ငါမပျော်တဲ့အရပ်မှာ နင်ပျော်ပါစေ ။ ။
Archive for 2013
နှင်းရိပ်မိသော တနင်္ဂနွေ
ဒီဇင်ဘာတဲ့လား ကောင်မလေးရေ
တနင်္ဂနွေတခါးတွေကို ဆွဲဆွဲဖွင့်တိုင်း
နှင်းစက်တွေပဲ ငါ့ရင်ဘက်ကို လာလာခါချခံရတယ် ။ ။
ကျွန်တော်
စိတ်တေလေကို သင်းကွပ်မိသူပါ ။
သူမဟာ ကြယ်တစ်ပွင့်လို မိုင်နှုန်းနှင့်လာပြီး အလင်းနှစ်အားဖြင့်ထွက်ခွာသွား
မီးဇာကုန်ကာနီးမှ အလင်းရဲ့တန်ဖိုးကို သိသလိုမျိုး
နှင်းတွေရင့်မှဲ့ချိန်ရောက်မှ နွေဦးရဲ့နွေးထွေးမှုကို ငတ်မွတ်သလိုမျိုး
သူမထွတ်ခွာသွားချိန်မှ ချစ်နေကြောင်း နက်ရှိုင်းစွာ မင်းခံစားမိလိမ့်မယ် ။ ။
အပေါ်ယံတွန့်ကွေးအပြုံးတွေအကြောင်း လူ့တောသူတောထဲမှာ ထိတွေ့နားလည်လာပြီး
မင်းအိမ်ကို လွမ်းနေလွန်းအားကြီးသွားမှ
ခရီး/လမ်း တွေကို မင်းမုန်းလိမ့်မယ် ။ ။
ဟော .........
မင်းသောက်နေတဲ့ ရေခဲတွေသီးနေတဲ့ဖန်ခွတ်အောက်ခြေမှာ ကြယ်လေးလင်းလို့ ။ ။
ဟုတ်တယ်
ဟုတ်တယ် ..... မင်းပုံဖော်ထုဆစ်နေတဲ့ အိမ်မက်တစ်ခု တောက်ပလာတာပဲ ။ ။
ဒါပေမယ့်
ပုံဖော်ထုဆစ်ရတာ ခတ်ခဲကြန့်ကြာသလောက်
ပိုင်ဆိုင်ထိတွေ့မှုအချိန်က ကုန်ဆုံးတာသိပ်မြန်လွန်းတယ် ။ ။
မင်းမျက်လုံးတွေကို ဖြေးဖြေးသက်သာပိတ်လိုက်တဲ့ အချိန်မှာ သူမကို မြင်ရလိမ့်မယ်
ဘာကြောင့်လဲဆိုတာ တစ်နေ့ မင်းသိလာလိမ့်မယ် ။ ။
ထိတွေ့သမျှအရာအားလုံးဟာ သင်္ခါရသိပ်စံတယ်
ဟိုးအမှောင်ရဲ့ ခေါင်မိုးစွန်းမှာ ကြယ်လေးလင်းလတ်နေတာကိုခြေပြစ်လက်ပြစ်ထိုင်ကြည့်လိုက်စမ်းပါ
မင်းနှလုံးသားထဲမှာ ဟိုးကလေးဘဝကအတိုင်း ဟာလာဟင်းလင်းပွင့်ကျသွားအောင်ထိုင်ကြည့်လိုက်စမ်းပါ ......
