အရင်တုန်းက ကျွန်တော် ကဗျာတွေစရေးဖြစ်တယ် ။အစောပိုင်း ရေးဖြစ်တယ်ဆိုတာကလဲ ဒီလိုပါ ကျောင်းမှာကဗျာဆရာဆိုရင်ကို နည်းနည်းလူရှိန်တယ်လေ ၊ attention လဲနည်းနည်းရတယ်ဆိုတော့ ၊ ကဗျားလေးရေးပြီး ကောင်မလေးတွေကြားမှာ ဂော်ချင်တာပေါ့ ။ ဒီလိုနှင့်စရေးဖြစ်တယ်ဆိုတော့ နောက်ပိုင်းရေးသက်လေးရလာ စာဖတ်သက်လေးရလာတော့ နည်းနည်းလူတွင်ကျယ်လုပ်ချင်လာသပေါ့ ၊ အဲအဲ ကွန်ပြူတာလေးနည်းနည်းပါးပါးတီးတတ်ခေါက်တတ်လာ အင်တာနက်လေး ကလိတတ်လာတော့ ဘလော့ပေါ်ကိုတတ်လာတာပေါ့ ၊ ဒီလိုနှင့် ကိုယ်ရေးထားတာကို ရုပ်တည်ကြီးနှင့် ကဗျာလို့ခေါင်းစဉ်တပ်ပစ်လိုက်ပြီး ကိုယ့်ကိုကိုယ် ကဗျာဆရာလို့ခံယူလာတဲ့ သက်တမ်းကြာလာတဲ့အချိန်မှာ ကျွန်တော့ကိုကျွန်တော် ပြန်သုံးသပ်ကြည့်မိတယ် ။
နောက်ဆုံးအဖြေထွက်တာက ကျွန်တော်ရေးခဲ့သမျှတွေဟာ ကဗျာမဟုတ်ဘူးဆိုတာပဲ ။
ကဗျာလို့သမုတ်ရလောက်အောင် ရေးခဲ့သမျှဟာ ကဗျာမမြည်ခဲ့ပြန်ဘူး ။ ကဗျာ ရဲ့လေးနက်မှု ကိုသိလာတော့ ရေးခဲ့သမျှဟာ ကဗျာမမြောက်ဘူးဆိုတာ ပိုသေခြာခဲ့ပြန်ရော ။ ကဗျာ ရဲ့တန်ဖိုးကြီးမားမှုကို နားလည်လာတော့ ရေးခဲ့သမျှဟာ ကဗျာလို့သမှုတ်ရအောင် တန်ဖိုးမပြည့်မှီခဲ့ပြန်ဘူး ။ ကဗျာ ရဲ့မြင့်မြတ်မှုကိုသိလာတော့ ရေးခဲ့သမျှဟာ ကဗျာ ဆိုတဲ့အဆင့်ရောက်ဖို့နေနေသာသာ အရမ်းသိမ်ငယ်နေတာကိုသိလာခဲ့ပြန်ရော ။
အဲဒီနောက်ကျွန်တော့ကို ကျွန်တော် အရိုးသားဆုံးဝန်ခံလိုက်ပြီး အရိုးသားဆုံးနေပြစ်လိုက်တယ် ။
ကျွန်တော် ကဗျာ ဆရာမဟုတ်ဘူး ။ ကျွန်တော်ရေးခဲ့သမျှဟာ ကျွန်တော် အရမ်းနှင့်ခံစားမိသမျှကိုအနီးစပ်ဆုံးပုံဖော်ဖို့ စကားလုံးတစ်ချို့နှင့် ချရေးမိခဲ့တာလေ ။ ကျွန်တော်ထိထိရှရှဖြစ်လာတိုင်း အဲဒီအရာလေးကို ပုံဖော်ဖို့ချရေးမိတဲ့စာသား/စာလုံးလေးတွေပဲ ဖြစ်တယ် ။
ဒါကြောင့် ကျွန်တော်ရေးခဲ့သမျှအရာတွေဟာ " ထိရှအက်ကွဲသံ '' တစ်ခုအဖြစ်ပဲ ဖြစ်တည်တယ် ။ ကဗျာဖြစ်တည်ဖို့အထိ အရည်အချင်းမရှိခဲ့ဘူး ။ ဒါကြောင့် ကျွန်တော်ရေးခဲ့သမျှကို အဲဒီအဆင့် / ထိရှအက်ကွဲသံ အဆင့်အဖြစ်ပြောင်းသက်မှတ်လိုက်တယ် ။
ဘဝဟာ သိပ်ရိုးရှင်းလွန်းသလောက် ကျွန်တော်ဟာ သိပ်ကိုရိုးသားဖို့လိုလာပြီလေ
Archive for 2014
