား
ကြင်နာလွန်းလှတဲ့ သူမ လာကို လာမှာပါ ။
ဘယ်အချိန်ဆုံမယ်မှန်းမသိတဲ့ ဆုံမှတ်ကို
ယုံကြည်ချက်ဆိုတဲ့ ကျောထောက်နောက်ခံနဲ့
အတ္တဆန်စွာ သူကလည်းစောင့်မျှော်ခဲ့တယ်။
အလယ်
ဒီလိုနှင့်ပဲ ဒီလမ်းလေးမှာ
အရင်သုံးနှစ်လောက်ကပုံရိပ်တွေကို တူးဖော်နေတယ်။
သူရဲ့အတွေးထဲမှာ သူမရဲ့ပုံရိပ်တွေ
အပီအပြင်ကြီးကို ဖြတ်လျှောက်နေတာများ
ဖုန်းတထောင်းထောင်းထလို့ ။
အမှန်ဆို အရင်ကနွေးထွေးမှုကို တမ်းတတာမဟုတ်ဘူး
သံသရာခရီးတလျှောက် အမြှီးအမောက်တည့်စွာ
အမြဲတမ်း မခွဲတမ်းသွားချင်တာ ။
ဒီလိုနှင့်ပဲ
အချိန်ရဲ့လက်တံတွေ စီးမျောသွားတာများ ခြေသံလုံလှပါဘိ.........
သူတို့နှစ်ယောက်ကို စီးခံကာထား ကမ္ဘာခြားစေတဲ့
အတ္တလွှာ ပါးပါးအားခုတ်ထွင်ဖယ်ရှား
သူ့ရင်ခွင်ကြားသို့သူမလာမှာပါ ။
ဒီလိုပါပဲ သူကတော့မျှော်လင့်ချက်ကို
ယုံကြည်မှုခပ်များများနှင့် ရောသောက်နေရတယ် ။
ယုံကြည်ချက်နှင့် ရှင်သန်နေရတဲ့
အဲဒီကောင်လေးရဲ့ စိတ်အစဉ်ဟာ
ကြာလာတော့လည်း ယုံကြည်မှုကို ခိုင်မာလာအောင်
ယုံကြည်စွာတည်ဆောက်ရတာ ပင်ပန်းလွန်းရချည့် ။
ဒါပေမဲ့လည်း.............အင်း
ဒီလိုနှင့်ပဲ............................
သူရဲ့ဘူတာလေးကို သူမမောင်းနှင်လာတဲ့
ရထားအမှတ် /၁၅၀၀/
မဆိုက်ရောက်ခဲ့ဘူး ။
ကာရံများသေဆုံးသွားသော ( ခေါင်းစဉ်မဲ့ ) ကဗျာ
အခန်း ၊ ၁ ၊ နာကျင်မှု အပိုဒ်ခွဲ . ၁
ခက်နက်နက်တူးထားတဲ့ အတွေးတစ်ခုကို
အငမ်းမရ ငုံ့ကြည့်လိုက်တော့
ဝူးးးးးးးးးးးးးးးးးး
ဘုရားသခင် ကယ်တော်မူပါ
ဘာမှလဲမမြင်ရပါလားးးး။ ။
ထုထည်ကြီးမားတဲ့ အလွမ်းတွေက
စကားတွေကို စွံ့အသွားစေတယ် ။ ။
အခန်း ၊ ၁ ၊ နာကျင်မှု အပိုဒ်ခွဲ . ၂
ထာဝရဘုရားသခင် ။ ။
ငြိမ်းချမ်းရာ လမ်းစတစ်ခုတော့
အကျွန်ုပ်အား တိုးတိုးလေးပြောပြခဲ့ပါ ။ ။
ချစ်သူ ငါယုံပါရစေ ၊
နင့်ချစ်ခြင်းတစ်ခုလောက် ကျကျနန
ငါ့ဆီသွန်ချလိုက်ပါ ။
ချစ်သူ ငါယုံပါရစေ ၊
