ဒုက္ခတရားကြီးကို ဖုရားပန်းအမှတ်နှင့်
ငါခေါင်းမှာ ပန်ခဲ့ဖူးပြီ
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။ ။
ဟောဒီပင်လယ်ပြင်ကျယ်ကြီးရဲ့ ကမ်းစပ်ဝေဝါးနေမှုဟာ
ငါ့အသက်ကယ်လှေလေး ဦးတွေကိုလည်လို့..........
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။ ။
ငါအသက်ရှိကြောင်းလင်းထပြချင်လို့
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။ ။
မင့်ကို ယုံကြည်မှုက
ငါ့ရင်ကိုဘယ်လောက်စိုက်ဝင်နေသလဲဆို
နောဧရဲ့ သင်္ဘောဆိုက်ကပ်လာတာကို
မျက်ကွယ်ပြုခဲ့တယ်
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။ ။
မုန်တိုင်းတွေရဲ့ ညည့်တွေဟာ
သိပ်နက်ပြီးကြာရှည်လွန်းတော့
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။ ။
အဲဒီနာကျင်ခြင်းတွေကို ကျော်ကြည့်လိုက်
ပန်းတိုင်ဟာ မင့်ရှေ့မှာလို့ပြောတယ်
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။ ။
ငါ့အရေပြားတွေကို ကုပ်ဖဲ့လို့
ငါ့အသိဥာဏ်ကို ငါတူးယှက်ရှာ
အဲဒီသောင်ကမ်းတွေ ငါ့ဆီဆိုက်ရောက်မလာသေး
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။ ။
လမ်းတွေကို အရှည်ကြာဆုံးလျှောက်ခဲ့ရင်း
ငါ့အတောင်ပံနှစ်ဖက်ဟာ အိမ်ကိုလွမ်းလာပြီတဲ့
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။ ။
ခလုပ်ထိတယ် ဆူးငြိတယ်ဆိုတိုင်း
ခွန်အားဖြစ်အတိတ်ဆိုးတွေနှင့်
ကိုယ့်ကိုကိုယ်ပြန်မောင်းတင်နေရ
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။ ။
သားစိမ်းငါးစိမ်းရှာလွန်းလှတဲ့ ဟောဒီမြို့လေးမှာ
ရေနည်းရာ ငါးလာပက်ကြလွန်းလို့
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။ ။
ကိုယ်ကိုတိုင်ချိုးကွေ့ခဲ့တဲ့ ဒေါင့်ချိုးလမ်း
ငါနာတယ် ငါမျှော်လင့်တယ်
ငါငြီးတယ် ငါ့ဖြစ်တည်မှုကို ငါဖမ်းဆုပ်နေရတယ်
ငါရုန်းကန်တယ် ငါလွတ်မြောက်ချင်တယ်
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။ ။
ဖျားနာနေတဲ့ရာသီတွေဟာ ရှည်ကြာလွန်းလှချည့်
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။ ။
နာကျင်မှုတွေကြားက ငါ့ဝိဥာဉ်လေးဟာ
အဲဒီမှုတ်သုန်လေတွေထဲ ပေါက်ကွဲထွက်တော့မယ်
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။ ။
.............................
.............................
.............................
ဖုရားသခင် အကျွန်ုပ်ကို ကူညီဖို့
ဖုရားသခင်ထံမှာ အကျွန်ုပ်ဆုတောင်းနေရ
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။ ။
Showing posts with label ထိရှအက်ကွဲသံ. Show all posts
~ အိမ်ပြေး ~
ကိုယ့်လက်ကိုယ့်ခြေနှင့် အရာအားလုံးကို ဖန်တီးချင်တာ
ဒီလိုနှင့် ကျွန်တော်က အိမ်ပြေး ဖြစ်ခဲ့တယ် ။ ။
||| ငါ့ရဲ့နာနာကျင်လမ်းလေးဟာ နင်ပဲ အိမ့်ခရေ |||
လေပြေအသော့မှာ လွှင့်ဝဲသွားသလိုမျိုး
အရာရာဟာ ထိကပါး ယိကပါး ...