ချစ်ခြင်းတရားဟာတဖြည်းဖြည်း ချည်းကပ်လာပြီး
မင်းကိုလက်ပြထွတ်ခွာသွားတာ သိပ်မြန်တယ်လေ ။ ။
ငါပြောမယ်
မင်း အိပ်ပျော်နေတဲ့ အချိန် သူမကို
မမှိတ်မသုံ စူးလျှလျှ တိမ်းတမ်းညွတ်ညွတ် ကြည့်နေလိုက်ပါ ။
ဒါပေမယ့် ဘယ်တော့မှ မထိ မတွေ့ပါနှင့်
ဘာကြောင့်ဆို မင်းက သူမကို အရမ်းချစ်ပြီး အရမ်းအလေးအနက်ထားလို့ပေါ့
ဒါဟာ အိမ်မက်ဆိုတာ မင်းသိလိုက်ပါ ။ ။
သူမ
ကျွန်မ နေသားတကျပြန်ထားခဲ့မယ် ဆိုပြီး
ဘယ်ဘက်ရင်အုံထဲ ထိုးထည့်သွားတာ
ကျွန်တော့နံရိုး မဟုတ်ဘူးဗျ ။ ။
ကျွန်တော်
လုံးကြီးပေါက်လှ အတွေးတွေကို
ခနခနအိမ်မက်မက်နေသူ။ ။
ကျွန်တော်
ကိုင်းခတ် ရွတ်ပွင့်တွေဝေဝေဆာဆာနှင့်
တည်ငြိမ်ရင့်ကျတ်တဲ့ သစ်ပင်ကြီးဖြစ်ချင်တာဗျ ။ ။
သူမ
သူမဟာ ကျွန်တော့အလွမ်းတွေကို မျိုးပွားစေသော သတ္တဝါတစ်ကောင် ။ ။
ကျွန်တော်
ကျွန်းတစ်ကျွန်းကို နှလုံးလမ်းကြောင်းပေါ်တင်ပြီး
ကျွန်တော်
ဘုရားသခင်အား ချစ်ခြင်းတရားအကြောင်း
စောဒကတတ်မိသဖြင့် သစ္စာတရားတို့ရဲ့
ဝိုင်းပယ်ခြင်းခံရသူ ။ ။
ကျွန်တော်
လေးဘက်လေးတန်
မီးချောင်းတွေ ကြားမှာ
တစ်ယောက်ထဲ တွဲကနေတာ
သိမ်ငယ်မှု / ၁
ဘယ်သူ့ဘယ်သူမှ မကယ်နိုင်
ကိုယ့်အပူမီးနှင့်ကို အောက်စသိမ်းနေကြ
နောက်ဆုံး
ကိုယ်ကိုးကွယ်ရာ ဘာသာတရားကို
ကမူးရူးထိုး ဆုပ်ကိုင်မိတယ်
ဘာသာတရားဟာ သိမ်ငယ်သွားပေါ့ ။ ။
Plz , Give to me your Bless
တဖြုတ်ဖြုတ်ကျွေကြသွားတဲ့ မျှော်လင့်သမျှတို့
တရွတ်စီလိုက်ကောက်နေရတာ မောလှတယ်
အလွမ်းတွေကလဲ ဟိုးလေးတစ်ကျော်အော်ဟစ်လို့
သူမရှိရာ အရပ်ကိုတိုးဝင်တယ်
သန့်ရှင်းလပ်ဆက်လွန်းတဲ့ စိတ်ဝိဥာဉ်နှင့်
မြင့်မြတ်မှုတွေ ထုံမွန်းထားခံရတဲ့ သခင်မ မာရီယာ
လိုက်လေဝေးလေ ငါ့စိတ်ကူးအိမ်မက်တွေက
လေထဲများ တိုက်အိမ်ဆောက်သလိုဖြစ်သွားပြီလား ??
စွန်းထင်းသွားတဲ့ အနာတရတွေနှင့်
နင့်အနားကိုလာဖို့ မဝံ့ရဲစိတ်တွေက
ငါ့ကိုယ်ခန္ဓာ တမြိုက်မြိုက်လောင်တယ် သခင်မ မာရီယာ
ဘယ်ဘာသာစကားနှင့် ဖွဲ့တည်ရမှန်းမသိတော့
အမှန်တရားတွေကို ကျုပ်ဖြောက်ထားလိုက်တယ်
နာခံမည့်နှလုံးသားမရှိသလိုမျိုး
ခပ်ရိုင်းရိုင်းလွင်ပြင်ထဲ ကျီးထိုးခွေးစားသက်မှတ်ချက်နှင့်
စိတ်တေလေကို လွတ်ချလိုက်တယ်
မှုတ်သုံလေဦးလိုပဲ ငါ့ဝိဥာဉ်ဟာ ဝဲလို့
အို..........