ချစ်နေပါတယ်ဆိုတဲ့ အသိအမှတ်တစ်ခုလောက်
ငါ့ရင်ခွင်ကို ဖြန့်ခင်းလိုက်ပါ ။
ချစ်သူ ငါယုံပါရစေ ၊
အရိုးသားဆုံး ရင်ဘက်တစ်ခုကိုဖောက်ချလိုက်မယ်
နင် ငါ့ကိုချစ်နေပါလားဆိုတဲ့
ယုံကြည်မှုတစ်ခုနှင့် ငါ့ဘဝကို
ရွက်လွင့်ချင်လို့ပါ ။ ။
အခန်း ၊ ၁ ၊ နာကျင်မှု အပိုဒ်ခွဲ . ၃
ကံကြမ္မာက ကိုယ့်ဘက်ကို
ဓါးသွားလှည့်ပီး ကမ်းပေးရင်
ကိုယ်က ဓါးနှောင့်ဖက်ကိုလှည့်ယူရပေမယ့် ၊
ခင်ဗျားကိုပေးတဲ့ဓါးက ရမ်းနေတဲ့ဓါးရှည်ဆို
................................
ခတ်ပီ ။
။
စိတ်ရဲ့စေရာဆိုပေမင့်
ခုများတော့ နှလုံးသားရဲ့စေရာအတိုင်း
အိမ်လို့မရစွာ ငါ့အာရုံတွေ မင်းဆီမှာပဲရစ်ဝဲလို့
ပုံမှန်မဟုတ်ပဲ မှောက်မှားနေတယ် ။ ။
အခန်း ၊ ၁ ၊ နာကျင်မှု အပိုဒ်ခွဲ . ၎
မောလျှတဲ့
ဘဝမှာ
မင်းအနမ်းတစ်ပွင့်လောက်ငါ့ဆီခြွေခဲ့ပါ
အိမ်မက်တွေ လန်းစွင့်ချင်လို့……………
ပင့်သက်တစ်ခုကို လှိုက်ခနဲ
ဆွဲချကြည့်တယ်
ခါးတယ် ။
။
ကြိုတင်ကြံစီမှုမရှိပဲ အနာဂတ်ကိုလှပ်ကြည့်လိုက်တယ်
မှောင်တယ် ။
။
ဘုရားသခင်ထံ ခွင့်မတောင်းပဲ
ယုံကြည်မှုကို တည်ဆောက်ကြည့်တယ်
ဗလာ ။ ။
ချစ်သူထံ ခွင့်မတောင်းပဲ ရင်ဘက်တွေကို
ဆေးချယ်ကြည့်တော့
အို ...........
မှိုင်းညို့လို့ အထီးကျန်ဆန်လိုက်ပုံများ
ကောင်းကင်ပြင်မှာ အပြာရောင်ကိုမရှိဘူး ။ ။
အခန်း ၊ ၂ ၊ နာကျင်မှု အပိုဒ်ခွဲ . ၁
အညတရ
အညတရတောင်မှ
ဥုံးနှောက်ထဲမှာဘာမှမရှိတဲ့ အညတရ
အိပ်ကပ်ထဲမှာဘာမှမသိမ်းဆည်းနိုင်တဲ့ အညတရ
အနာဂတ်တွေ ဟင်းလင်းပွင့်နေတဲ့ အညတရ
အညတရရဲ့နောက်ကိုဘယ်သူမှ ခိုလိုက်လာလို့မရသလို
ဘယ်လိုမှလဲ အသုံးပြုဖို့မစဉ်းစားကြနှင့်
ချစ်သူမင်းလဲ ငါ့ရင်ထဲက ဆုတ်ခွာတော့ ။ ။
အလွမ်းတွေကို ကိုယ့်ဘာသာ
သောက်မြိုနေရတာ နင်တယ် ။
အချစ်တွေကို ကိုယ့်ဘာသာ
မျိုးပွားနေရတာ လက်ပန်းကျတယ် ။
မောတယ် နင့်ကိုချစ်နေရတာ မောတယ် ။
ပင်ပန်းတယ် မင်းမသိအောင် တယုတရတွေ
မြတ်နိုးရတာ ငါ............