ပက်သက်သမျှဟာ ပါးလျှဝေဝါးသွားလိမ့်မယ်လို့
အထင်ရောက်ခဲ့တာ ငါမှားခဲ့ပြီလား အိမ့်ခရေ ။ ။
သူမလက်ကို ဆုပ်ချည်ဖြန့်ချည် လှုပ်ရှားမှုမှာ
ငါဟာ စွံ့ အ ငေးမောနေမိတယ်
တစ်ကယ်က သူမလက်ကြားကျွန်တော့ဘဝလေးပါသွားတာ
ကျွန်တော် မသိလဲမဟုတ် ................. ။
အစ အလယ် အဆုံး
ခပ်တင်းတင်းဆုပ်ကိုင်လို့
ထုံကျင်အားနှင့် မေ့ပျောက်သွားလိမ့်နိုး မျှော်လင့်ချက်နှင့်
ဘယ်ဘက်ရင်အုံကို ဖိဖိချေမိနေတယ် အိမ့်ခရေ ။ ။
နင်ဟာ နင့်ဘဝကိုရွေးချယ်လိုက်တဲ့ အချစ်မဲ့နက်သမီးပဲ အိမ့်ခရေ
တစ်ကယ်တော့ အိမ့်ခရေ
ငါက လေထဲမှာ အရုပ်ရေးခဲ့မိတဲ့သူ
ဘဝတွေအဆက်ဆက်ထက်ကျန်နေမလားလို့
အရုပ်ရေးမိတဲ့သူ ။ ။
တကယ်တော့ အိမ့်ခရေ
နင်က သေချာတဲ့ဘဝတစ်ခုကို
ဖမ်းဆုပ်လိုက်တဲ့ ဝိဉာဉ် ။ ။
ငါမြက်ခင်းစိမ်းစိမ်းတွေကို ရှပ်တိုက်ပြီးတွေးဖူးတယ်
ငါ့အတိတ်တွေကို ပွတ်သပ်ပြီးစဉ်းစားဖူးတယ်
နင်ပေးဖူးတဲ့ စာတစ်ရွတ်
ဆုပ်ချည် ဖြန့်ချည်ခဏခဏဖွင့်ဖတ်ဖူးတယ် ။ ။
နင့်နားသယ်စက ဆံပင်တွေကိုအတွေးနှင့်သပ်ချည်ဖူးတယ်
နင့်နှုတ်ခမ်းတစ်စုံကို ဖွဖွလေးသိမ်းထားဖို့စိတ်ကူးယဉ်ဖူးတယ်
နင့်လက်သွယ်သွယ်လေးကို တယုတယဖမ်းဆုပ်ဖို့ကြိုးစားဖူးတယ်
အိမ့်ခရေ ။ ။
တစ်ကယ်တော့နင်က သေချာတဲ့ဘဝတစ်ခုကိုပဲ
အမှန်ခြစ် ရွေးခြယ်သွားတဲ့ သူ
တစ်ကယ်တော့ ငါက ချစ်ခြင်းတရားကို
ငါ့တစ်ယောက်ထဲ သွေးသန်ရဲရဲချရေးမိတဲ့သူ ။ ။
နင်မထင်ထားတဲ့ ဒဏ်ရာက နက်ခနဲထတောက်နေတာ ခနခနပဲ အိမ့်ခရေ
ထိရှလွယ်တာလဲမပြောနှင့်လေ ...
ထိခဲ့တဲ့ဓါးသွားကို ပြန်ကြည့်လိုက်
အမြင်နှင့်ကို မြည့်လို့ ၊ မြှလို့ ။ ။
အိမ့်ခရေ ......
နင့်အတွက်တော့ မျက်စ တစ်ပြစ်စာ
ငါ့အတွက်တော့ တစ်ရာသီစာဟင်းလင်းပေါက်ဖြစ်သွားတာ
ငါ့မှာ ... နာ ... ကျင် ...... ပျက် ...... လျှ ........ လို့ ။
ငါ့မှာတော့ ငါ့ကံကြံမ္မာကို ငါဖိဖိပွတ်လို့
နင်ငါ့ကိုစွင့်ခွာသွားတာကို ဖြေဖြောက်ဖို့
အပန်းတကြီးကြိုးစားနေရတာ
အိမ့်ခရေ.... .... ။
ငါသိလိုက်ပြီ ... အိမ့်ခရေ
ငါ့လျှာခင်ကို ခြောက်ကပ်ကပ်ပွတ်သပ်ရင်း
ငါသိလိုက်ပြီ .. .. အိမ့်ခရေ
တစ်ကယ်တမ်းတော့ ...
