နွေဦးသစ်ရွတ်လေးတွေ ကြွေကျနေသလိုမျိုး
လေပြေအသော့မှာ လွှင့်ဝဲသွားသလိုမျိုး
အရာရာဟာ ထိကပါး ယိကပါး ...
ပက်သက်သမျှဟာ ပါးလျှဝေဝါးသွားလိမ့်မယ်လို့
အထင်ရောက်ခဲ့တာ ငါမှားခဲ့ပြီလား အိမ့်ခရေ ။ ။
သူမလက်ကို ဆုပ်ချည်ဖြန့်ချည် လှုပ်ရှားမှုမှာ
ငါဟာ စွံ့ အ ငေးမောနေမိတယ်
တစ်ကယ်က သူမလက်ကြားကျွန်တော့ဘဝလေးပါသွားတာ
ကျွန်တော် မသိလဲမဟုတ် ................. ။
အစ အလယ် အဆုံး
ခပ်တင်းတင်းဆုပ်ကိုင်လို့
ထုံကျင်အားနှင့် မေ့ပျောက်သွားလိမ့်နိုး မျှော်လင့်ချက်နှင့်
ဘယ်ဘက်ရင်အုံကို ဖိဖိချေမိနေတယ် အိမ့်ခရေ ။ ။

မိုး ဇက်