အခန်း ၊ ၂ ၊ နာကျင်မှု အပိုဒ်ခွဲ . ၂
မျောလွင့်ခွင့်ပေးပါ ဘုရားသခင်
ယုံကြည်ချက်ကို ရွတ်လွင့်လို့
ဘဝတစ်ခုကို ဆွဲဆန့်ခွင့်ပေးပါ ဘုရားသခင် ။ ။
ချစ်ခြင်းတရားတစ်ခုကို အပ်ကျမက်ကျ
သောက်သုံးခွင့်ပေးပါ ဘုရားသခင် ။ ။
မျောလွင့်ခွင့်ပေးပါ ဘုရားသခင်
တုန်လုပ်မှုတွေ ချုပ်ငြိမ်းအောင်
.................
မျောလွင့်ခွင့်ပေးပါ ဘုရားသခင် ။
ဘဝတစ်ခုလုံးမှာ ငါမင်းကိုပဲ
ချစ်ခဲ့တယ် ။
ဘယ်သူမှ မချစ်နိုင်တဲ့ချစ်ခြင်းများနှင့်
တလွလွ ဖြူဖြူစင်စင်ချစ်ခဲ့တယ် ။
ဒါပေမယ့် မင်းစိတ်ထဲမှာတောင် ငါ့နာမယ်မရေးထိုးထားတော့
ငါနှလုံးခုံသံတွေ ခေါက်သိမ်းလိုက်မယ် ချစ်သူ ။ ။
အခန်း ၊ ၂ ၊ နာကျင်မှု အပိုဒ်ခွဲ . ၃
အချစ်တစ်ခုကို ပြစ်ပြစ်ခါခါ
ကြေးတင်ပီး
ဘဝတစ်ခုနှင့် မိုက်မိုက်မဲမဲ လောင်းကြေးထပ်လိုက်တယ်
ရလဒ်တစ်ခုကို ခပ်ရဲရဲ ဖောက်ဖတ်ကြည့်လိုက်တော့
.....................................
ဗလာ
ထိလွယ်ရှလွယ် ငါ့နှလုံးသားကို
မပုတ်ခတ်ပါနှင့် ။ ။
ကျလုကျခင် ငါ့ဘဝကို
ပုတ်မချပါနှင့် ။
။
မင်းရဲ့အပြစ်အနာဆာမှန်သမျှ
ငါမျက်ကွယ်ပြုထားတယ်
ကျေးဇူးပြုပီး .................