ချစ်ခြင်းဆိုင်ရာ သစ္စာတရားဟာ တစ်လောကလုံးသိအောင်
နှုတ်တစ်ဖွဖွ ဖွင့်ပြဖို့လိုတယ်ဆိုတာ ... ။
ငါပြောချင်တာက
ငါခိုးခိုးနမ်းချင်နေမိတဲ့ နင့်ရင်ညွန့်လေးကို
လွမ်းတယ် ..... အိမ့်ခရေ ။ ။
ငါပြောချင်တာက
ငါမပြောပဲနင့်ဘယ်ဘက်ရင်အုံအောက်ကို
ဝှက်ထည့်လိုက်တဲ့ ငါ့အနာဂါတ်
နင်မသိလိုက်ပဲ ကြေသွားခံရတာ ။ ။
ငါပြောချင်တာက
ငါရည်ရွယ်ပြီး ဝယ်ခဲ့တဲ့ လက်စွပ်လေးတစ်ခု
ငါ့လက်သန်းကြွယ်ကို ငါပြန်ဝတ်လိုက်ရတာကိုပဲ
အိမ့်ခရေ ................ ။ ။
ငါပြောချင်တာက ...............
ငါ ............
ခုချိန်ထိ ..............
ပျက်ရှနာက စူးကနဲ ............ စူးကနဲ ............ ။ ။
~ အပိုင်းအစ ~
တစ်သိမ့်သိမ့်ဖြတ်သွားတဲ့ စမ်းချောင်းလေးကို
ကျွန်တော့်လက်နှင့်ဖမ်းဆယ်တယ်
ကြယ်စင်တွေရဲ့ အလင်းတစ်ချို့ပဲ ပြန်ရခဲ့တယ် ။ ။
ဘဝကို အလျှင်စလိုဇာတ်ညွန်းရေးချင်နေမိတဲ့ ကျွန်တော်က
သူမဝိဥာဉ်နှင့် တစ်ဘဝလုံးကိုထိခတ်မြည်တမ်းပြစ်ချင်လို့ပဲ ။ ။
ငါမမှားလောက်ပါဘူး အိမ့်ခရေ .............
အဲဒီလိုပြန်ပြန်တွေးရင်း မင်းနှုတ်ခမ်းစပ်ပေါ်က
မှည့်ရေးရေးလေးတွေကြားထဲ ငါဖြတ်ဖြတ်လျှောက်တယ် ။ ။
မိုးဇက်
~ အကြေ ~
ကျွန်တော်လဲ ငေးတယ် သူမလဲငေးနေတယ် ။ ။
အဲဒီရေတွေဘာလို့ငြိမ်သက်နေတာလဲလို့
အကြောင်းမဲ့တွေးရင်းငေးတယ် ။ ။
သူမလဲတွေးတယ် ကျွန်တော်လဲတွေးတယ် ။ ။
အဲဒီအချိန်ငါဒုက္ခရောက်နေတုန်းက နင်ဘယ်ရောက်နေလဲလို့
အသံတစ်စက်မထွက်ပဲ သူမတွေးတယ် ။ ။
ကျွန်တော်လဲပြုံးတယ် သူမလဲပြုံးနေတယ် ။ ။
ကျင်သွားတဲ့ဘယ်ဘက်ရင်အုံကို ပွတ်သပ်ထွက်လာတဲ့အပြုံးနှင့်
နိုင်စားတတ်တဲ့ဧကရီမတစ်ပါးကဲ့သို့ သူမရဲ့အဝါရောင်လှဲ့နေတဲ့အပြုံး
တစ်ယောက်ကျောကို တစ်ယောက်ဖောက်ထွက်သွားအောင်ပြုံးပြစ်ကြတယ် ။ ။
.....