ဘဝပေါင်းများစွာရဲ့ စေစားရာ
သခင်မ မာရီယာ
အလေအလွင့်တစ်ကောင်ရဲ့ အနာဂါတ်ကို အရောင်တင်ပေးပါ ။ ။
" ဓါး "
ခုတ်တော့ ခုတ်လိုက်တာပဲ
ဒါပေမယ့်
ကိုယ့်ကိုကိုယ် ပြန်ထိတယ် .....
ပြီးတော့ သူ့ကိုယ်သူ ညည်းတွားတယ်
" ခင်ဗျားတို့အသွေးအသားတွေရဲ့
မောဟ အညှီနံ့ တွေက ကျုပ်ဇွယ်ကို အဖျားခေါက်စေတယ်ဗျာ "
အဲဒီနောက် စုတ်တသက်သက်နှင့်
ကိုယ့်ဓါးအိမ်ထဲကို ပြန်ဝင်သွားတယ်
ဓါး .....
သူမ ဆုံးဖြတ်ချက် သိပ်မှန်လွန်းတော့လဲ ကျွန်တော့ ဘဝလေး ပါးလျှခဲ့
အဲဒီနေ့တွေထဲကို ကျွန်တော်က စိတ်လွတ်ကိုယ်လွတ်
ပျော်ဝင်ပြစ်လိုက်တိုင်း
မျက်လုံးတွေ စုံလုံးကန်းခဲ့ပေါ့ ။ ။
နှင်းပျိုမေ
တိုးတိုးဖွဖွလေး ရွတ်နေတဲ့ နှုတ်ခမ်းတစ်စုံ
ခြောက်ကပ်မသွားခင် သူမထွက်ခွာသွားတယ် ။ ။
သူမ တစ်ခွန်းမှ ပြောမသွားဖူး
ဒါပေမယ့် တိတ်ဆိတ်စွာပြုမူသွားခြင်းက
နှလုံးသားကို ခပ်စပ်စပ်မသေမခြင်းရိုက်နေသလိုမျိုး
သူမ မျက်ဝန်းပင့်အကြည့်မှာ
အဲဒီနေ့ရဲ့ နေဝင်ချိန်ဟာ ပျော့တွဲညွတ်ကျသွားတာများ
ကျွန်တော့ရင်ဘက်တစ်ခုလုံး မိုးစုန်းစုန်းချုပ်တယ် ။ ။
ဆုံနိုင်ခွင့်နည်းလွန်းတယ်ဆိုတဲ့ အကြောင်းပြချက်နှင့်
လမ်းခွဲစာချုပ်မှာ လက်မှတ်ထိုးသွားတာ
ရဲတင်းလိုက်တာ ............
နင် မှန် ပါတယ် နှင်းပျိုမေ
နင် မှန် ပါတယ် နှင်းပျိုမေ
နင် မှန် ပါတယ် နှင်းပျိုမေ
နင်စွန့်ခွာသွားတာ အိမ်မက်မဟုတ်ဘူးဆိုတာ သေချာဖို့
ဘယ်နှစ်ကြိမ်မှန်းမသိအောင်ကို ရွတ်နေမိတာ
ရင်ဘက်တွေကို တုန်ရင်လို့ .......... ။ ။
နှင်းပျိုမေ
အဲဒီနေ့တွေကို ပြန်တွေးမိတိုင်း
ငါ့မျက်လုံးတွေ စုံလုံးကန်းခဲ့ပေါ့ ။ ။
ထွက်သက်ငင် အိမ်မက် တစ်စင်း
အနမ်းတစ်ခုမှ စားသုံးမှု မရှိပဲ
အလွမ်းတွေကို ဆွဲဖွင့်လိုက်တယ်
နင်ကနဲ ၊ နင့်ကနဲ
အာခေါင်တွေအထဲထိရောက်အောင်
အရိပ်တွေ စိုက်ချပြစ်လိုက်တယ် ...