ငါ့အနာဂတ်ကို မီးလောင်တိုက်မသွင်းလိုက်ပါနှင့် ။ ။
ကြယ်အကြွေကိုဆောင့်နေရတာ ငါမောတယ်
၊
ကိုယ့်ဘာသာပဲ လောင်ကျွမ်းပြာကျလိုက်တော့မယ် ၊
ဒါပေမယ့် ငါ့ဝိဥာဉ်တော့ သန့်ရှင်းသွားပါရစေ ။ ။
မိုးဇက်
နက်ဆိုး(Demon) နှင့် ဆေးကျောင်းသား
ရင်ဘက်နှစ်ခုရဲ့ အလွမ်းသံစဉ်
ငါ့အလွမ်းတွေကြို့ထိုးနေတယ်
နှစ်ဦးသားသစ္စာတွေကို မင်းချနင်းခဲ့တာနော်
လေအလွင့်မှာ ကြွေခဲ့ရတဲ့ ငါ့နှလုံးသွေးရွက်နုတွေ
ရှင်သန်ခွင့်မရတော့တဲ့ ခံစားမှုရပ်ဝန်းက
မျှော်လင့်ခြင်းရောင်ခြည်တွေဟာ
အမှတ်တမဲ့ မေးမှိန်ခဲ့ရတယ် ။ ။
ကိုယ်ကချစ်တတ်တာပဲရှိတယ် မချစ်တတ်ခဲ့ဘူး
မင်းနှင့်ပတ်သက်တိုင်း ငါ့မှာ မျှော်လင့်ချက်တွေ
တခန်းတနားသီကုံးခဲ့တာ ၊
အနားသက်တွေမလှပဘူး
ဆုတောင်းခဲ့တာ ကြယ်အကြွေကို
ငါ နဲ့အတူထိုင်ကြည့်ချင်လိုက်တာတဲ့
ငါကတော့ မင်းကြည့်ဖို့အတွက် ကြွေရတဲ့ကြယ်
ငါသာဖြစ်ချင်ပါတယ် မင်းအတွက် ထာဝရ ပေးဆပ်နေမဲ့သူပါ ။ ။
(မိုးဇက်)
|
ရေးထိုးခဲ့ပေမယ့် ချစ်သူရယ်
မင်းပြောထွက်ခဲ့တဲ့စကားတစ်ခွန်း
နာကျင်မှုတွေနှင့် ငါ့မှာသေရာပါလို့ ၊
ကြည့်စမ်း .............
ခံနိုင်အားတွေကို ငါဘယ်လို
ထူထောင်ရမလဲ ။ ။
သေချာမှုတစ်ခုကို ဆွဲထုတ်ကြည့်လိုက်ခြင်း
နင့်ကိုငါချစ်တယ်
လိုအပ်ချက်တွေ တသီကြီးနှင့်
မဝင့်ရဲခဲ့ပေမယ့် ခုငါပြောမယ်
နင့်ကိုငါချစ်တယ် ။ ။
နင့်အတွက်ဟာသတစ်ခုဖြစ်သွားရင်
ခံနိုင်ရည်အားမရှိပေမယ့်
ဘဝတစ်ခုလုံးနှင့်လောင်းကြေးထပ်ပီးငါပြောမယ်
(နင်ပျက်ရယ်ပြုမနေပါနှင့် )
နင့်ကို ငါချစ်တယ် ။ ။
သိုသိပ်လျှို့ဝှတ်မှုတစ်ခုက
ထိမ်းသိမ်းမဲ့ ပေါက်ထွက်ခဲ့ပီ
( ငါတောင်းပန်ပါတယ် )
နင့်ကို ငါချစ်တယ် ။ ။
နင့်ကို ငါ အရမ်းချစ်နေပါလားလို့
သိတဲ့အချိန်ကြည်နူးမိသလောက်
ပြောမထွက်ဝင့်တော့လဲ
ငါအားငယ်နေမိတာ ဆန်းသလား ?
ချစ်နေရတာနှင့်ပဲကိုယ်ဘာသာကျေနပ်နေပေမယ့်
တစ်ကြိမ်တစ်ခါတော့ နင့်အချစ်ကိုရယူလိုပြန်ရော
ဒါကိုရူးသွပ်မှုလို့ နင်ပြောမှာသိနေပေမယ့်
ငါပျော်ပျော်ကြီး စွပ်ဆွဲခံလိုက်မယ်
နင့်ကို ငါချစ်တယ်။ ။
အခုရော သေသိတိုင်
ငါ့ဘဝမှာ အမှန်တကယ် တည်မြဲနေမယ့်
အရာတစ်ခု ငါပြောပါရစေ
( နင်သေချာနားစိုက်ထောင်ထား )
.............
