မန္တလေး သပိတ်မှောက်သံဃာအရေးအခင်းကို သတင်းယူ ဓာတ်ပုံဗွီဒီယို ရိုက်သော သတင်းထောက် အချို့အား ထောက်လှမ်းရေး ဆိုသူများက လိုက်လံချောင်းမြောင်းမှတ်တမ်းတင်ခြေရာခံခြင်းများရှိဟု အလိုက်ခံရသူ သတင်းထောက်တစ်ဦးမှ ပြောကြားပါသည်။
မန္တလေး
သပိတ်မှောက်သံဃာ ငါးပါးသည် ယခုည၌ မန္တလေး၊ မစိုးရိမ်တိုက်ဟောင်း၊
သုတ္တန်ကျောင်းတွင် ကျိန်းစက်မည်ဖြစ်ပြီး မနက်ဖန် နေ့လည် ၁ နာရီမှစ၍ နောက် ၃
ရက်တိုင်တိုင် မစိုးရိမ်တိုက်ဟောင်းတွင်းရှိ နာရီစင်နဘေးတွင်
ငြိမ်းချမ်းရေး၊ နိုင်ငံရေးအကျဉ်းသားလွှတ်ရေး၊ လွတ်လပ်ရေးများ
ဟောပြောတောင်းဆိုမည်ဖြစ်ကြောင်းသိရ။
၃ ရက်ပြည့်သည့်အခါ တောင်းဆိုချက်များအား ဖြည့်ဆည်းပေးခြင်းမရှိသေးပါက
ယင်းသို့ ဆန္ဒပြ တောင်းဆိုမှုမှာ ၃ ရက်မက ဖြစ်နိုင်ဖွယ်ရှိကြောင်း သိရ။
"Tomorrow
12 AM, old Masoerein campaign will take part in! Please forward" ဆိုသော
စာသားများ မန္တလေးမှ လက်ကိုင်ဖုန်းကိုင်သူအချင်းချင်း ဖြန့်ဝေနေကြ။
ယနေ့
မန္တလေးတွင် သံဃာငါးပါး ငြိမ်းချမ်းရေးဆန္ဒပြကာ လူအများစုဝေးခဲ့သည့်အတွက်
ယနေ့ည မန္တလေး၊ ၈၄ လမ်းနှင့် ၃၁ လမ်းထောင့်ရှိ ဓမ္မသာလခန်းမတွင် ည (၇)နရီ၌
စတင်ကျင်းပမည့် စာပေဟောပြောပွဲ (သိုက်ထွန်းသက်၊ အော်ပီကျယ်) ကို
ကြံ့ဖွတ်အစိုးရက ပိတ်ပင်ခဲ့သောကြောင်း ဓမ္မသာလခန်းမလာ ဟောပြောပွဲပရိသတ်များ
ခန်းမရှေ့ရောက်မှ လှည့်ပြန်သွားရကြောင်း သိရသည်။
ယင်းစာပေဟောပြောပွဲမှာ ၂၀၁၁၊ နိုဝင်ဘာ ၁၁ ရက်ကတည်းက တစ်ည စာရေးဆရာ ၂ ယောက်
(သို့မဟုတ်) ၃ ယောက်နှုန်းဖြင့် အထက်ပါ နေရာတွင် ကျင်းပခွင့်ရလာခဲ့သော်လည်း
ယခု နိုဝင်ဘာ ၁၅ ည တွင်မှ ယခုလို ပိတ်ပင်ခံခဲ့ရသဖြင့်
စာပေဟောပြောပွဲပရိသတ်များ မချင့်မရဲဖြစ်ခဲ့ကြသည် ဆို၏။