အမှောင် ၊ ပိန်းပိတ်လို့
ကောင်းကင်က မူလအတိုင်းပြာခဲ့ပေမယ့်
ရှုထောင့်ချင်းမှ မတူကြတာ
တခမ်းတနား ဒဏ်ရာတွေကို
ဆေးရောင်လှလှချယ်လို့
အာရုဏ်အကျင်းကို အခမ်းအနားနှင့်
ကြိုဆိုတယ် ......
ဆိုခဲစေ မြဲခဲစေ
ချစ်ခြင်းတရား ရင်ဘက်ထဲမြဲစေသား
ဆုတွေ ကျစ်ကျစ်ပါအောင် ဆုတောင်းတယ် ။ ။
လွင်တီးခေါင် ကိုဖြတ်နေရတဲ့ရေ
ဖြူလျှော့လျှော့ အပြုံးတစ်ဝက်ဟာ
ထောင့်ပြုန်းနေတဲ့
တြိဂံလိုပဲ
ခပ်ယဲ့ယဲ့..
ငါ၏ခါးကို မတ်အောင်မထားနိုင်မှတော့
ခေါင်းကိုရိုက်မချပါနှင့်
ခွေညွတ်လုလု ဟောဒီဒူး
မိတ်ဆွေတို့ တူးမည့်ကျွင်းထဲ
ငါ့ “ အိမ်မက် ” ကို ဂူသွင်းသဂြိုလ်လိုက်ပါ ။ ။
ကျွန်မက မောင်နှင့်ပက်သက်လာရင် ကိုယ့်ကိုကိုယ် အလန့်တကြားဖြစ်မိတယ်
ဟောဒီအချိန်ဆို ညင်ညင်သာသာလေး
ကျွန်မပါးကို လာနမ်းနေကြလေ ။ ။
ကျွန်မ မမြင်နိုင်တဲ့ တခြားဘက်မှာ
မောင်တစ်ယောက် အဆင်ကောပြေပါ့မလားဆိုတဲ့
စိုးရိမ်စိတ်တွေနှင့် နေ့ရက်အတော်များများ
ဗလုံးဗထွေးကျော်ဖြတ်နေရ
ကျွန်မက မောင်နှင့်ပက်သက်လာရင် သိပ်စိုးရိမ်တတ်ခဲ့
.... .....
ကျွန်မသိပ်ချစ်ရသော မောင်ရေ
မောင်က တစ်ခါတစ်လေ အထိအရှမခံဘူးလေ
ကျွန်မသိပ်ချစ်ရသော မောင်ရေ
မောင်က ဘာမဟုတ်တာလေးတစ်ခုနှင့်
စစ်စစ်ပေါက်ပေါက် ထ ဖျားရင်လဲ ဖျားတတ်တယ်
ကျွန်မသိပ်ချစ်ရသော မောင်ရေ
မောင့်ရင်ထဲ ပြင်းပြင်းရှရှနာကျင်မှုတစ်ခုရှိတိုင်း
တစ်ယောက်ထဲကျိတ်ခံစားတတ်လားတတ်ရဲ့
ကျွန်မသိပ်ချစ်ရသော မောင်ရေ
ကျွန်မက မောင်နှင့်ပက်သက်လာရင် သိပ်စိုးရိမ်တတ်ခဲ့
... ....