နင့်ကို ငါ ချစ် တယ် ။ ။
မိုးဇက်
ဒဏ်ရာရသူများစာရင်း
၁။ ရိုးဒီ ( သမားရိုးကျတံဆိပ်ကပ် အရက်ပုလင်းနဲ့ ခေါင်းရိုက်ခွဲခံရ )
၂။ ရိုးဒီ ( စကားလုံးများနှင့် ပစ်ပေါက်ခြင်းကြောင့် နားရွက်နှစ်ဖက် ဒဏ်ရာရရှိ )
၃။ ရိုးဒီ ( ဆောင့်ကန်ခံရတဲ့ နှလုံးသား ပုံမှန်လှုပ်ရှားရန် ခွဲစိတ်ကုသဖို့လိုအပ် )
၎။ ရိုးဒီ ( ကံကြမ္မာရဲ့ လျှောထိုးဖြတ်ထုတ်မှုကြောင့် ၂၀၀၆ ကမ္ဘာ့ဖလားပွဲနှင့် လွဲဖွယ်ရှိ )
၅။ ရိုးဒီ ( ဘယ်ဘက်ရင်အုံ အညိုအမည်းစွဲ၊ လောကဓံနဲ့ပွဲ )
၆။ ရိုးဒီ ( တံတောင်စာမိ၍ မျက်ခုံးကွဲ၊ လောကကြီးနှင့် ခြေစမ်းပွဲ )
၇။ ရိုးဒီ ( အနာဂတ်ကို ခေါင်းခုန်အတိုက်၊ ပြုတ်ကျ၊ ကိုယ်တစ်ပိုင်းသေ )
၈။ ရိုးဒီ ( ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့၊ ကြွက်တက်၊ လဲကျ၊ ကျောနံပါတ် ၂၆ )
၉။ ရိုးဒီ ( လက်ညှိုးငေါက်ငေါက်ထိုး အပြစ်တင်သံတွေကြား ခြေထောက်နှစ်ချောင်းဟာ သွင်သွင်ကျိုး )
၁၀။ ရိုးဒီ ( ဘောလုံးကို ယှဉ်အလုမှာ အထမ်းစင်နဲ့ တွေ့သွားရှာတဲ့ ရိုးသားမှု )
၁၁။ ရိုးဒီ ( ဘုရားသခင်အား ပြန်ပြောမိသဖြင့် အကန့်အသတ်မရှိ ၀ိုင်းကြဉ်ခံခဲ့ရ )
ညာခဲ့တယ်
ညာခဲ့တယ် သူငါ့ကိုညာခဲ့တယ် ။ ။
အရာအားလုံးကို မျက်စိမိတ်ပီး
ချစ်ခဲ့ပေမယ့် သူငါ့ကိုညာခဲ့တယ် ။ ။
ချစ်တယ်လို့ နှုတ်ဖျားလေးနှင့်
ငါ့နှလုံးသားကိုခတ်ပြီး သူငါ့ကိုညာခဲ့တယ် ။ ။
ဘဝတစ်ခုလုံးမှာ တစ်ခွန်းထဲသောစကားကို
ပြောခဲ့ပေမယ့် သူငါ့ကိုညာခဲ့တယ် ။ ။
လမ်းခွဲချင်တော့လဲ မင်နီတွေအထပ်ထပ်တားလို့
အော်ကြီးဟစ်ကျယ် စွဲချက်တွေနှင့်
သူငါ့ကို ညာ ခဲ့ တယ် ။ ။
ငါ့နှလုံးသားကို တစိမ့်စိမ့်ပြုစားပီးမှ
ဖြစ်ကတတ်စမ်း ဒဏ်ရာတွေနှင့်ထားခဲ့
သူ
ငါ့
ကို
ညာ ခဲ့တယ် ။
ဒါပေမယ့် လက်ခနဲထတောက်သွားတဲ့ ကြေကွဲမှုမှာတောင်
မင်းနာမယ်ကို ခပ်တိုးတိုးရေရွတ်နေတုန်း
( မင်းကတော့ ငါ့ကို ညာ ခဲ့ တယ် ......... ချစ်သူ )
မိုးဇက်
သူမရေးထိုးတဲ့ ငါကိုယ်တိုင်သိခွင့်မရတဲ့ ငါ့နံပါတ်
ပီးဆုံးတော့မယ့် ဇာတ်လမ်းတစ်ပုဒ်ကို
ငါတစ်ယောက်ထဲ ထိုင်ဆောင့်နေတယ် ၊
ငါ့နံပါတ်ဘယ်လောက်လဲ ?