အဲဒီနေ့က လိမ်နေတာကိုလိမ်နေမှန်းမသိတဲ့လူတစ်ယောက်ဖြစ်အောင်
အလိမ်ခံရင်းသူမကိုပြန်လိမ်ပြနေရတာ အရမ်းကြီးကိုပင်ပန်းတယ်
" စင်သီယာ "
........
နင်မရှိတော့တဲ့ ငါ့ပစ္စပ္ပာန်ဟာ ဘယ်သူ့ဘယ်သူကို
အပြစ်ဖို့ရမလဲလို့ စိတ်ရိုင်းတွေဝင်ရင်း
ငါမကိုင်ဖူးတဲ့ နင့်လက်လေး
ငါမျှော်လင့်ခဲ့ဖူးတဲ့ နင့်လက်သန်းကြွယ်လေး
အိမ်မက်ဆိုးတစ်ခုဖြစ်ပါစေလို့ ဆုအထပ်ထပ်တောင်းရင်း
အဲဒီဓါတ်ပုံလေးကိုထုတ်ကြည့်
ငါ့အမြင်တွေဝါးဝါးကုန်တာ ဘာဖြစ်လို့လဲ
.....................
" စင်သီယာ "
- မိသားစု -
အိမ်မက် မက်တယ်
ဖေဖေရယ် မေမေရယ်
ကိုကြီးနှင့် ကိုလတ်ရယ်
ညီမလေးနှင့်အစ်မရယ်
ဆောင်းညတစ်ညရဲ့ မီးလင်းဖိုလေးဘေးမှာ
နွေးထွေးတဲ့စကားလုံးတွေ ချခင်း
တစ်ယောက်အပြုံးကို တစ်ယောက်သဲ့ယူလို့ ............. ။ ။
နွေဒိုင်ယာရီကြားညပ်နေတဲ့ ပိတောက်ပန်းခြောက်
နင့်ကိုယ်လုံးရေစိုစိုနှင့် ငါ့ကိုယ်လုံးရေစိုစို
ရေဖလားတစ်လုံးကို အတူတူလုပြီး
ရေလောင်းပြိုင်ကြတာမှတ်မိသေးတယ် စင်သီယာ ။ ။
အိမ်ဘေးက ပိတောက်ပင်ကတစ်ခတ်ကိုခူး
နင့်နားသယ်စကို ထိုးအစိုက်
ငါ့လက်ကို ဖွဖွဆုပ်ကိုင်ပြီး
" နင်ကလဲ ဘာမှန်းမသိဘူး " လို့ တိုးတိုးရွတ်
ရှက်သွေးပြုံးတွေ ဝတ်လစ်စတစ်ဖြစ်ကုန်တာ
ငါမှတ်မိတယ် စင်သီယာ ။ ။
အခုတော့
ခြောက်နှစ်ကျော်ကြာ သင်္ကြန်နှင့်မျက်နှာခြင်းမဆိုင်ဖြစ်ခဲ့တဲ့ငါ
ဒိုင်ယာရီစာအုပ်ထဲက ပိတောက်ပန်းအခြောက်လေးကို
ထုတ်ထုတ်ကြည့် ဟောဒီတစ်နွေလဲ
ချောက်သွေ့စွာဖြတ်သန်းရအုန်းမယ် စင်သီယာ ။ ။
အရာအားလုံးဟာ ပြည့်စုံနေမှာ
နင့်လက်ချောင်းသွယ်သွယ်လေးတွေဟာ နွေဦးပေါက်နေရောင်အောက်မှာ
ငါ့အိမ်မက်တွေအစုန်အဆန်ကူးခတ်ရာ
နင့်ပါးချိုင့် ပါးပါးလေးကိုလဲ ခိုးသိမ်းထားမိတာ
ကိုယ့်ကိုနားလည်ပေးပါ စင်သီယာ
အချစ်ကို ဘယ်လိုသက်မှတ်လဲ စင်သီယာ
ဒါဟာ တစ်ယောက်ဘဝကို တစ်ယောက်ဆိုတာထက်
တစ်ယောက်နှလုံးသားကို တစ်ယောက်ဖောက်ထုတ်ကြည့်တာလို့ထင်တယ်စင်သီယာ
" စင်သီယာ "