ကျွန်မသိပ်ချစ်ရသော မောင်ရေ
မောင့်အကြောင်းတွေးမိတိုင်း
ကျွန်မရင်ဘက်ထဲ နွေးနွေးလျှလျှ ။
အို............
ကြည့်စမ်း အိမ်ရှေ့ဝက်သစ်ချပင်ကြီး
ရွတ်သစ်တို့အဝေ
“ ဟောဒီ ဝက်သစ်ချပင်ကြီးလောက် ချစ်တယ် ”
ကျွန်မအပြော မောင့်အပြုံးတစ်ချက်လက်သွားတာ
ပြန်သတိတရ မူးမောသွားပါဘိ ။
ကျွန်မသိပ်ချစ်ရသော မောင်ရေ
ကျွန်မမမြင်နိုင်တဲ့ တစ်နေရာမှာ
ဂရုစိုက်ပါမောင် ..
ကျွန်မက မောင်နှင့်ပက်သက်လာရင် သိပ်စိုးရိမ်တတ်ခဲ့
..... ....
ဟောဒီနှင်းပွင့်တွေ ဖားဖားလျှလျှကျတဲ့ညတစ်ညကို မှတ်မိလားမောင်
ဟောဒီလက်စသိမ်းနေဆဲ သုံးကြိုးစပ် မာဖလာ လေးကိုမှတ်မိလားမောင်
ဟောဒီဘယ်ဘက်ရင်အုံ အချင်းချင်း
ရမ္မက်တွေရုံးရင်းဆန်ခတ် ကကွက်ညီခဲ့တဲ့ ညတစ်ညကိုမှတ်မိလားမောင်
ကျွန်မသိပ်ချစ်ရသော မောင်ရေ
ကျွန်မက မောင်နှင့်ပက်သက်လာရင် သိပ်လွမ်းတတ်နေပီ
.... ...
ကျွန်မလေ မောင်နှင့်ပက်သက်လာမှ
ကလေးတစ်ယောက်လို ဆိုးနွဲ့အနိုင်ယူတတ်မှုကို
ကျွန်မ လက်လွတ်စပယ် ကျေနပ်နေတတ်ခဲ့
ကျွန်မ အပေါ်ကြိတ်ပီး ခပ်တင်းတင်းသဝန်တိုတတ်မှုကို
ကျွန်မ လက်လွတ်စပယ် ကျေနပ်နေတတ်ခဲ့
တတ်ရောင်ကားနှင့် ဆရာဝင်လုပ်သွားတတ်မှုကို
ကျွန်မ လက်လွတ်စပယ် ကျေနပ်နေတတ်ခဲ့
..... ....
ကျွန်မသိပ်ချစ်ရသော မောင်ရေ
ကျွန်မက မောင်နှင့်ပက်သက်လာရင် အရာအားလုံးကို ချစ်တတ်လာခဲ့
ချယ်ရီပန်းတွေလို အခိုင်ခိုင် ပွင့်ခဲနေသလိုမျိုး
မြိုင်မြိုင်ဆိုင်ဆိုင်ကြီးချစ်မိခဲ့
ထင်းရှုးရွတ်ပေါ် ဆောင်းဦးနှင်းကြွေသလိုမျိုး
ဖွဖွရွရွလေး ချစ်မိခဲ့
အို .........
ကျွန်မက မောင်နှင့်ပက်သက်သမျှ အရာအားလုံးကို ချစ်မိခဲ့
ဟုတ်တယ်
ပိုင်ဆိုင်လိုမှု ကင်းတဲ့ချစ်ခြင်းမျိုးနှင့်
မောင့်ကို ချစ်နေမိတဲ့ ကျွန်မကိုကျွန်မလဲ
ထိတ်လန့်တကြား အံ့သြမိတယ် မောင် ... ။ ။
ခြေထောက်ပေါက်ပြဲနေသော အိမ်မက်များ ၂
လမ်းတွေဟာ ဘယ်တုန်းကမှ ကျုပ်တို့ရှေ့ကို
ဟပ်ချလောင်းအော်ပြီး လမ်းရဲ့ဘဝကို ခင်းကျင်းမပေးခဲ့ဘူးဘူး .........