ခတ်တာက The End စာတမ်းမထိုးခင်
သူမ မီးခလုပ်ဖြုတ်ချလိုက်တယ် ၊
ငါ့နံပါတ်က ဘယ်လောက်လဲ ?
ရင်ဘက်မှာ မင်းနာမယ်ကို
တတ်တူးထိုးပီး အော်ဟစ်နေလဲ
မင်းက မင်းကြိုက်ရာရွေးနိုင်တဲ့
မင်းသမီး
ငါ့နံပါတ်က ဘယ်လောက်လဲ ?
ခုတော့ ငါချစ်ခဲ့သမျှကို
လက်ညိုးထိုးအံချကြည့်လဲ
ငါ့အတွက် နံပါတ်ပြားပါမလာဘူး
ကောင်မလေးရေ ထွက်ခွာမသွားခင်
ငါ့ကိုပြောခဲ့ပါ ..........
ဘာရယ်မဟုတ် ငါ့လယ်ပင်းမှာချိတ်ဆွဲချင်လို့
ငါ့နံပါတ်က ဘယ်လောက်လဲ ?
မိုးဇက်
ရောမအင်ပါရာ ပျက်စီးခန်းကို တို့ဆောင့်ကြည့်နေတယ်
ဝင်သက်ထွက်သက် အသက်ခံရတဲ့ D ချစ်ခြင်း
အစောဆုံးကြွေသွားတဲ့ သစ်ရွတ်ထဲမှာ
ငါ့နာမယ်ပါသွားတယ် ။ ။
(မဟုတ်ဘူး ငါ့နှလုံးသားပါ ကြားညပ်ကြွေဆင်းခံရတာ ။ )
ဒီဇင်ဘာရဲ့ မနက်တွေနှင့် တစ်မိုးသောက်ချင်ခဲ့တဲ့
ငါ့ရင်ခုန်သံ သံဇဉ်ညှိမပေးခဲ့ဘူး ။ ။
အနာတရတွေသာ အနာဖေးတတ်လို့
မျှော်လင့်ချက်တွေတောင် ပါးလျှခဲ့ပီ ချစ်သူ ။ ။
နောက်ဆုံးထွက်သက်မှာ ငါသိလိုက်တာက
မင်းသဂြိုလ်ခဲ့တာ ငါ့ဘဝ ငါ့အနာဂတ်တစ်ခုလုံးပဲ ။ ။
နောက်ဆုံးတော့လဲ
ငါဟာ ဘယ်သူမှ မသိလိုက်ပဲ
မီးလောင်တိုက်သွင်းခံလိုက်ရတဲ့
အသည်းကွဲ ကဗျာဆရာ ( ကဗျာရေးတဲ့သူ ) ။ ။
တောင်းဆုခြွေပါ ဒီဇင်ဘာ
နှင်းစက်တွေနှင့်နိုး ထ လာတဲ့
ဒီဇင်ဘာ
ဖွေးဖွေးလုပ် အအေးဓါတ်နှင့်
ငြိမ်းချမ်းလှတဲ့
ဒီဇင်ဘာ
အလင်းသောက်ချိန်မှာ
ကော်ဖီတစ်ခွက်နှင့်
ချစ်သူရဲ့ အနမ်းနွေးနွေးလေးကို
ရင်ခွင်ပိုက်ရင်း နိုးထခွင့်ပြုပါ
ဒီ
ဇင်
ဘာ ...................။ ။
ချစ်ခြင်းကဗျာ ၊ ၁ ၊