နင်ဟာ နင့်ဘဝကိုရွေးချယ်လိုက်တဲ့ အချစ်မဲ့နက်သမီးပဲ အိမ့်ခရေ
တစ်ကယ်တော့ အိမ့်ခရေ
ငါက လေထဲမှာ အရုပ်ရေးခဲ့မိတဲ့သူ
ဘဝတွေအဆက်ဆက်ထက်ကျန်နေမလားလို့
အရုပ်ရေးမိတဲ့သူ ။ ။
တကယ်တော့ အိမ့်ခရေ
နင်က သေချာတဲ့ဘဝတစ်ခုကို
ဖမ်းဆုပ်လိုက်တဲ့ ဝိဉာဉ် ။ ။
ငါမြက်ခင်းစိမ်းစိမ်းတွေကို ရှပ်တိုက်ပြီးတွေးဖူးတယ်
ငါ့အတိတ်တွေကို ပွတ်သပ်ပြီးစဉ်းစားဖူးတယ်
နင်ပေးဖူးတဲ့ စာတစ်ရွတ်
ဆုပ်ချည် ဖြန့်ချည်ခဏခဏဖွင့်ဖတ်ဖူးတယ် ။ ။
နင့်နားသယ်စက ဆံပင်တွေကိုအတွေးနှင့်သပ်ချည်ဖူးတယ်
နင့်နှုတ်ခမ်းတစ်စုံကို ဖွဖွလေးသိမ်းထားဖို့စိတ်ကူးယဉ်ဖူးတယ်
နင့်လက်သွယ်သွယ်လေးကို တယုတယဖမ်းဆုပ်ဖို့ကြိုးစားဖူးတယ်
အိမ့်ခရေ ။ ။
တစ်ကယ်တော့နင်က သေချာတဲ့ဘဝတစ်ခုကိုပဲ
အမှန်ခြစ် ရွေးခြယ်သွားတဲ့ သူ
တစ်ကယ်တော့ ငါက ချစ်ခြင်းတရားကို
ငါ့တစ်ယောက်ထဲ သွေးသန်ရဲရဲချရေးမိတဲ့သူ ။ ။
နင်မထင်ထားတဲ့ ဒဏ်ရာက နက်ခနဲထတောက်နေတာ ခနခနပဲ အိမ့်ခရေ
ထိရှလွယ်တာလဲမပြောနှင့်လေ ...
ထိခဲ့တဲ့ဓါးသွားကို ပြန်ကြည့်လိုက်
အမြင်နှင့်ကို မြည့်လို့ ၊ မြှလို့ ။ ။
အိမ့်ခရေ ......
နင့်အတွက်တော့ မျက်စ တစ်ပြစ်စာ
ငါ့အတွက်တော့ တစ်ရာသီစာဟင်းလင်းပေါက်ဖြစ်သွားတာ
ငါ့မှာ ... နာ ... ကျင် ...... ပျက် ...... လျှ ........ လို့ ။
ငါ့မှာတော့ ငါ့ကံကြံမ္မာကို ငါဖိဖိပွတ်လို့
နင်ငါ့ကိုစွင့်ခွာသွားတာကို ဖြေဖြောက်ဖို့
အပန်းတကြီးကြိုးစားနေရတာ
အိမ့်ခရေ.... .... ။
ငါသိလိုက်ပြီ ... အိမ့်ခရေ
ငါ့လျှာခင်ကို ခြောက်ကပ်ကပ်ပွတ်သပ်ရင်း
ငါသိလိုက်ပြီ .. .. အိမ့်ခရေ
တစ်ကယ်တမ်းတော့ ...
ချစ်ခြင်းဆိုင်ရာ သစ္စာတရားဟာ တစ်လောကလုံးသိအောင်
နှုတ်တစ်ဖွဖွ ဖွင့်ပြဖို့လိုတယ်ဆိုတာ ... ။
ငါပြောချင်တာက
ငါခိုးခိုးနမ်းချင်နေမိတဲ့ နင့်ရင်ညွန့်လေးကို
လွမ်းတယ် ..... အိမ့်ခရေ ။ ။
ငါပြောချင်တာက
ငါမပြောပဲနင့်ဘယ်ဘက်ရင်အုံအောက်ကို
ဝှက်ထည့်လိုက်တဲ့ ငါ့အနာဂါတ်
နင်မသိလိုက်ပဲ ကြေသွားခံရတာ ။ ။
ငါပြောချင်တာက
ငါရည်ရွယ်ပြီး ဝယ်ခဲ့တဲ့ လက်စွပ်လေးတစ်ခု
ငါ့လက်သန်းကြွယ်ကို ငါပြန်ဝတ်လိုက်ရတာကိုပဲ
အိမ့်ခရေ ................ ။ ။
ငါပြောချင်တာက ...............