ဘယ်နားမှာလဲ ငါ့နာကျင်မှုတွေဖြေသိမ့်ပေးမယ့်ချစ်သူလက်တစ်စုံ
ဘယ်ဘက်မှာလား ညာဘက်မှာလား င့ါအခန်းဒေါင့်မှာလား
ငါ့ဘီရိုထဲမှာလား ငါ့ခေါင်းအုံးအောက်မှာလား
ဟင့်အင်း လေထဲမှာပဲလေ ........
ဘာပဲဖြစ်ဖြစ် ထစ်ခနဲရှိ ကိုယ့်အမှားပဲလို့
ကိုယ့်ဘာသာကိုယ် အစပြန်ပြန်ထုတ်တတ်တဲ့
ဟောဒီကောင်တော့ ခုချိန်ထိ
အဲဒီထစ်ခနဲ ထစ်ခနဲပြသနာတွေကြား
ချောင်ပိတ်မိနေတုန်း ............
ဒီလိုနှင့် လဲကျခဲ့တာကို သာမညလို့မှတ်ပြီး
ပြန်လည်ထူထခြင်းဆိုတဲ့ အဓိက တရားကို
လက်ထဲမှာ ဆွဲမြဲအောင်ကိုင်ထားရုံပါပဲ
အဲဒီအဆင့်ကိုမကျော်နိုင်သေးဘူး ..........
“ မာရီယာ ”
တစ်ခွန်းထဲပါပဲ တစ်ခွန်းထဲ
အဲဒီအထဲမှာ စိတ်ညစ်စရာမယူသွားဘူး
ဝမ်းနည်းစရာတွေကြားညပ်မပေးဘူး
အဲဒီအထဲမှာ အဖြူရောင်တွေဒင်းကြမ်းသုပ်လိမ်းထားတယ်
အမြဲတမ်းခေါ်တယ် တစ်ခွန်းထဲ
“ မာရီယာ ”
ဟုတ်ပီလေဗျာ အိမ်ပြေးတစ်ယောက်ရဲ့ ခြေထောက်တွေ
ဘယ်လောက်ဗွတ်ပေနေနေလေ နောက်ဆုံးတော့
မေမေ ကိုယ်တိုင်ပဲ ဆေးကြောသန့်စင်ပေးရတာ ..............
နှင်းတွေကြားထဲမှာ ငါ့ကိုထားမခဲ့ပါနှင့် ဆိုဖီယာ
ဒီမယ်လေ ဆိုဖီယာ
ဟောဒီမယ် ငါ့ရဲ့အိမ်ရှေ့ပန်းတွေတောင်
အရွယ်ရောက်ကုန်ပြီ
နင်ပြန်မလာသေးဘူး ...............
ဒီမယ်လေ ဆိုဖီယာ
လှတပတမှတ်တမ်းစာအုပ်ထဲမှာ
ငါ့ဖောင်တိန် အနက်ရောင်လေး
မီးဇာကုန်ရေခန်းတော့မယ်
နင်ပြန်မလာသေးဘူး ................
ဒီမယ်လေ ဆိုဖီယာ
နင်နှင့်ငါ..........
နင်နှင့်ငါ ဆိုတဲ့နောက်မှာ မထွက်ဆိုဖြစ်တဲ့
အဓိပ္ပါယ်တွေကို တိတ်တိတ်လေး
တစ်ယောက်ထဲ ဘာသာပြန်နေမိတယ်
တိုးတိုးလေး .............
ကိုယ့်ရဲ့ဆိုဖီယာ
နှင်းပွင့်တွေ မကြွေခင် နင် ပြန်လာပါ
ဆိုဖီယာ