နှစ်ယောက်ကြားက တစ်ဖြစ်ဖြစ်မည်အောင်လောင်ကြွမ်းနေသော မီးပုံလေးကို အကြည့်တစ်ချက်ငဲ့ပြီး ရင်တွင်းကဗျာတစ်ပုဒ်ရဲ့အစမှာတင် ကောင်မလေးရဲ့ နာမည်ဟာ ကောင်လေးရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ထွက်လာတယ် …………သုံကြိမ်တိတိပေါ့
-ှင်ြး-ိုးေ- / ၃ /
နောက် ကောင်မလေးရဲ့ ရူပါရုံအလှတရား၊ မကုန်ခမ်းနိုင်သော အရည်အချင်းတွေကို မွတ်သိပ်စွာ သီကုံးဖွဲ့ဆိုလိုက်ချိန်မှာ ကောင်လေးရဲ့မျက်နှာဟာ အတော်ကြာကြာ ငတ်မွတ်နေသောရေကို အရသာခံသောက်လိုက်ရသလိုမျိုး ကြည်ရွင်လင်းလက်လာတယ် ။ပြီးတော့ နှစ်ယောက်သားဆုံခဲ့သော ပုံရိပ်တွေကို ကောင်လေးရဲ့ တစ်ဖက်သက် အမြင်နှင့် သီကုံးဖွဲ့ဆိုနေလိုက်တာ ၊ ။
ကောင်မလေးကို သူစတွေ့ချိန်ကနေ ချစ်မိသွားသည်အထိ ရင်ထဲမှာ ထင်ဟပ်လာတဲ့ ကောင်မလေးရဲ့အလှကို နူးညံ့သောစကားလုံးတွေနှင့် ခပ်လွင်လွင်လေးရွတ်နေတယ် ။ ငြိမ့်ညောင်းစွာစီးဆင်းနေသော စမ်းချောင်းထဲ စိတ်အစဉ်က ရွတ်လွင့်နေသလိုမျိုး …………
စတင်ပျံသန်းဖို့ လိပ်ပြာတောင်ပံ ခက်လိုက်သလိုပါပဲ ကြည်နူးဖွယ်အရောင်တွေနှင့် တစ်ဖြတ်ဖြတ် လွင်ခံနေတယ် ။ ဆိုင်ကယ်ဦးထုပ်လေးဆောင်းပြီး သူ့ရှေ့ရောက်လာတဲ့နတ်သမီးတစ်ပါးဆန်ဆန် ။ အဲဒီနောက်ပိုင်းမှာ သူတို့နှစ်ယောက်အကြောင်းသာလျင် လောကကြီးမှာ အရေးပါသလို ၊ အတိတ်ပြန် လွမ်းစိတ်တွေကြောင့် ဒီနေရာအရောက်မှာ ကောင်လေးမျက်နှာမှာ ညို့မှိုင်းဆွေးမြည့်သွားတယ် ။
ထိတွေ့မှုတွေ ၊ ရင်းနှီးမှုတွေ ၊ နားလည်ခွင့်လွတ်မှုတွေကနေ တရစ်ရစ် သံယောဇဉ်ကြောင့် ချစ်ခြင်းတရားတွေသူ့ရင်ထဲမှာ မသိမသာခိုဝင်လာတဲ့အကြောင်းကို ကောင်လေးရင်ထဲက ဖွင့်အံထွက်လာတယ် ။
ယောက်ျားတစ်ယောက်ရဲ့ မာနတွေခဝါချခံလိုက်ရသလို ရိုကျိုးစွာနှင့်ပေါ့ …………..
