ကျောင်းလေးတစ်ကျောင်း
အဲဒီကျောင်းလေးမှာ
တစ်ချိန်ကချစ်ဦးသူနှင့် အတူလမ်းလျှောက်ဖူးတယ် ။ ။
အဲဒီကျောင်းလေးမှာ......
ငါ့မျှော်လင့်ချက်တွေ ခပ်တုံးတုံးမာယာတွေနှင့်
အမွန်းခံရဖူးတယ် ။ ။
အဲဒီကျောင်းလေးမှာ....
ပါးလှပ်လှပ်အလှနှင့် မျက်ဝန်းညို့ညို့တစ်စုံပိုင်ဆိုင်တဲ့
ကောင်မလေးတစ်ယောက်ရှိခဲ့တယ် ။ ။
အဲဒီကောင်မလေးကို ကျွန်တော်ရင်ဖွင့်တုန်းက
ရှက်သွေးတို့ရဲခနဲပေသွားတဲ့ သူမမျက်နှာအောက်မှာ
ရိုးသားမှုဆိုတဲ့အရာ ပျောက်ဆုံးနေတာမသိခဲ့ဘူး ။ ။
“ မေနို ” လို့ အမြတ်တနိုးခေါ်ခဲ့တုန်းက
ခပ်တင်းတင်းနှုတ်ခမ်းနှစ်လွာနှင့် အသိအမှတ်ပြုခဲ့တာ ငါမှတ်မိသေးတယ် ။ ။
အဲဒီနှုတ်ခမ်းတွေနှင့်ပဲ သူ့အိမ်မက်တွေ
ကျွန်တော်ပိုင်ဆိုင်ခွင့်ရခဲ့တယ် ။ ။
ဒါပေမယ့် “ မေနို ”
နင်နှင့်ငါ နှလုံးသားခြင်းလက်ဆွဲနှုတ်ဆက်တုန်းက
မာယာဆိုတဲ့ဓါးတစ်လက် ကြားညှပ်ထားတာ
ငါမသိခဲ့တော့ ...... ထိရှဒဏ်ရာတွေဟာ
အကြောင်းသင့်တိုင်း အသစ်သစ်ဖြစ်သွားတာ
ခုချိန်ထိပဲ “ မေနို ” ။ ။