အဲဒီညနေစောင်းလေးမှာပဲ
နင့်နာမည်ကို ခနခနအော်ခေါ်နေမိတယ်
ဒါပေမယ့် ဘယ်သူမှမကြားနိုင်တဲ့ အသံနှင့်ပေါ့
နင်ရောကြားမိမယ်လို့ ငါမထင်ဘူးလေ ။ ။
နင့်ဆံပင်ရှည်တွေကို ဖြန့်ချထားပါစင်သီယာ
လေတွေက နွေဦးပေါက်မှာ သိပ်သရမ်းတာပဲမို့လား
အဲဒီလို တဖြတ်ဖြတ်လွင့်နေတဲ့ နင့်ဆံစလေးတွေရယ်
လူသံတွေတိတ်ဆိတ်နေတဲ့ လမ်းလေးရယ်
စိတ်လွတ်ကိုယ်လွတ် တချွင်ချွင်ရည်/ရီမောနေတဲ့ နင့်အပြုံးနုနုလေးရယ်ကို ငါငေးကြည့်ချင်လို့
ပြီးတော့ ဟိုးဘက်က ကမ်းခြေဆီကို နင့်လက်ချောင်းသွယ်သွယ်လေးတွေကို ဖွဖွဆုပ်ပြီး လမ်းလျှောက်ကြမယ်လေ
အဲဒီမှာ သိပ်လေးလွန်းတဲ့ ငါတို့ဖိနပ်တွေကို ချွတ်ခဲ့မယ်
ဟိတ်ကြီးဟန်ကြီးနိုင်လွန်းတဲ့ အပေါ်ယုံတွေကို ဖြေချခဲ့မယ်
ပြီးတော့ အေးမြနေတဲ့ ခပ်စက်စက်ရေသောင်တွေကြား တို့ခြေချောင်းလေးတွေဖြတ်ပြေးကြမယ် စင်သီယာ
ဘာဆိုဘာမှ မသယ်လာခဲ့ပါနှင့်စင်သီယာ
အရာအားလုံးဟာ ပြီးပြည့်စုံနေမှာ အသေအခြာ ။ ။
မိုးဇက်
ကျိမ်စာ
ငါမပျော်တဲ့အရပ်မှာ နင်ပျော်ပါစေ ။ ။
နှင်းရိပ်မိသော တနင်္ဂနွေ
ဒီဇင်ဘာတဲ့လား ကောင်မလေးရေ
တနင်္ဂနွေတခါးတွေကို ဆွဲဆွဲဖွင့်တိုင်း
နှင်းစက်တွေပဲ ငါ့ရင်ဘက်ကို လာလာခါချခံရတယ် ။ ။
ကျွန်တော်
စိတ်တေလေကို သင်းကွပ်မိသူပါ ။
သူမ
ကျွန်မ နေသားတကျပြန်ထားခဲ့မယ် ဆိုပြီး
ဘယ်ဘက်ရင်အုံထဲ ထိုးထည့်သွားတာ
ကျွန်တော့နံရိုး မဟုတ်ဘူးဗျ ။ ။
ကျွန်တော်
လုံးကြီးပေါက်လှ အတွေးတွေကို
ခနခနအိမ်မက်မက်နေသူ။ ။
ကျွန်တော်
ကိုင်းခတ် ရွတ်ပွင့်တွေဝေဝေဆာဆာနှင့်
တည်ငြိမ်ရင့်ကျတ်တဲ့ သစ်ပင်ကြီးဖြစ်ချင်တာဗျ ။ ။
သူမ
သူမဟာ ကျွန်တော့အလွမ်းတွေကို မျိုးပွားစေသော သတ္တဝါတစ်ကောင် ။ ။
ကျွန်တော်
ကျွန်းတစ်ကျွန်းကို နှလုံးလမ်းကြောင်းပေါ်တင်ပြီး
ကျွန်တော်
ဘုရားသခင်အား ချစ်ခြင်းတရားအကြောင်း
စောဒကတတ်မိသဖြင့် သစ္စာတရားတို့ရဲ့
ဝိုင်းပယ်ခြင်းခံရသူ ။ ။
ကျွန်တော်
လေးဘက်လေးတန်
မီးချောင်းတွေ ကြားမှာ
တစ်ယောက်ထဲ တွဲကနေတာ