ဒီနေရာအရောက်မှာ ကောင်မလေးက ထင်မှတ် မထားသော မေးခွန်းကို အမေးခံလိုက်ရသလို ၊ အငိုက်မိခံလိုက်ရသော သမင်မ တစ်ကောင်ရဲ့ မျက်လုံးမျိုးနှင့် ဖြတ်ခနဲမော့ကြည့်လိုက်တယ် ။ ကောင်လေးကတော့ သူကဗျာထဲမှာပဲ တစ်စတစ်စ နှစ်ဝင်နေတယ် ၊ ။ ဆက်လက်ရွတ်နေတယ် ၊ ကောင်မလေးကို ဘယ်လောက်ချစ်သွားကြောင်း တစ်စုံတစ်ယောက်ကို တိုင်တည်နေသလိုမျိုး သစ္စာကတိတွေ အထပ်ထပ်ပေးလို့ ရွတ်ဆိုနေတယ် ။
တစ်ချို့နေရာတွေမှာ ကောင်မလေး မျက်ခုံးတွင့်သွားတယ် ၊ဆိုရုံလေးပါပဲ ၊ ဖတ်နေကျ ဝတ္ထုကိုဖတ်နေသလို ၊ ပြုမူနေကျ ထက်ပိုပုံမရစွာ နေရာပြင်ထိုင်ရင်း ၊ စွေ့ကနဲ ဝေ့တိုက်လိုက်သော ဆောင်းလေအေးကို ကာကွယ်တဲ့အနေနဲ့ အနွေးထည်စကို ရင် ဘက်လုံအောင်ဆွဲစေ့လိုက်တယ် ။
နှစ်ယောက်သား အထူးတလည်လုပ်ရှားမှု မဲ့လို့ ထိုင်ခုံမှာတိတ်ဆိတ်စွာ ထိုင်နေကြတယ် ။ကောင်လေးကတော့ ရင်တွင်းကဗျာတွေကို ဆက်ရွတ်နေတယ် ၊ တစ်ခါတစ်ခါ ကောင်မလေးက သူတို့ရှေ့က မီးပုံကို မီးရှိန်ရလာအောင် ပြင်ပြင်ပေးနေတယ် ။
ချစ်ခြင်းတရားတွေပြည့်နေပေမယ့် မဆုံနိုင်တဲ့မျဉ်းပြိုင်နှစ်ကြောင်းရဲ့ဆုံမှတ်ကို ရူးသွပ်စွာ ဝရုံးသုံးကား ရှာဖွေနေရတဲ့ ကောင်လေးရင်ထဲမှာ ဒဏ်ရာဒဏ်ချက်တွေနှင့် တရွတ်တိုက်ပြီး ဘဝကို ဖြတ်သန်းနေရတဲ့အကြောင်း ၊ တဖြည်းဖြည်းနှင့် ကောင်းလေး အသံထဲမှာ နွမ်းလျ သံတွေစွတ်လာတယ် ။
သူတို့နှစ်ယောက်ရယ် ၊ ရှေ့ကမီးပုံလေးရယ် ၊ ပတ်ဝန်းကျင်က
မြက်ခင်းစိမ်းစိမ်းရယ် ၊ ထိန်လင်းနေသော လမင်းတစ်စင်းရယ် ၊ ဆိတ်ငြိမ်သာယာဖွယ်ကောင်းသောလောကကို အေးချမ်းသော ဆောင်းရာသ်ီက
လွမ်းခြုံထားတယ် ။ ဒါပေမယ့် ကောင်လေးရင်ထဲက ထုထည်ကြီးမားသော ခံစားချက်တွေဟာ ပတ်ဝန်းကျင်ကအရာအားလုံးကို တစ်စစ ဝါးမျိုလာတယ် ။ တွန်းလှံနိုင်မှု မဲ့စွာ အရောင်ဆိုးခံလိုက်ရတယ် ။ မှုံပျအုံ့မှိုင်းလို့လာတယ် ။
ရေးထားတာကြာပါပီ အဆက်ကို ခုဆက်ရေးနေလို့ အရင်ဟာကိုပြန်တင်လိုက်တာ ( နောက်လလာမည်ပေါ့ )