ငါ ............
ခုချိန်ထိ ..............
ပျက်ရှနာက စူးကနဲ ............ စူးကနဲ ............ ။ ။
~ အပိုင်းအစ ~
တစ်သိမ့်သိမ့်ဖြတ်သွားတဲ့ စမ်းချောင်းလေးကို
ကျွန်တော့်လက်နှင့်ဖမ်းဆယ်တယ်
ကြယ်စင်တွေရဲ့ အလင်းတစ်ချို့ပဲ ပြန်ရခဲ့တယ် ။ ။
ဘဝကို အလျှင်စလိုဇာတ်ညွန်းရေးချင်နေမိတဲ့ ကျွန်တော်က
သူမဝိဥာဉ်နှင့် တစ်ဘဝလုံးကိုထိခတ်မြည်တမ်းပြစ်ချင်လို့ပဲ ။ ။
ငါမမှားလောက်ပါဘူး အိမ့်ခရေ .............
အဲဒီလိုပြန်ပြန်တွေးရင်း မင်းနှုတ်ခမ်းစပ်ပေါ်က
မှည့်ရေးရေးလေးတွေကြားထဲ ငါဖြတ်ဖြတ်လျှောက်တယ် ။ ။
မိုးဇက်
~ အကြေ ~
ကျွန်တော်လဲ ငေးတယ် သူမလဲငေးနေတယ် ။ ။
အဲဒီရေတွေဘာလို့ငြိမ်သက်နေတာလဲလို့
အကြောင်းမဲ့တွေးရင်းငေးတယ် ။ ။
သူမလဲတွေးတယ် ကျွန်တော်လဲတွေးတယ် ။ ။
အဲဒီအချိန်ငါဒုက္ခရောက်နေတုန်းက နင်ဘယ်ရောက်နေလဲလို့
အသံတစ်စက်မထွက်ပဲ သူမတွေးတယ် ။ ။
ကျွန်တော်လဲပြုံးတယ် သူမလဲပြုံးနေတယ် ။ ။
ကျင်သွားတဲ့ဘယ်ဘက်ရင်အုံကို ပွတ်သပ်ထွက်လာတဲ့အပြုံးနှင့်
နိုင်စားတတ်တဲ့ဧကရီမတစ်ပါးကဲ့သို့ သူမရဲ့အဝါရောင်လှဲ့နေတဲ့အပြုံး
တစ်ယောက်ကျောကို တစ်ယောက်ဖောက်ထွက်သွားအောင်ပြုံးပြစ်ကြတယ် ။ ။
.....
အဲဒီနေ့က လိမ်နေတာကိုလိမ်နေမှန်းမသိတဲ့လူတစ်ယောက်ဖြစ်အောင်
အလိမ်ခံရင်းသူမကိုပြန်လိမ်ပြနေရတာ အရမ်းကြီးကိုပင်ပန်းတယ်
" စင်သီယာ "
........
နင်မရှိတော့တဲ့ ငါ့ပစ္စပ္ပာန်ဟာ ဘယ်သူ့ဘယ်သူကို
အပြစ်ဖို့ရမလဲလို့ စိတ်ရိုင်းတွေဝင်ရင်း
ငါမကိုင်ဖူးတဲ့ နင့်လက်လေး
ငါမျှော်လင့်ခဲ့ဖူးတဲ့ နင့်လက်သန်းကြွယ်လေး
အိမ်မက်ဆိုးတစ်ခုဖြစ်ပါစေလို့ ဆုအထပ်ထပ်တောင်းရင်း
အဲဒီဓါတ်ပုံလေးကိုထုတ်ကြည့်
ငါ့အမြင်တွေဝါးဝါးကုန်တာ ဘာဖြစ်လို့လဲ
.....................
" စင်သီယာ "
- မိသားစု -
အိမ်မက် မက်တယ်
ဖေဖေရယ် မေမေရယ်
ကိုကြီးနှင့် ကိုလတ်ရယ်
ညီမလေးနှင့်အစ်မရယ်
ဆောင်းညတစ်ညရဲ့ မီးလင်းဖိုလေးဘေးမှာ
နွေးထွေးတဲ့စကားလုံးတွေ ချခင်း
တစ်ယောက်အပြုံးကို တစ်ယောက်သဲ့ယူလို့ ............. ။ ။
နွေဒိုင်ယာရီကြားညပ်နေတဲ့ ပိတောက်ပန်းခြောက်
နင့်ကိုယ်လုံးရေစိုစိုနှင့် ငါ့ကိုယ်လုံးရေစိုစို
ရေဖလားတစ်လုံးကို အတူတူလုပြီး
ရေလောင်းပြိုင်ကြတာမှတ်မိသေးတယ် စင်သီယာ ။ ။
အိမ်ဘေးက ပိတောက်ပင်ကတစ်ခတ်ကိုခူး
နင့်နားသယ်စကို ထိုးအစိုက်
ငါ့လက်ကို ဖွဖွဆုပ်ကိုင်ပြီး
" နင်ကလဲ ဘာမှန်းမသိဘူး " လို့ တိုးတိုးရွတ်
ရှက်သွေးပြုံးတွေ ဝတ်လစ်စတစ်ဖြစ်ကုန်တာ
ငါမှတ်မိတယ် စင်သီယာ ။ ။
အခုတော့
ခြောက်နှစ်ကျော်ကြာ သင်္ကြန်နှင့်မျက်နှာခြင်းမဆိုင်ဖြစ်ခဲ့တဲ့ငါ
ဒိုင်ယာရီစာအုပ်ထဲက ပိတောက်ပန်းအခြောက်လေးကို
ထုတ်ထုတ်ကြည့် ဟောဒီတစ်နွေလဲ
ချောက်သွေ့စွာဖြတ်သန်းရအုန်းမယ် စင်သီယာ ။ ။
အရာအားလုံးဟာ ပြည့်စုံနေမှာ
နင့်လက်ချောင်းသွယ်သွယ်လေးတွေဟာ နွေဦးပေါက်နေရောင်အောက်မှာ
ငါ့အိမ်မက်တွေအစုန်အဆန်ကူးခတ်ရာ
နင့်ပါးချိုင့် ပါးပါးလေးကိုလဲ ခိုးသိမ်းထားမိတာ
ကိုယ့်ကိုနားလည်ပေးပါ စင်သီယာ
အချစ်ကို ဘယ်လိုသက်မှတ်လဲ စင်သီယာ
ဒါဟာ တစ်ယောက်ဘဝကို တစ်ယောက်ဆိုတာထက်
တစ်ယောက်နှလုံးသားကို တစ်ယောက်ဖောက်ထုတ်ကြည့်တာလို့ထင်တယ်စင်သီယာ
" စင်သီယာ "
အဲဒီညနေစောင်းလေးမှာပဲ
နင့်နာမည်ကို ခနခနအော်ခေါ်နေမိတယ်
ဒါပေမယ့် ဘယ်သူမှမကြားနိုင်တဲ့ အသံနှင့်ပေါ့
နင်ရောကြားမိမယ်လို့ ငါမထင်ဘူးလေ ။ ။
နင့်ဆံပင်ရှည်တွေကို ဖြန့်ချထားပါစင်သီယာ
လေတွေက နွေဦးပေါက်မှာ သိပ်သရမ်းတာပဲမို့လား
အဲဒီလို တဖြတ်ဖြတ်လွင့်နေတဲ့ နင့်ဆံစလေးတွေရယ်
လူသံတွေတိတ်ဆိတ်နေတဲ့ လမ်းလေးရယ်
စိတ်လွတ်ကိုယ်လွတ် တချွင်ချွင်ရည်/ရီမောနေတဲ့ နင့်အပြုံးနုနုလေးရယ်ကို ငါငေးကြည့်ချင်လို့
ပြီးတော့ ဟိုးဘက်က ကမ်းခြေဆီကို နင့်လက်ချောင်းသွယ်သွယ်လေးတွေကို ဖွဖွဆုပ်ပြီး လမ်းလျှောက်ကြမယ်လေ
အဲဒီမှာ သိပ်လေးလွန်းတဲ့ ငါတို့ဖိနပ်တွေကို ချွတ်ခဲ့မယ်
ဟိတ်ကြီးဟန်ကြီးနိုင်လွန်းတဲ့ အပေါ်ယုံတွေကို ဖြေချခဲ့မယ်
ပြီးတော့ အေးမြနေတဲ့ ခပ်စက်စက်ရေသောင်တွေကြား တို့ခြေချောင်းလေးတွေဖြတ်ပြေးကြမယ် စင်သီယာ
ဘာဆိုဘာမှ မသယ်လာခဲ့ပါနှင့်စင်သီယာ
အရာအားလုံးဟာ ပြီးပြည့်စုံနေမှာ အသေအခြာ ။ ။
မိုးဇက်